တို့ကနန်းဆိတ်ကနန်း လုပ်နေတာတွေ ရပ်ဖို့

လူတော်တော်များများကို ကြည့်ရင်၊ သိနားလည်မှုကို လုပ်တဲ့နေရာမှာ စပ်စုရုံအဆင့်ထက် မပိုတာကို တွေ့ရတယ်။ ထို့နောက် တစ်ခုခုကို ဆုံးဖြတ်ပြီး လုပ်ကြကိုင်ကြတဲ့အခါမှာလည်း မည်ကာမတ္တအဆင့်လောက်နဲ့ ရပ်သွားကြတာများတယ်။ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီး လုပ်ကြတဲ့အခါမှာ ဘာလို့ အမည်ခံရုံအဆင့်လောက်နဲ့ ပြီးသွားကြသလဲ။ ဘာလို့ မည်ကာမတ္တအဆင့်မျှလောက်နဲ့ ရပ်သွားကြသလဲ။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို ဆုံးခန်းတိုင်အောင် မလုပ်တဲ့အကျင့်ကနေ လာပါတယ်။ ကိစ္စတစ်ခုကိုလုပ်ရင် တို့ကနန်းဆိတ်ကနန်းပဲ။ တို့ရုံထိရုံလောက်ပဲ။ ထိထိမိမိ...