၈၈ နှောင်းပိုင်း မျိုးဆက်

၈၈ အရေးအခင်းအပြီး၊ (၂) နှစ်ခန့်အကြာမှာ ၊ ကျနော့်ကို မွေးခဲ့ပါသည်။ ကျနော့်ကို ကျနော် ၈၈ နှောင်းပိုင်း မျိုးဆက်ဟု သတ်မှတ်ထားသည်။ ၈၈ အရေးအခင်းကို မကြုံလိုက်စေကာမူ၊ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် လူဖြစ်ကြီးပြင်းခဲ့မှုကို ကောင်းကောင်း မှတ်မိသိရှိနေပါသည်။ ကျနော်တို့ ၈၈ နှောင်းပိုင်းမျိုးဆက်သည်၊ အတိတ်နှင့် အနာဂတ်၏ လွန်ဆွဲမှုဒဏ်ကို အမြဲလိုလိုခံနေရသည်။ အတိတ်၏ အာဃာတများကို လက်ဆင့်ကမ်းသွန်သင်ခြင်းခံရသည်။...