ဂျင်းနိုင်ငံ ၊ ဇော်ကန့်လန့်နိုင်ငံ ၊ ဘဲလို နိုင်ငံ

ဗုဒ္ဓအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ နိုင်ငံ…တဲ့။ ယဉ်ကျေးသိမ်မွေ့တဲ့နိုင်ငံ…တဲ့။ ကမ္ဘာကလူတွေကို မြန်မာဟာ ဘာဘာသာကို ကိုးကွယ်သလဲလို့ မေးရင်၊ ဗုဒ္ဓဘာသာလို့ တော်တော်များများ ဖြေကြလိမ့်မယ်။ မြန်မာပြည်က လူတွေကလည်း ပြောတယ်။ တို့ဟာ ငယ်ငယ်လေးကတည်းက ဗုဒ္ဓအဆုံးအမ နဲ့ ကြီးပြင်းလာတဲ့ နိုင်ငံ…တဲ့။ အင်မတန် ယဉ်ကျေးသိမ်မွေ့တယ်။ သဒ္ဓါတရားထက်သန်တယ်။ ရက်ရောတယ် လို့ ပြောကြတယ်။ မြန်မာပြည်ကို ရွှေမြန်မာလို့လည်း ပြောကြတယ်။...