ခင်ဗျားမှာ အကြည်ဓာတ် ရှိရဲ့လား

လူတစ်ယောက်အဖို့ အထူးတလည် စဉ်းစားစရာ တချို့ ရှိနေတယ်။ ငါဟာ ငါ့ဘဝကို ဘယ်လို ဓာတ်တွေနဲ့ ထုံမွှမ်းထားသလဲ…. ဆိုတာ ခဏ ခဏ မေးနေဖို့ လိုတာပဲ။ ခဏ ခဏ စဉ်းစားခန်း ဖွင့်နေဖို့ လိုတာပဲ။ ကိုယ့်ပတ် ဝန်းကျင်မှာ ရှိတဲ့ ဓာတ်တွေက ဘာတွေလဲ။ ကိုယ့်အနီးနားလေးမှာ ရှိနေတဲ့  ဓာတ်တွေက ဘာတွေလဲ၊ ကိုယ့်...

ငြူစူစောင်းမြောင်းခြင်းအလေ့ရှိကုန်သော

လူတစ်ယောက်ချင်းစီမှာ အလင်း ကိုယ်စီ ရှိတယ်။ တချို့က ကြည်တယ်၊ တချို့က ရှင်းတယ်၊ တချို့က ခပ်မှိန် မှိန်ပဲ၊ တချို့က အရောင်ကို မရှိဘူး၊ ညစ်နွမ်းနွမ်းနဲ့။ လူတစ်ယောက်မှာ ကိုယ်ရောင်ကိုယ်ဝါဆိုတာ ရှိသတဲ့။ လုတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါဆိုတာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် မူတည်ပြီး အလင်း အမှောင်ရှိတာ ပဲ။ ဒါဆိုရင် ကိုယ်ရည်ကိုယ်သွေးကိုရော ဘယ်လို အရာက...

ရှေ့နောက် ညီကြရအောင်

အကျပ်အတည်းကြားမှာ တတ်နိုင်သရွေ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားကြရမယ်လို့ ထင်ပါတယ်။ လူတွေ ကြည့်ရတာ စိတ်တွေ ကစဉ်ကလျားဖြစ်နေတာ သိပ် သိသာလွန်းနေတယ်။ လူတွေဟာ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ကိုယ်ပြောတဲ့အရာတွေ မညီမညွတ်ဖြစ်နေရုံတင်မကဘူး၊ သိပ်မကြာခင်က ပြုမူပြောဆိုလိုက်တဲ့ အရာနဲ့ အခုပြောနေ လုပ်နေတဲ့အရာဟာ ဖီလာဆန့်ကျင်ဘက်လို ဖြစ်နေတာတွေ့ရတယ်။ ရှေ့နောက် မညီဘူး။ လူဟာ အမြဲတမ်းလိုလိုတော့ ရှေ့နောက် ဘယ်ညီနိုင်မပါ့မလဲ။ သို့သော်လည်း...

ယုတ်နိမ့်တဲ့ စိတ်တွေ ဖျောက်ကြပါ

လူဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်သင့်တယ်နော်။ သူတစ်ပါးပျက်စီးမှ ငါ အောင်မြင်မယ်ဆိုတဲ့ အယူအဆမျိုး တွေဟာ ဒီဘက်ခေတ်မှာ သိပ်များတာပဲ။ ငါချမ်းသာဖို့ သူဆင်းရဲရမယ်၊ ငါ ကောင်းစားဖို့ သူဒုက္ခရောက်ရမယ် ဆိုတဲ့ အယူအဆတွေ သိပ်များတာပဲ။ သူဆင်းရဲမှ ငါ ချမ်းသာမယ်၊ သူဒုက္ခရောက်မှ ငါ ကောင်းစားမယ်၊ သူကျရှုံးမှ ငါ အောင်မြင်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ ခပ်များများ တွေ့နေရတယ်။...

အကုသိုလ်ကောင် အဖြစ်မခံနဲ့ 

လူ့ကံကြမ္မာကို ပြဋ္ဌာန်းတဲ့နေရာမှာ – ဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုက အတော်ကြီးတယ်။ အသက်အရွယ် ပိုကြီးပြင်းလာလေလေ၊ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို ပိုခံလာရလေလေ။ လူတွေကြားထဲ တိုးဝင်မှုများလာလေလေ ပတ်ဝန်းကျင်ရဲ့ ပုံသွင်းမှုကို ကိုယ်က ပိုခံရလာလေလေပဲ။ တခါတရံ ကိုယ့်ဘဝကံကြမ္မာကို ပြဋ္ဌာန်းတာဟာ ပတ်ဝန်းကျင်က ရိုက်ခတ်တဲ့အရာတွေက ပုံဖော်နေတာပါ။ ဒီနေ့ဒီအချိန်အခါမှာ ပတ်ဝန်းကျင်ကောင်းကို ကျနော်တို့ ရမထားဘူး။ ခေတ်ဆိုး ခေတ်ပျက်...

နှစ်လိုဖွယ်ဖြစ်ရဲ့လား 

တချို့ ကြုံဖူးကြမှာပါ။ အဲသည့်လူတစ်ယောက်နဲ့ တွေ့ရ ဆုံရတဲ့အခါမှာ ပျော်ရတယ်၊ ရွှင်ရတယ်၊ ကျေနပ်ရတယ်၊ အားရစရာလည်းကောင်းတယ်၊ နောက်ထပ် ဆုံချင်တွေ့ချင်စိတ်လည်း ဖြစ်တယ်။ နောက်ထပ် ဆုံတွေ့တိုင်းလည်း လှိုက်လှိုက်လှဲလှဲဖြစ်တယ်၊ ရင်းရင်းနှီးနှီးဖြစ်တယ်၊ သက်သောင့်သက်သာဖြစ်တယ်၊ စိတ်မှာလည်း ကြည်နူးကျေနပ်ဖွယ်ရာကောင်းတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုလူတစ်ယောက်ယောက်နဲ့ ဆုံဖူး ကြုံဖူးကြမှာပါ။ သို့မဟုတ် ကိုယ်ကိုယ်တိုင်က ဒီလိုဖြစ်တယ်လို့ ကိုယ့် သူငယ်ချင်း မိတ်ဆွေ တချို့ရဲ့...

တို့ကနန်းဆိတ်ကနန်း လုပ်နေတာတွေ ရပ်ဖို့

လူတော်တော်များများကို ကြည့်ရင်၊ သိနားလည်မှုကို လုပ်တဲ့နေရာမှာ စပ်စုရုံအဆင့်ထက် မပိုတာကို တွေ့ရတယ်။ ထို့နောက် တစ်ခုခုကို ဆုံးဖြတ်ပြီး လုပ်ကြကိုင်ကြတဲ့အခါမှာလည်း မည်ကာမတ္တအဆင့်လောက်နဲ့ ရပ်သွားကြတာများတယ်။ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီး လုပ်ကြတဲ့အခါမှာ ဘာလို့ အမည်ခံရုံအဆင့်လောက်နဲ့ ပြီးသွားကြသလဲ။ ဘာလို့ မည်ကာမတ္တအဆင့်မျှလောက်နဲ့ ရပ်သွားကြသလဲ။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို ဆုံးခန်းတိုင်အောင် မလုပ်တဲ့အကျင့်ကနေ လာပါတယ်။ ကိစ္စတစ်ခုကိုလုပ်ရင် တို့ကနန်းဆိတ်ကနန်းပဲ။ တို့ရုံထိရုံလောက်ပဲ။ ထိထိမိမိ...

ကောသလမင်းအိပ်မက်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိပ်မက် (၁၆) ချက် ထဲမှာဆိုရင် …. ဒီလိုကွ။  မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားတွေ ရောက်တတ်ရာရာ ဆွေးနွေး ပြောဆိုနေရင်၊ တခါတခါ ကျနော်က ထပြီး အရွှန်းဖောက်လေ့ရှိတတ်တယ်။ ပြောလက်စ စကားနဲ့ မစပ်မဆိုင်ပါဘဲ —  “ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိပ်မက် (၁၆) ချက်မှာတော့ ဒီလို ရှိတယ်ကွ…” ဆိုတော့။ နားထောင်တဲ့သူက မျက်လုံးပြူးသွားတယ်။...

တို့တိုင်းပြည်တော့ ပျက်တော့မယ် ထင်တယ် 

သတ္တဝါတို့ ဆင်းရဲခြင်း၏ မူရင်းအကြောင်းဖြစ်သော မနာလိုမှု “ဣဿာ” နှင့် ဝန်တိုမှု “မစ္ဆရိယ” ကိုသာ ပယ်ရှားနိုင်မည်ဆိုလျှင် ဤလောကသည် များစွာ နေချင့်စဖွယ်ကောင်းသော ဒေသမွန်တစ်ခု ဖြစ်ပေ လိမ့်မည်။ (ဦးရွှေအောင်၊ ဓမ္မပဒ ၊ အပ္ပမာဒဝဂ်၊ စာ ၃၆၉)  နေ့စဉ် ကိုယ့်စိတ်ကို တတိတိ ထိုးနှက်နေတာ တစ်ခု ရှိတယ်။ စိုးရိမ်ချက်။ စိုးရိမ်ချက်။...

အဆဲပြီးဆေး 

နတ္ထိလောကေ အနိန္ဒိတော လောကမှာ အပြစ်တင် မခံရတဲ့သူ မရှိပါဘူး။  လုပ်သင့်လုပ်ထိုက်တာတွေကို၊ မဖဲ့မစောင်း လုပ်နေဖို့ လုပ်နိုင်ဖို့ “မြေကြီးကဲ့သို့” ကျင့်ရမယ် လို့ နားလည်ပါ တယ်။ မဟာပထဝီမြေကြီးဟာ သူ့အပေါ်မှာ ပန်းတွေ ပွင့်လို့ မာန မတက်ပါဘူး။ သူ့အပေါ် မစင်တွေ ယိုချလို့ လည်း ဒေါသမထွက်ပါဘူး။ ချီးမွမ်းခြင်းတွေကို မာန မတက်သလို၊ ကဲ့ရဲ့ခြင်းတွေအပေါ်မှာလည်း ဒေါသမထွက်...