▄ သရီးစီ နှင့် ချည်းကပ်နည်း သုံးသွယ်

ကျနော်စာရေးရင် သုံးတဲ့နည်းတချို့ရှိပါတယ်။ အဲသည့်အထဲက အချက် (၃) ချက်ကို နည်းနည်းပြောချင်ပါ တယ်။ စာကို တကယ်ရေးတတ်လာတဲ့လူတွေတော်တော်များများဟာ၊ စာရေးနည်းကို သိလို့ ရေးတတ်လာ တယ်ဆိုတာထက် ဖတ်ပါများရင်း၊ နာနာဖတ်ရင်း၊ ရေးကျင့်များလာရင်း လက်က အလိုလို ကလောင်ကို စမ်း မိ လာတာများပါတယ်။ ကျနော်လည်း ထိုနည်းလည်းကောင်းပါပဲ။ စာရေးနည်းကို သိလို့ စာရေးတာထက်၊ ရေးရင်း သိလာတာ၊...

▄ ကျနော် ဝေဖန်ရေးသမား ဟုတ် / မဟုတ်

ကျနော့်စာများကို ဖတ်ဖန်များသည့် မိတ်ဆွေတစ်ချို့နှင့် ရင်းနှီးသူစာဖတ်သမားတစ်ချို့က ကျနော့်ကို ဝေဖန်ရေးဆရာဟု မှတ်ချက်ပေးလေ့ရှိသည်။ ထိုသို့ပြောသောအခါ၊ ကျနော် ရယ်ကျဲကျဲနှင့် ဘာအဖြေမှပြန် မပေးဘဲ ရယ်နေတတ်သည်။ အကြောင်းမှာ၊ ကိုယ့်စာများကို ကိုယ်ပြန်သတိရမိ၍ဖြစ်ပါသည်။ စာဖတ်သူမိတ် ဆွေများက၊ သဘောရိုးဖြင့် မှတ်ချက်ပေးကြခြင်းဖြစ်ပါသည်။ ကျနော့်၏ ပြင်းထန်သော စကားလုံးရိုက်ချက်များ ကြောင့် အောက်သက်သက်ဖြစ်သွားကြသော လူပုဂ္ဂိုလ်များ၏ မေတ္တာဓာတ်ကို ကျိတ်၍ ခံယူနေရကြောင်းကိုမူ ကျနော်...

▄ စာပေလွတ်လပ်ခွင့်

မြန်မာပြည်မှာ၊ စာပေလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့် ဆိုတဲ့ကိစ္စတွေကို ပေါင်းပြီး ကြည့်လို့ရပါတယ်။ တစ်ဖက်မှာလည်း ခွဲခြားကြည့်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့၊ နိုင်ငံရေးနဲ့ လူ့အဖွဲ့ အစည်းကိစ္စဟာ သိမ်မွေ့တယ်။ ရှုပ်ထွေးတယ်။ အကျိုးစီးပွားတွေဟာ ခြေချင်းလိမ်နေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သကာတွေ အောက်မှာ၊ အဆိပ်တွေ ပါမလာစေဖို့၊ တော်တော်များများကို သရုပ်ခွဲ စိစစ်နိုင်မှ တော်ကာကျလိမ့်မယ်လို့ ယူဆပါတယ်။ ထားတော့။...

စာရေးချင်သူသို့ / (၂)

နံပါတ် (၆) စာစုံဖတ်ဖို့။ စာရေးမယ့်သူဟာ စာမဖတ်လို့ မရပါဘူး။ စာဖတ်တယ်ဆိုတာ လေ့လာခြင်းဖြစ်တယ်။ ဆည်းပူးခြင်းဖြစ်တယ်။ စူးစမ်းခြင်းဖြစ်တယ်။ စာတစ်မျိုးတည်းဖတ်လို့လည်း မရဘူး။ စာစုံဖတ်ဖို့ လိုတယ်။ တတ်နိုင်ရင် အင်္ဂလိပ်စာပါ ဖတ်တတ်ဖို့ လိုတယ်။ မြန်မာစာအုပ်တွေ ဖတ်နေရုံနဲ့ မလုံလောက်ဘူး။ အင်္ဂလိပ်ဘာသာစကားဟာ ကမ္ဘာသုံး ဘာသာစကားလည်းဖြစ်တယ်။ အကျယ်ပြန့်ဆုံး သုံးစွဲတဲ့ ဘာသာစကားလည်းဖြစ်တယ်။ ဟိုးရှေးအတီအတေ က အင်္ဂလိပ်ဘာသာစကားနဲ့...

စာရေးချင်သူသို့ /

ဒီနေ့ခေတ် လူငယ်စာရေးချင်သူတွေကို ခပ်များများတွေ့လာရတယ်။ ဒါ့ကြောင့် ကိုယ် သိနားလည်ထားသမျှကို ဝေငှချင်လို့ ဒီစာကို ရေးဖြစ်တယ်။ စာရေးဖို့အတွက်ဆိုရင် အရေးကြီးတဲ့အချက်တွေ ရှိတယ်။ ဝါသနာထုံသူ၊ ရူးသွပ်သူအတွက်ကတော့ ထူးထွေ ပြီး ပြောနေစရာ အကြောင်း မရှိပါ။ သူ့ဘာသာသူ ရှာဖွေဆည်းပူးလေ့လာရင်းနဲ့ သူ့အလိုလိုနားလည်သွား တတ်တာမို့ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အထုံမပါနိုင်ပါ။ ဆန္ဒအလျောက်သာ ရှိပြီး တဖြည်းဖြည်းချင်း တိုးလုပ်သွားလေ့ရှိပါတယ်။...

◾ ကလောင်၏ ဩဇာ

စာရေးခြင်းမှာ၊ ရသမပါတဲ့စာအမျိုးအစားကို ရေးတယ်ဆိုရင်တောင်၊ အနုပညာတော့ ထည့်ရတာပဲ။ အဲသည်လို အနုပညာဆိုတာလည်း တမင်တကာ ထည့်ရတာမျိုး မဟုတ်ဘူး။ သိသိသာသာကြီးထည့်ရတာမျိုး မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ ဈာန်ဝင်စားမှုကို နက်နဲစူးနစ်အောင် လုပ်ရတာမျိုးဖြစ်တယ်။ ထပ်ပြီးရှင်းအောင် ပြောရရင် စိတ်ကို နှစ်ပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးတာ၊ အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးတာ၊ လုပ်အားကို သေချာထည့်ပြီး တည်ဆောက်ယူတာ။ ဒီလိုလုပ်တာ စွဲမြဲလာရင် ကိုယ်ရေးတဲ့စာဟာ...

စာရေးခြင်း

ကျနော် စာပေပလက်ဖောင်းပေါ်ရောက်လာတာက (၂) နှစ်ကျော်လောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် အခု ကျနော့်စာရေးလေ့ကျင့်မှုသက်တမ်းက (၁၀) ကျော်ရှိမှ ကျနော် စာပေပလက်ဖောင်းကို နင်းမိတာဖြစ်ပါတယ်။ ကျနော် ရသစာတွေ မရေးတတ်ဘူး။ ကျနော် သုတေသနစာတမ်းတွေ ကောင်းကောင်းမရေးတတ်သေးဘူး။ ကျနော် လူမှုဘဝသရုပ်ဖော်တွေ မရေးတတ်သေးပါဘူး။ ကျနော် စာအမျိုးအစားအနည်းငယ်ကိုသာ ရေးတတ် ပါသေးတယ်။ ဒါပေမယ့် ကျနော် စာရေးရင်း သိလာရတဲ့ စာရေးနည်းတချို့ကို...

စာရေးတဲ့ အလုပ်။

စာရေးတဲ့အလုပ်ဟာ၊ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ ဒါကို စာရေးဆရာကြီး မြသန်းတင့် ပြောဖူးတယ်။ စာရေးတဲ့ အလုပ်ကို၊ လူတိုင်း လုပ်နိုင်ပေမယ့် စာရေးဆရာ ဆိုတဲ့ ပညတ်ချက်ကို လူတိုင်း မခံယူထိုင်ဘူး။ အသိုင်းအဝိုင်းကောင်းလို့၊ ငွေကြေးတတ်နိုင်လို့ စာအုပ်ရေးပြီး ထုတ်နိုင်ရင် စာရေးဆရာ အမည်တပ်နိုင်ပေမယ့်၊ စာဖတ်သူရဲ့ လက်ခံမှုကို စာရေးဆရာတိုင်း မရကြဘူး။ ဒါက ဘာလို့လဲဆိုတော့၊ စာဖတ်သူကို...