ကြက်သအုပ်မ – နှစ်ခါယက် ၊ ရေထွက်တဲ့ ဒေသ

မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ရင်၊ ဒေါက်တာသန်းထွန်းရဲ့ စကားလေး တစ်ခွန်း ထည့်ထည့် ပြောဖြစ်တယ်။ “သွားရမည့်ခရီးကား ဝေးသေး၏။ ခြေသာလျှင် ယာဉ်ရှိကုန်၏” တဲ့။ အစတုန်းက ဒီစကား လေးကို သိပ်နားမလည်ဘူး။ လူထုတော်လှန်ရေးကာလ တဖြည်းဖြည်း ကာလရှည်လာမှ၊ တစိမ့်စိမ့်တွေး မိပြီး သဘောပေါက်လာတယ်။ “သွားရမည့်ခရီးကား ဝေးသေး၏” ဆိုတာ တကယ့်အမှန်ပါပဲ။ ဘယ်ယာဉ်ရထားမှ အားကိုးလို့ မရဘူး။ ကိုယ့်ခြေထောက်ကို...