နည်းပညာတက္ကသိုလ်များ၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စာတမ်း

TU Logo

စာတမ်းအကျဉ်းချုပ်

ဤစာတမ်းသည် နည်းပညာတက္ကသိုလ်(မန္တလေး)ရှိ၊ ကျောင်းသား၊ ကျောင်းသူများကို ကိုယ်စားပြု၍ ကျောင်းသား၊ ကျောင်းသူများဘက်မှ လိုလားသော ပညာရေးပြုပြင်ပြောင်းလဲမှုကို ရေးသားတင်ပြထားသည့် စာတမ်းတစ်စောင်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင် ဝန်ကြီး(၁) ယောက် အပြောင်းအလဲရှိတိုင်း နည်းပညာတက္ကသိုလ်များ၏ ပညာရေးစနစ် အပြောင်းအလဲနှင့် ကြုံတွေ့ရသည်ဖြစ်၍ အဆိုပါ ပုံစံမျိုးကို ထပ်မံ ကြုံတွေ့ရခြင်း မရှိစေရန် တိကျခိုင်မာ၍ အမြော်အမြင်ရှိရှိ ရေးဆွဲအကောင်အထည်ဖော်သည့် နည်းပညာ တက္ကသိုလ်များ၏ ပညာရေးစနစ် ခိုင်မာကောင်းမွန်စေရန် ရည်ရွယ်တင်ပြခြင်း ဖြစ်ပါသည်။

ဤစာတမ်းရေးသားရာတွင် လက်ရှိ နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ပညာပြီးဆုံးသွားသည့် ဘွဲ့ရများနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်စားပြီး ပြုပြင်ပြောင်းလဲရေးကို အားပေးသည့် နည်းပညာတက္ကသိုလ်နှင့်သက်ဆိုင်သည့် ဆရာများထံမှ အကြံဉာဏ် များ၊ ဆန္ဒသဘောထားများ ရယူ၍ လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲရေးစနစ်ကို ရေးသားတင်ပြ ထားပါသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်းတွင် ပုံနှိပ်ထုတ်ဝေထားသော ပညာရေးပြုပြင်ပြောင်းလဲရေးစာအုပ်၊ စာတမ်းများနှင့် ပြည်ပမှရေးသားထားသော စာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာ၍ သင့်တော်သော ပညာရေးစနစ်သစ်တစ်ရပ် အကောင်အထည်ဖော်ဖြစ်ပေါ်စေရန် ရေးသားတင်ပြထားပါသည်။
ဤစာတမ်းတွင် နည်းပညာတက္ကသိုလ်များ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်၍ ပုံသဏ္ဍာန် (၄) မျိုးတွေ့ရမည် ဖြစ်ပါသည်။ ၎င်းပုံသဏ္ဍာန် (၄) မျိုးမှာ –

(က) စနစ်ကို ပြုပြင်လိုက်ရုံဖြင့် ကောင်းမွန်ထိရောက်သွားနိုင်မည့် အပိုင်း
(ခ) ဘဏ္ဍာငွေကြေးအကုန်အကျခံ၍ ပြုပြင်ပြောင်းလဲနိုင်မည့် အပိုင်း
(ဂ) ဘဏ္ဍာငွေကြေးနှင့်တကွ လူ့အရင်းအမြစ်ပါ ပျိုးထောင်ပြီးမှ ပြုပြင်ပြောင်းလဲနိုင်မည့် အပိုင်းနှင့်
(ဃ) ငွေကြေး၊ လူ့အရင်းအမြစ်ကို ပျိုးထောင်ပြီးသော်လည်း အချိန်ကာလတစ်ခုသို့ စောင့်ဆိုင်းပြီးမှ သာ ပြုပြင်ပြောင်းလဲနိုင်မည့် အပိုင်း ဟူ၍ တွေ့ရမည် ဖြစ်ပါသည်။

ထို့ကြောင့် ဤစာတမ်းတွင် ရေးသားထားသော ပြုပြင်ပြောင်းလဲရေးနည်းနာများကို ဖတ်ရှုတိုင်း အထက်ပါ ပုံသဏ္ဍာန် (၄) မျိုးတွင် မည်သည့် အပိုင်း၌ပါဝင်သနည်းဆိုသည့် ယှဉ်တွဲစဉ်းစားချက်ဖြင့် ရေးသားတင်ပြထား ပါသည်။ ထို့ကြောင့် အဆိုပါ အချက်ကို အချက်တိုင်း၊ အချက်တိုင်း၊ အခန်းတိုင်း၊ အခန်းတိုင်းတွင် ယှဉ်တွဲစဉ်း စားခြင်းဖြင့် အကျိုးရလဒ်ကောင်းသော တွေးဆချက်များ ထွက်ပေါ်လာနိုင်သည်ဟု တင်ပြပါသည်။

စာတမ်းအပြည့်အစုံကို ဖတ်ရှုလိုပါက….
PDF Download နှိပ်၍ ဆွဲချ ဖတ်ရှုနိုင်ပါသည်။

ဤစာတမ်းသည် ၂၀၁၃ ခုနှစ်တွင်ရေးသားထားသော စာတမ်းဖြစ်ပါသည်။

Reader Previous post စာဖတ်နည်း
Myanmar Parliment Next post လွှတ်တော် အမတ်