နိုင်ငံရေးသမား

နိုင်ငံရေးသမားအတွက် ကျောင်းရှိသလား…. အာဏာရဖို့အတွက် ရည်ရွယ်ပြီး လုပ်တဲ့ နိုင်ငံရေးသတ္တဝါတိုင်းကို နိုင်ငံရေးသမားလို့ ယေဘုယျသတ်မှတ်လို့ ရပါတယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက် လေ့လာစရာ၊ သင်ယူစရာ ကွင်းဟာ ဘာဖြစ်နိုင်ပါသလဲ။ နိုင်ငံရေးသမားတစ်ယောက်အဖို့ လူ့အရေးအရာကိစ္စတိုင်းဟာ လေ့လာသင်ယူစရာတွေချည်းပါပဲ။ လူနဲ့ ဆက်စပ်နေတဲ့ မြေကိစ္စတွေဟာ လေ့လာစရာတွေချည်းပါပဲ။ လူနဲ့မြေကို ပေါင်းထားတဲ့ နိုင်ငံ့အရေးအရာကိစ္စ တွေဟာ လေ့လာသင်ယူစရာတွေ ဖြစ်ပါတယ်။ လူနဲ့မြေကြီးကိစ္စတွေကို စီမံခန့်ခွဲတဲ့ အစိုးရကိစ္စ၊...