ကျင့်ထုံးပျက် လူ့အဖွဲ့အစည်း

• အလုပ်မလုပ်ပဲ အစာမစားရ။ • လုပ်သလောက် စားရမယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကျင့်ထုံးတွေ ပျက်တာကြာနေပြီ။ အခြေခံကျင့်ဝတ်တွေ ပျက်နေတာကြာပြီ။ လူတွေက အချောင်စားချင်တယ်။ ရေသာခိုတယ်။ ဖြတ်လမ်းနည်း လိုက်တယ်။ မလုပ်ပဲ စားချင်တယ်။ ဖြတ်စား လှီးစား၊ အမှီးကျက် အမှီးစား ခေါင်းကျက် ခေါင်းစား လုပ်တယ်။ လည်ရင် လည်သလို လုပ်တယ်။ ထိုက်တန်တဲ့ ရင်းနှီးမှု...