တေဇာစန်း (သို့မဟုတ်) နွေဦးနိဒါန်း
နာမည်ကအရင်းက တေဇာစန်း။ ကျနော်နဲ့ ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ဆုံဖြစ်တယ်။ စဆုံဖြစ်တဲ့အချိန်တုန်းက မန္တလေး၊ သူ စတည်းချတဲ့အိမ်မှာ။ ပထမဆုံးတွေ့လိုက်ရတာ စာအုပ်ပုံတွေကြားထဲမှာ။ စာအုပ်တွေက များလွန်းလို့ အိမ်အောက် တမံသလင်းပေါ်မှာပဲ ဟိုတစ်စ ဒီတစ်စ ပုံလျက်သား။ သူ့အစုနဲ့ သူတော့ ရှိတယ်။ စာအုပ်ပုံတွေ ကြားမှာ တမင်ခွေထိုင်နေ ထိုင်နေတဲ့သူက တေဇာစန်း။ ဝတ်ထားတာက ပုဆိုး...