◾ စာစုံဖတ်

စာရေးမယ့်သူဟာ စာစုံဖတ်ဖို့ လိုတယ်။ အမြင်မတူတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကို ရှာဖတ်ဖို့ လိုတယ်။ စာရေးမယ့်သူဟာ တစ်ဖက်ဖက်မှာ အကြောင်းအရာအားဖြင့်၊ အထူးပြုထားဖို့ လိုသလို၊ တစ်ဖက်မှာလည်း စုံစုံလင်လင် တို့ထိထားဖို့ လိုတယ်။ အထူးပြုအသိနဲ့ ယေဘုယျအသိကို ကြားချ ပေါင်းစပ်နိုင်ဖို့ လိုတယ်။ အတွေးထောင့်တွေဟာ တစ်ဖက်တည်းက စီးဆင်းနေရင် စာတွေက မကောင်း တတ်ဘူး။ အထွေထွေစာဖတ်ပရိတ်သတ်ကိုလည်း ဆွဲဆောင် ညှို့ငင်နိုင်ဖို့...

◾ ဖတ်ခြင်း

ဖတ်သူက စာကို ဖတ်တဲ့နေရာမှာ၊ အခြေခံ (၂) မျိုးခွဲခြားကြည့်နိုင်တယ်။ ၁) စာကို ဖတ်တာ၂) ကလောင်ကို ဖတ်တာ ◾ စာကို ဖတ်တာ စာကိုဖတ်တယ်ဆိုတာ၊ စာကိုပဲကြည့်တယ်။ ကလောင်ကို မကြည့်ဘူး။ ကလောင်က ဘယ်လိုကလောင်ပဲဖြစ် ဖြစ်၊ ဘယ်လိုလူကပဲ ရေးရေး။ ကလောင်ကို စိတ်မဝင်စားဘူး။ ကလောင်ကို အာရုံမပြုဘူး။ စာကိုသာ အာရုံပြု တယ်။...

စာကြီးပေကြီးတွေ ကိုင်ပါ

ငယ်တုန်းရွယ်တုန်းမှာပဲ စာကြီးပေကြီးတွေ ဖတ်ကြပါ။ ငယ်ရွယ်စဉ်အချိန်နဲ့ စာဖတ်ခြင်းဆိုတာမှာ ကျနော့်အတွက် လက်တို့ ပြောစရာတစ်ခုရှိပါတယ်။ အခြေခံ စာဖတ် ခြင်းအတွက် ရည်ရွယ်ချက် (၂) ခု ရှိတယ်လို့ ဆိုပါတယ်။ “တူးပီ” “2P” လို့ခေါ်တဲ့ ဦးတည်ချက်နှစ်ခုဖြစ်ပါ တယ်။ စာဖတ်ရင် Pleasure လို့ခေါ်တဲ့ ဖတ်ရင်းနဲ့ ပျော်နေဖို့ လိုသလို၊ Purpose ခေါ်တဲ့ ဖတ်ရင်းနဲ့...

စာတောထဲ မျက်စိလည်ကြပါစေ…

မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်နှစ်ကုန်ပိုင်း၊ နိုဝင်ဘာလမှာပဲ ကျနော် စာဖတ်ခြင်းဓလေ့နဲ့ လက်ထပ်နိုင်ခဲ့တယ်။ ကျနော့် ဆယ်ကျော်သက်ဘဝကို ကျနော် အမှတ်ရနေမိတယ်။ ကျနော် ကိုယ်တိုင် စာဖတ်ခြင်းအလေ့ကို စွဲစွဲမြဲ မြဲဖြစ်လာတော့၊ စာနဲ့ပတ်သက်ပြီး “ဆရာ” ရှာခဲ့တယ်။ အထူးသဖြင့်ကတော့ ကျနော့် စာဖတ်ခြင်းအလေ့ကို ပိုပြီး ခိုင်မာအားကောင်းအောင် လမ်းညွှန်နိုင်မယ့် “mentor” တစ်ယောက်ယောက်လိုချင်ခဲ့တယ်။ ကံအကြောင်း မသင့်လို့ ကျနော့်မှာ...

ကြောက်ရွံ့ခြင်း မနက်ဖြန်များ

(စာအုပ်ကို ဗဟိုပြု၍ ချဲ့ကားတွေးမိသော အတ္တနောမတိများ - မင်းသေ့) စာအုပ်အမည် - ကြောက်စိတ်နဲ့ ကလေးတို့မနက်ဖြန် (သင့်ဘဝမျက်နှာဖုံးဆောင်းပါးများ) စာရေးသူ - မောင်သစ်ဆင်း စာအုပ္အညႊန္း “ အယူသီးမှုဆိုတာ ခေတ်နောက်ကျခြင်းနှင့် အသိဉာဏ်နည်းပါးခြင်းတို့မှ မွေးဖွားလာသည်။ ” ကျောင်းဆရာ မဖြစ်ချင်သည့် ကျွန်တော်က ဘယ်သို့ ဘယ်ပုံ စာသင်၊ စာချ (ဘုန်းကြီးစကားဖြင့်) အလုပ်ကို...

ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ

ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ ဖေမြင့် စာအုပ္အညႊန္း ကွန်ဖြူးရှပ်က ပြောဖူးသည်။ မြုပ်နှံခြင်း မရှိတဲ့သူက အကျိုး အမြတ်ကို မခံစားနိုင်ဘူး…. တဲ့။ ဘယ်မှာ မြုပ်နှံရမှာလဲ။ ဘယ်မှာ မြုပ်နှံရမှာလဲ။ မြုပ်နှံတယ် ဆိုတာ ဘာလဲ။ ကျွန်တော် ငယ်စဉ်က ကြားဖူးခဲ့သည်မှာ ရွှေအိုးကို မြေကြီး ထဲမှာ သိမ်းဆည်းမြုပ်နှံသည်ကိုပင် နားလည်ခဲ့သည်။ မြုပ်နှံ ခြင်းဖြင့် ဘာရနိုင်မှာလဲ။...

ရသစာ

ဆရာကြီးလူထုစိန်ဝင်းရဲ့စာတွေကို မကြာခဏ ဖတ်ဖြစ်ပါတယ်။ ဖတ်လိုက်တိုင်းလည်း တွေးစရာ၊ သိမြင်စရာ တစ်ခုခု ရနေတော့တာပဲ။ လူထုစိန်ဝင်းရဲ့ ‘ခြင်ချော်လဲစာနဲ့ ဂွမ်းဆီထိစာ’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ အဲသည့်ဆောင်းပါးထဲမှာ ဆရာကြီးက အခုလို ပြောပါတယ်။ ‘ဝတ္ထု၊ ကဗျာစတဲ့ ရသစာပေဖတ်တယ်ဆိုတာက ပညာဗဟုသုတဆည်းပူးချင်လို့ မဟုတ်ဘူး။ ရင်ကို ထိခိုက် လှုပ်ရှားသွားစေတဲ့အရသာ တစ်မျိုးမျိုးကို ခံစားချင်လို့ ဖတ်တာ။ ပညာဗဟုသုတလိုချင်ရင်...

စာအုပ်စာပေချစ်တယ်ဆိုတာ တကယ်လား…

မြန်မာပြည်တိုးတက်ရေးအတွက်၊ ယောင်ဝါးတွေအလိုမရှိဘူး။ ဘယ်အဆင့်လဲ… • မနောကံအဆင့်လား • ဝစီကံ အဆင့်ပဲလား • ကာယကံမြောက် အဆင့်ထိရောက်သလား…. မြန်မာပြည်ရဲ့ တိုးတက်မှုက ပညာရေးနဲ့ ဆိုင်တယ်။ စာအုပ်စာပေတွေနဲ့ ဆိုင်တယ်။ စာအုပ်စာပေနဲ့ ဆက်စပ်နေတဲ့ နေရာဌာနတွေ ဖွံ့ဖြိုးခြင်းနဲ့သက်ဆိုင်တယ်။ တိုးတက်မှုလို့ ပြောတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ဆိုတာ ရှိတယ်။ အသိဉာဏ်ပိုင်းဆိုင်ရာ တိုးတက်မှု ရှိတယ်။...

မိန့်မှာချက်တွေ

ဒီလိုပဲ၊ အကြောင်းအရာ တစ်ခုကို နားလည်ဖို့၊ စာတွေ အများကြီး ဖတ်နေပေမယ့် ချက်ချင်း ပွင့်မသွားတာတွေ ရှိတယ်။ ဒါကို အဆိုအမိန့် တွေက လုပ်ပေးနိုင်တယ်။ Audio စာဖတ်သမားဖြစ်ရင်၊ ကြိုက်တတ်တဲ့ စာအုပ်တွေ တော်တော်များများရှိတယ်။ အဲ့ဒီ့တော်တော်များများထဲက၊ အဆိုအမိန့်တွေ ကောက်ချက်တွေ၊ မှတ်ချက်တွေကို စုထားတဲ့ စာအုပ်တွေ အကြောင်း ပြောချင်ပါတယ်။ ကျနော် စာဖတ်သမားဘဝ အစကတည်းက၊...

စာကိုလက်နဲ့ဖတ်

လက်နဲ့ စာဖတ်တာက၊ ကြေညက်သော စာဖတ်နည်းပါပဲ။ • ကိုယ့်ခန္ဓာကိုယ်ထဲ၊ • ကိုယ့် ဦးနှောက်ထဲ၊ • ကိုယ့်နှလုံးသားထဲ…. ကို တစိမ့်စိမ့် စိမ့်ဝင်ပျံ့နှံ့နည်းနဲ့ စာဖတ်ခြင်းပါပဲ။ Audio ကျနော် စာသမားဖြစ်လာတဲ့ အခါမှာ၊ စာဖတ်နည်း တော်တော်များများကို သုံးကြည့်တယ်။ အကောင်းဆုံး စာဖတ်နည်းရယ်လို့ မရှိပါဘူး။ ကိုယ်နဲ့ ကိုက်တဲ့ စာဖတ်နည်းက အကောင်းဆုံးပါပဲ။ သို့ပေမယ့်၊...