မြန်မာသစ် ၊ မြန်မာဟောင်း

ခေတ်သည် ရွေ့လာသည်။ ခေတ်သည် ပြောင်းလာသည်။ ရွေ့ခြင်း၊ ပြောင်းခြင်း၏ နောက်ကွယ်တွင် အသစ် အဟောင်း၏ အားပြိုင်မှုကို တွေ့ရသည်။ အသစ်သည် ဘာလဲ။ အဟောင်းသည် ဘယ်လိုလဲ။ အဟောင်းနှင့် အသစ်ကို ပုံဖော်ကြည့်ရန် လိုသည်။ အသစ်သည် ဘယ်လောက် သစ်နိုင်ပြီလဲ။ အဟောင်းသည် ဘယ်လောက် ဟောင်းသွားပြီလဲ။ သမိုင်း သမိုင်းကို ပြန်ကြည့်လျှင်၊ မြန်မာသည် ခေတ်အမျိုးမျိုး...

ဂျင်းနိုင်ငံ ၊ ဇော်ကန့်လန့်နိုင်ငံ ၊ ဘဲလို နိုင်ငံ

ဗုဒ္ဓအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ နိုင်ငံ…တဲ့။ ယဉ်ကျေးသိမ်မွေ့တဲ့နိုင်ငံ…တဲ့။ ကမ္ဘာကလူတွေကို မြန်မာဟာ ဘာဘာသာကို ကိုးကွယ်သလဲလို့ မေးရင်၊ ဗုဒ္ဓဘာသာလို့ တော်တော်များများ ဖြေကြလိမ့်မယ်။ မြန်မာပြည်က လူတွေကလည်း ပြောတယ်။ တို့ဟာ ငယ်ငယ်လေးကတည်းက ဗုဒ္ဓအဆုံးအမ နဲ့ ကြီးပြင်းလာတဲ့ နိုင်ငံ…တဲ့။ အင်မတန် ယဉ်ကျေးသိမ်မွေ့တယ်။ သဒ္ဓါတရားထက်သန်တယ်။ ရက်ရောတယ် လို့ ပြောကြတယ်။ မြန်မာပြည်ကို ရွှေမြန်မာလို့လည်း ပြောကြတယ်။...

အသစ်အဟောင်း ကိစ္စ

အသစ်အဟောင်းကိစ္စသည် အပြောင်းအလဲကိစ္စဖြစ်သည်။ အပြောင်းအလဲကာလတွင်၊ အသစ်အဟောင်း ကိစ္စ ပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား ပြဿနာပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား တိုးတိုက်မှု ပေါ်လာသည်။ အသစ်နှစ်အဟောင်းအကြာင်း ပဋိပက္ခပေါ်လာသည်။ အစားထိုးဝင်ရောက်လာသော အသစ်နှင့် တည်ဆဲအဟောင်းအကြား ဝေခွဲရခက်လာသည်။ ဝေခွဲရ ကြပ်လာသည်။ အသစ်ကို ရွေးမည်လော။ အဟောင်း ကို ဆက်လက်ကိုင်ဆွဲမည်လော။ အသစ်အဟောင်းကိစ္စသည် တရားသေအဖြေမရှိ။ အသစ်အားလုံးသည် မကောင်း။ ထိုနည်းလည်းကောင်း အဟောင်းအားလုံးသည်လည်း...

ကျင့်ထုံး နှစ်ခု ၊ သံယောင်လိုက်မှု

ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ အလွှာနှစ်ထပ်ရှိသည်။ ထိပ်ပိုင်းအလွှာနှင့် အောက်ပိုင်းအလွှာဟူ၍ ဖြစ်သည်။ ထိပ်ပိုင်းသည် ခေါင်းဆောင်မှုဖြစ်ပြီး၊ အောက်ပိုင်းအလွှာမှာ လူထုဖြစ်သည်။ ဒီမိုကရေစီသဘော တရားသည် ထိပ်ပိုင်းမှာတင် ကွက်ပြီး ပျံ့နေလို့ မရ။ အောက်ပိုင်းမှာလည်း ကျယ်ပြန့်စွာ နှံ့စပ်နေရမည်။ အောက်ခြေဒီမိုကရေစီကျင့်ထုံးများကို ချဲ့ရမည်။ သို့အတွက် ပြည်သူပါဝင်မှုကို မြှင့်တင်ရမည်ဟု ဟောသည်။ ဤနေရာတွင် ‘မည်သည့်နေရာ၌ ပါဝင်ရမည်နည်း’ ဆိုသည့် မေးခွန်းပေါ်လာသည်။...

ကလောင်ကိုင်သူများ

စာညွှန်း / စာပေအင်တာဗျူး (ပေါင်းချုပ်) ၊ ဟိန်းလတ် ။ Audio Book စာပေအင်တာဗျူးများကတော့ ကြာခဲ့ပါပြီ။ ၂၀၀၀ ခုနှစ် မတိုင်မီကတည်းက တွေ့ဆုံမေးမြန်းခန်းများဖြစ်သည်။ ဟိန်းလတ်၏ အင်တာဗျူးများ မတိုင်မီက၊ ဝင်းငြိမ်းက ပေဖူးလွှာမှာ စာရေးဆရာများကို အင်တာဗျူး ပင်တိုင် လုပ်ပြီး ထည့်သည်။ တချို့ကို တစ်ယောက်တည်းနှင့် ၂ လ၊ ၃...

အနာဂတ်ကို သွေးလန့်စေသူနှင့် အင်တာဗျူး

စာညွှန်း / တော်ဖလာနှင့် စကားစမြည် ၊ ကျော်ဝင်း ။ စာအုပ္အညႊန္း Audio Book တော်ဖလာနှင့် စကားပြောရတာ မောသွားသည်။ တော်ဖလာက လူမှုဗေဒသမားပီပီ လူ့အဖွဲ့အစည်း အကြောင်းကို လူပိန်းနားလည်အောင် ရှင်းသွားသည်။ မေးသမျှကို ဖြေ၍၊ ‘မုချများ’ ကို ရှောင်သွားသည်။ နောက်လာမည့် အနာဂတ်သည် မုချများ အရာမရောက်တော့မည့် ခေတ်ဆိုတာကို အတပ်နားလည်နေသည့်...

ဆရာမြနှင့်သူတို့

စာညွှန်း / ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း ၊ မြသန်းတင့် စာအုပ္အညႊန္း Audio Book ဆရာမြနှင့် ပတ်သက်လျှင် သူ့၏ ဘာသာပြန်ချက်များသာ အဖတ်ရများသည်။ ဆရာမြတွင် ပင်ကိုယ်ရေး ဝတ္ထု အချို့ရှိပါသည်။ မဟာဂန္တဝင် ဘာသာပြန်ချက်များလည်း အများအပြား ရှိပါသည်။ နိုင်ငံတကာ ဘာသာပြန် သတင်းဆောင်းပါးများလည်း ဖတ်ရသည်။ ဆရာမြနှင့် ပတ်သက်လျှင် စာပေါင်းစုံအထွေထွေကို...

ဆရာမြနှင့်သူတို့

စာညွှန်း / ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း ၊ မြသန်းတင့် စာအုပ္အညႊန္း Audio Book ဆရာမြနှင့် ပတ်သက်လျှင် သူ့၏ ဘာသာပြန်ချက်များသာ အဖတ်ရများသည်။ ဆရာမြတွင် ပင်ကိုယ်ရေး ဝတ္ထု အချို့ရှိပါသည်။ မဟာဂန္တဝင် ဘာသာပြန်ချက်များလည်း အများအပြား ရှိပါသည်။ နိုင်ငံတကာ ဘာသာပြန် သတင်းဆောင်းပါးများလည်း ဖတ်ရသည်။ ဆရာမြနှင့် ပတ်သက်လျှင် စာပေါင်းစုံအထွေထွေကို...

ရင်းနှီးမြုပ်နှံမှုကို မြူဆွယ်ခြင်းနှင့် ခရမ်းပျိုးချိန်အလွန်

လက်ဝဲရှုထောင့်ဖြင့်ကြည့်လျှင်၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုမှာ သွေးစုပ်အမြတ်ထုတ်ခြင်းဟု ပညတ်သည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပေါ် အမြင်ပြောင်းသွားသည်။ သွေးစုပ်ခံချင်လွန်းလို့ လက်ယက်ခေါ် နေရသည့် အဖြစ်မျိုးရောက်လာသည်။ ကိုယ့်ကို သွေးမစုပ်,စုပ်အောင် မြူဆွယ်နေရသော အနေအထားမျိုး ရောက်လာသည်။ ယခုမူ ပြောင်းပြန်ဖြစ်သွားပြီ။ သွေးစုပ်ရမည့်သူက လူကို ရွေးလာသည်။ လူတိုင်း၏ သွေးကို မစုပ်။ သူလိုချင်သည့် လူကို စိတ်ကြိုက်ရွေးနေရသည့်သဘော။ တတိယနိုင်ငံများက...

သုတေသနဓာတ်ခံ

ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်ပါ။ ကျနော်တို့ ပညာအသိုက်အဝန်းကို ကြည့်ပါ။ ကျနော်တို့ရဲ့ ပြုမူ လုပ်ကိုင်ပုံတွေကို ကြည့်ပါ။ ကျနော်တို့ တွေးခေါ်ချည်းကပ်ပုံတွေကို ကြည့်ပါ။ ကျနော်တို့ ဘယ်လောက် စနစ်တကျ လုပ်ကိုင်တတ်ပြီလဲ။ ကျနော်တို့ဟာ အချက်အလက်အပေါ်မှာ အခြေခံပြီး အလုပ်လုပ်တတ်ပြီလား။ သို့မဟုတ် စိတ်ထဲမှာ ကောင်းနိုးရာရာ ထင်တာကို လုပ်နေဆဲပဲလား။ တကယ့်ပြဿနာဆိုတာ ဘာမှန်းမသိဘဲ၊ အခြေခံယေဘုယျ ထင်မြင်ချက်နဲ့...