ကျင့်ထုံး နှစ်ခု ၊ သံယောင်လိုက်မှု

ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ အလွှာနှစ်ထပ်ရှိသည်။ ထိပ်ပိုင်းအလွှာနှင့် အောက်ပိုင်းအလွှာဟူ၍ ဖြစ်သည်။ ထိပ်ပိုင်းသည် ခေါင်းဆောင်မှုဖြစ်ပြီး၊ အောက်ပိုင်းအလွှာမှာ လူထုဖြစ်သည်။ ဒီမိုကရေစီသဘော တရားသည် ထိပ်ပိုင်းမှာတင် ကွက်ပြီး ပျံ့နေလို့ မရ။ အောက်ပိုင်းမှာလည်း ကျယ်ပြန့်စွာ နှံ့စပ်နေရမည်။ အောက်ခြေဒီမိုကရေစီကျင့်ထုံးများကို ချဲ့ရမည်။ သို့အတွက် ပြည်သူပါဝင်မှုကို မြှင့်တင်ရမည်ဟု ဟောသည်။ ဤနေရာတွင် ‘မည်သည့်နေရာ၌ ပါဝင်ရမည်နည်း’ ဆိုသည့် မေးခွန်းပေါ်လာသည်။...