ယောင်ဝါး လူ့အဖွဲ့အစည်း

တစ်စုံတစ်ခုမှာ ပေါက်မြောက်နေသူတိုင်းမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ အဲဒါကတော့၊ တစိုက်မတ်မတ် ရှိခြင်းပါပဲ။ တစိုက်မတ်မတ်ရှိတာဟာ နေရာတိုင်းမှာ အရေးကြီးတယ်။ အောင်မြင်ပေါက်မြောက်မှုအတွက်၊ အလိုအပ်ဆုံးအရာလို့လည်း ပြောလို့ရတယ်။ တစ်ခုခုမှာ တစိုက်မတ်မတ် လုပ်ရင်၊ အဆုံးစွန်ဆုံး ပေါက်မြောက် လာမှာပဲ။ တစိုက်မတ်မတ် လုပ်တာက အရေးကြီးတယ်။ စွဲစွဲမြဲမြဲလုပ်တာက အရေးကြီးတယ်။ ဒီဘက်ခေတ်မှာ လူတွေက ဆူလွယ်နပ်လွယ်တွေကိုပဲ ရှာကြံ လုပ်ကြတယ်။ ရေရှည် မရင်းနှီးချင်ဘူး။...

စင်္ကာပူနိုင်ငံ၊ ကဏ္ဍ နှစ်ရပ်

Singapore-by-Min-Thayt (PDF)Download ||| မင်းသေ့ ||| ၁။ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး စင်္ကာပူနိုင်ငံဟာ လွတ်လပ်ရေးရပြီးချိန်က စပြီး ၊ ပြည်သူ့တပ်မတော်ဆိုတဲ့ မိုဒယ်ကို ယူပြီးတည်ဆောက်ခဲ့ပါ တယ်။ အမျိုးသားစည်းလုံးညီညွှတ်ရေး စိတ်ဓာတ်၊ မိခင်ဖခင်သဖွယ် ဦးစီးအုပ်ထိန်းတယ်ဆိုတဲ့ သဘောကို ပရိုမိုးရှင်းလုပ်တယ်။ တပ်ဆိုတာ လူ့အဖွဲ့အစည်းအတွင်းက ပေါက်ဖွားလာတယ်လို့ မြင်အောင် ပုံဖမ်းထား တယ်။ စစ်မှုထမ်းစနစ် စင်္ကာပူနိုင်ငံဟာ...

နိုင်ငံရေးမိတ်ဆက်

နိုင်ငံရေးအကြောင်း ယေဘုယျ မိတ်ဆက် သင်ကြားချက်အတွက်၊ ပြင်ဆင်ထားသော ဟောပြောပို့ချမှု Power Point File ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် ၊ ပြင်ဆင်ထားပါသည်။ Download လုပ်၍ လေ့လာနိုင်ပါသည်။ Introduction-to-PoliticsDownload

မြန်မာပြည်၏ ပထဝီရေးရာ မဟာဗျူဟာမြောက်တည်ရှိမှု

မြန်မာ့ပထဝီနိုင်ငံရေးနှင့်ပတ်သက်၍ ၊ ထည့်သွင်းစဉ်းစားစရာ အချက်များကို ဟောပြောပို့ချထားသော ၊ စာရေးသူ၏ Power Point File ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် ၊ ပြင်ဆင်ထားပါသည်။ Download ယူ၍ လေ့လာနိုင်ပါသည်။ Strategic-Loaction-of-Myanmar-by-Min-ThaytDownload

တီယူပရောဒက် (TU Product)

ဒီဆောင်းပါးဟာ သရော်စာဟန် ဆောင်းပါးပုံပေါက်ပါတယ်။ ဒီဆောင်းပါးကို စာမူရွေးချယ်ရေးအဖွဲ့ထဲက ဆရာမ တချို့က မထည့်ဖို့ ၊ ငြင်းဆန်ကြတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ထဲက ၊ ကျောင်းသားတွေက ဒီစာမူကို ထည့်ဖို့ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြတယ်လို့ ကြားရပါတယ်။ စာရေးသူအနေနဲ့ ၊ ဒီဆောင်းပါးဟာ နည်းပညာတက္ကသိုလ်တွေရဲ့ ပညာရေးစနစ်ကို သရော်ထားတယ် ဆိုပေမယ့်...

ဗမာဘုရင်

ဗမာဘုရင်များ၏ အမူအကျင့်နှင့် အပြုအမူများကို ယေဘုယျခြုံကြည့်လျှင်၊ ၎င်းတို့သည် အလုပ် (၄) လုပ်ကို အမြဲတမ်းလုပ်ကြသည်ကို တွေ့ရသည်။ ၁) စစ်တိုက်ခြင်း ၂) ဘုရားတည်ခြင်း ၃) မိန်းမမြောက်များစွာ ယူခြင်း နှင့် ၄) နန်းတွင်း အာဏာလုပွဲများတွင် ရုန်းကန်ရခြင်း…။ စစ်တိုက်ခြင်း ဗမာဘုရင်များ၌၊ အမြဲတမ်း စစ်တပ် ဟူ၍ မရှိ။ ပရော်ဖက်ရှင်နယ် စစ်တပ်ဟူ၍လည်း...

ချိုင်းနားရီဗျူး

နိုင်ငံရေးဖတ်စာများ စာအုပ်၌ ၊ ပုံနှိပ်ဖော်ပြပြီး ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ချိုင်းနားက တိန့်လက်ထက်ကစပြီး၊ တံခါးပေါက်ကျယ်ကျယ်ဖွင့်ခဲ့တယ်။ တံခါးဖွင့်ပေါ်လစီကို အရှိန် အဟုန်နဲ့ ပြုလုပ်အပြီး ဆယ်စုနှစ်တစ်ခုကျော်မှာ၊ တရုတ်ရဲ့စီးပွားရေးက တဖြည်းဖြည်း တိုးတက်လာတယ်။ နောက် တော့ ဆက်တိုက် အံ့ခမခန်းတိုးတက်လာခဲ့တယ်။ ဂလိုဘယ်အလားအလာ ချိုင်းနားက၊ စီးပွားရေးကို အခြေပြုတည်ဆောက်ပြီး၊ ကျန်တဲ့ နေရာ ကဏ္ဍတွေမှာ၊ သူ့ဩဇာကို ချဲ့ထွင်နေ တယ်။...

တရုတ်တွေ နီတုန်းလား….

တရုတ်တွေ နီတုန်းလားဆိုတာကို နားလည်မယ်ထင်ပါတယ်။ တရုတ်တွေဟာ ရဲရဲတောက်ကွန်မြူနစ်တွေ ဖြစ် နေတုန်းလားဆိုတာကို ပြောတာဖြစ်ပါတယ်။ တရုတ်တွေဟာ နီခဲ့တယ်။ ရဲခဲ့တယ်။ နီရမယ် ချွန်ရမယ်…. လို့တောင် ဆိုခဲ့ကြသေးတယ်မလား။ နောက်တော့ နည်းနည်း အသွင်ပြောင်းလာတယ်။ နီရင် အလိုလို ချွန်လာ မယ်… လို့တောင် ဆိုခဲ့ကြတယ်။ နောက်ဆုံးတော့… ချွန်စရာ မလိုဘူး…. နီရင်ရပြီ ဆိုတဲ့ အဆင့်တောင်...

၈၈ နှောင်းပိုင်း မျိုးဆက်

၈၈ အရေးအခင်းအပြီး၊ (၂) နှစ်ခန့်အကြာမှာ ၊ ကျနော့်ကို မွေးခဲ့ပါသည်။ ကျနော့်ကို ကျနော် ၈၈ နှောင်းပိုင်း မျိုးဆက်ဟု သတ်မှတ်ထားသည်။ ၈၈ အရေးအခင်းကို မကြုံလိုက်စေကာမူ၊ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် လူဖြစ်ကြီးပြင်းခဲ့မှုကို ကောင်းကောင်း မှတ်မိသိရှိနေပါသည်။ ကျနော်တို့ ၈၈ နှောင်းပိုင်းမျိုးဆက်သည်၊ အတိတ်နှင့် အနာဂတ်၏ လွန်ဆွဲမှုဒဏ်ကို အမြဲလိုလိုခံနေရသည်။ အတိတ်၏ အာဃာတများကို လက်ဆင့်ကမ်းသွန်သင်ခြင်းခံရသည်။...