◾ စာစုံဖတ်
စာရေးမယ့်သူဟာ စာစုံဖတ်ဖို့ လိုတယ်။ အမြင်မတူတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကို ရှာဖတ်ဖို့ လိုတယ်။ စာရေးမယ့်သူဟာ တစ်ဖက်ဖက်မှာ အကြောင်းအရာအားဖြင့်၊ အထူးပြုထားဖို့ လိုသလို၊ တစ်ဖက်မှာလည်း စုံစုံလင်လင် တို့ထိထားဖို့ လိုတယ်။ အထူးပြုအသိနဲ့ ယေဘုယျအသိကို ကြားချ ပေါင်းစပ်နိုင်ဖို့ လိုတယ်။ အတွေးထောင့်တွေဟာ တစ်ဖက်တည်းက စီးဆင်းနေရင် စာတွေက မကောင်း တတ်ဘူး။ အထွေထွေစာဖတ်ပရိတ်သတ်ကိုလည်း ဆွဲဆောင် ညှို့ငင်နိုင်ဖို့...