တကယ့်ပညာရှင်

https://www.youtube.com/watch?v=_8kGEJ2fAKo&t=1s ပညာရှင်စရိုက်နဲ့ နိုင်ငံရေးသမားစရိုက် ဘာကွာသလဲဆိုတာ၊ ခဏ ခဏ သရုပ်ခွဲကြည့်မိတယ်။ တချို့ ပညာရှင်အကျင့်အကြံတွေ့ရတယ်။ ဒါပေမယ့် တကယ့်ပညာရှင်စစ်စစ် ဖြစ်မလာဘူး။ တချို့ နိုင်ငံရေးဝါသနာပါ တယ်။ ဒါပေမယ့် ပညာရှင်စစ်စစ် ဖြစ်လာတယ်။ နိုင်ငံရေးသမားနဲ့ ပညာရှင်တစ်ယောက်ရဲ့ မူလဗီဇတွေမှာ၊ ထပ်နေတဲ့ စရိုက်တွေ ရှိလိမ့်မယ်။ ဒါပေမယ့် တချို့နေရာတွေမှာ သွင်သွင်ကွဲပြားတာတွေ့ရတယ်။ အထင်အရှား ကွဲပြားတဲ့အချက် တချို့ကို...

ဗမာ့စိတ်ထား

Soul-of-Burma-by-Min-ThaytDownload “ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ”“ကျွန်း ကိုင်းမှီ ၊ ကိုင်း ကျွန်းမှီ”“ဘုရားတောင် အမှီ ရှိမှ ပွင့်လို့ ရတာ”“ပါရမီဖြည့်ဖက်” ဆိုတဲ့ အသုံးအနှုန်း“အတ္တာဟိ အတ္တနော နာထော” ဗမာတွေဟာ ဗုဒ္ဓအဟောထဲက ပဋ္ဌာန်းကျမ်းလာ အယူအဆတွေကို နားလည်လက်ခံထားတာတွေ့ရပါတယ်။ အဲသည့်အထဲမှာ အတွေ့ရများတဲ့အချက်ကတော့ - အညမညသဘော ဖြစ်ပါတယ်။ မြန်မာစကားပုံမှာ “ရှဉ့်လည်း လျှောက်သာ...

မြန်မာတွေရဲ့ “ဒဿနစားသုံးမှုပုံစံ”

တန်ဖိုးတွေ အကြောင်း​ ပြောချင်ပါတယ်။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလရဲ့ “တန်ဖိုး” တရားတော်မှာ၊ “တန်ဖိုးသိမှ တန်ဖိုးရှိတာ” လို့ ဟောပါတယ်။ တန်ဖိုးသိဖို့ ဆိုတာ မလွယ်ပါ။ တန်ဖိုးသိဖို့ဆိုတာ ဉာဏ်အလုပ်ဖြစ်ပါတယ်။ ဉာဏ်အလုပ်မလုပ်တဲ့လူ့အဖွဲ့အစည်းဟာ - တန်ဖိုး အမှန်ကို မသိနိုင်ပါ၊ ဉာဏ်အလုပ်လုပ်ဖို့ ပျင်းတဲ့ လူ့အဖွဲ့အစည်း ဟာ တန်ဖိုးအမှန်ကို နားမလည်နိုင်ပါ။ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ဘာကို...

မြန်မာပြည်မြေပုံသစ် အလားအလာနဲ့ ရက္ခိုင်နိုင်ငံတော်

New-Map-of-Burma-by-Min-ThaytDownload ဆောင်းပါးအကျဉ်းချုပ်။ ။ ဤဆောင်းပါးသည် ဖြစ်လာလတ္တံ့သော မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးအပြောင်းအလဲ အရ နောင် ဆယ်စုနှစ်နှင့် ၂၁ ရာစုအလယ်ပိုင်း (၂၀၅၀ ခုနှစ်) ကာလအတွင်း ဖြစ်လာနိုင်ချေရှိသော မြန်မာပြည် မြေပုံသစ်အလားအလာကို ခန့်မှန်းတွက်ဆ၍ တင်ပြထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဤခန့်မှန်းတွက်ဆ မှု၌၊ ရက္ခိုင်လူမျိုးတွေရဲ့ ခွဲထွက်ရေးအာဂျင်ဒါ (တနည်း) ရက္ခိုင်နိုင်ငံတော်ထူထောင်မှု မြေပုံသစ် တည်ဆောက်မှု...

သင်ဟာ ကွန်မြူနစ်တစ်ယောက်လား

​အင်္ဂလိပ်စာရေးဆရာ ဂျော့ဘားနတ်ရှော ပြောဖူးတဲ့ စကားလေး တစ်ခု ရှိတယ်။ “အသက် (၂၀) မှာ  ကွန်မြူနစ်မဖြစ်ခဲ့ဘူးဆိုရင် မင်းဟာ နှလုံးသားမရှိတဲ့ကောင်။ အသက် (၃၀) မှာ အရင်းရှင်မဖြစ်ဘူးဆိုရင်တော့ မင်းဟာ ဦးနှောက်မရှိတဲ့ကောင်” တဲ့။ ဒါကို မြန်မာတချို့က - မြန်မာလို တိညှိပြီး ပြန်ပြောတာ ရှိတယ်။ “အသက် (၁၈) လောက်မှာ မင်းဟာ...

အလိုက်ကန်းဆိုး သိပါ

မြန်မာပြည်ပညာရေးက ကောင်းကောင်း မပေးနိုင်တဲ့ ဘဝအတွက် အလိုအပ်ဆုံးအရာ တချို့ကို၊ ကိုယ့်ဘာသာ ကိုယ် ဖြည့်ကျင့်ရမယ်လို့ ယူဆပါတယ်။ မြန်မာပြည် ပညာရေးက ဘာကို ကောင်းကောင်းမပေးနိုင်သလဲ။ ဘဝ အတွက် အလိုအပ်ဆုံးဆိုတာ ဘာမို့လို့လဲ။ ကိုယ့်ဘာသာ ဖြည့်ကျင့်ရမယ်ဆိုတော့ ဘယ်လို ဖြည့်မလဲ။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်တွေ တူနိုင်မယ် မထင်ပါ။ ဒီနေရာမှာ အရင်းခံ အကျဆုံး၊...

ကြက်သအုပ်မ – နှစ်ခါယက် ၊ ရေထွက်တဲ့ ဒေသ

မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ရင်၊ ဒေါက်တာသန်းထွန်းရဲ့ စကားလေး တစ်ခွန်း ထည့်ထည့် ပြောဖြစ်တယ်။ “သွားရမည့်ခရီးကား ဝေးသေး၏။ ခြေသာလျှင် ယာဉ်ရှိကုန်၏” တဲ့။ အစတုန်းက ဒီစကား လေးကို သိပ်နားမလည်ဘူး။ လူထုတော်လှန်ရေးကာလ တဖြည်းဖြည်း ကာလရှည်လာမှ၊ တစိမ့်စိမ့်တွေး မိပြီး သဘောပေါက်လာတယ်။ “သွားရမည့်ခရီးကား ဝေးသေး၏” ဆိုတာ တကယ့်အမှန်ပါပဲ။ ဘယ်ယာဉ်ရထားမှ အားကိုးလို့ မရဘူး။ ကိုယ့်ခြေထောက်ကို...

ဗမာ့စိတ်ထား

https://www.youtube.com/watch?v=KYGP7ogp34I ယုံမှတ်လို့ ပုံအပ်ချစ်မိပြီဆို အသည်းစွဲချစ်လုံးလုံး မုန်းလျားလျား ဗမာတွေဟာ ဥပါဒါန်အစွဲအလမ်းကြီးတတ်သူမျိုးတွေဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓသွန်သင်တဲ့ ဂတိ အစွဲအလမ်း (၄) မျိုးမှာ၊ ချစ်ရင်လည်း အချစ်ကြီး၊ မုန်းရင်လည်း အမုန်းကြီးတာကို တွေ့ရပါတယ်။ မြန်မာစကားမှာ - ချစ်လုံးလုံး မုန်းလျားလျား ဆိုတဲ့ စကား ရှိပါတယ်။ ချစ်ရင်လည်း ပုံပြီး ချစ်ပစ်လိုက်တယ်။ မျက်စိကို စုံမှိတ်၊...

အနာဂတ္တိဆရာတစ်ဦး၏ စိုးရိမ်သောက

နောက်ကြောင်းပြန်အရေး သတိပေးချက် ကျော်ဝင်းဟာ ဘယ်လိုအရာတွေကို ဇောင်းပေးပြောခဲ့ပါသလဲ။ ကျော်ဝင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးနည်းနာဖြစ်စဉ်၊ ဖြစ်အင်တွေကို ဇောင်းပေးပြောခဲ့ပါတယ်။ အထူးသဖြင့် လစ်ဘရယ်စိတ်အခံ ထုထည် ကြီးမားလာအောင် သူ့ကလောင်နဲ့ ကျေးဇူးပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့အရ အစွန်းရောက်ဓလေ့ဟာ လစ်ဘရယ်စိတ်အခံနဲ့ ဖီလာကန့်လန့်ဖြစ်နေပါတယ်။ ဒါကို တတ်နိုင်သရွေ့ ပြန်ဆွဲတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရယ်ဒီကယ်ချောက်ကမ်းပါးဆိုတဲ့ အသုံးအနှုန်းကို ကျော်ဝင်းဟာ သူ့ရဲ့နိုင်ငံရေးဆောင်းပါးတွေမှာ...

ကျော်ဝင်းရဲ့ နိုင်ငံရေးအတွေးအမြင်

ကျော်ဝင်းရဲ့ ဘဝတစ်ခုလုံးကို ခြုံငုံကြည့်ရင်၊ တစ်ခုတည်းသော အမှတ်သရုပ်နဲ့ ပိုင်းဖြတ်လို့ရမယ် မထင်ပါ။ အပိုင်း ကဏ္ဍအလျှောက်၊ ဖြစ်တည်ခဲ့တာတွေ ရှိတာတွေ့ရပါတယ်။ ပန်းစကြာမှန်ပြောင်းကို တစ်ဖက်ချင်းလှည့်ကြည့် သလို မျက်နှာစာတစ်ခုချင်းစီကြည့်မှ ရနိုင်ပါလိမ့်မယ်။ ကျော်ဝင်းဟာ …. နိုင်ငံရေးသမားလား / တော်လှန်ရေးသမားလားစာရေးဆရာလား / သုတေသီလား ကျော်ဝင်းဟာ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ဖူးလို့ နိုင်ငံရေးသမားဖြစ်ခဲ့ဖူးတယ်လို့ ပြောချင် ပြောနိုင်တယ်။ သို့သော်လည်း...