• ဖတ်ချင်သလို ဖတ်….
• ကြိုက်တဲ့နည်းနဲ့ ဖတ်….

စာဖတ်နည်းအကြောင်း ပြောချင်ပါတယ်။ ကျနော့် စာသင်ခန်းထဲမှာ၊ အမြဲကြုံရတဲ့ မေးခွန်းဖြစ်ပါတယ်။ ဘယ်စာဖတ်နည်းက အကောင်းဆုံးလဲ ဆိုတာ…. စာကို ဘယ်လို ဖတ်ရမလဲ ဆိုတာ….

ကျနော်….၊ ရိုးရှင်းစွာ ဖြေတယ်။ ကျနော့် စာဖတ်သက်တစ်လျှောက် ကျနော် ကိုယ်တိုင် ရခဲ့တဲ့နည်းကို ပြောလိုက်တယ်။

• ဖတ်ချင်သလို ဖတ်….
• ကြိုက်တဲ့နည်းနဲ့ ဖတ်….
• ကိုယ့်စရိုက်နဲ့ ကိုက်တဲ့ နည်းက အကောင်းဆုံးပါပဲ….


လူတွေအားလုံးအတွက် အကောင်းဆုံး စာဖတ်နည်းဆိုတာ မရှိဘူး။ ကိုယ့်စရိုက်နဲ့ အကိုက်ညီဆုံးသော စာဖတ်နည်းကို သုံးနိုင်သူက၊ စာဖတ်ခြင်းကနေ အကျိုးကျေးဇူး အများဆုံး ရတဲ့သူပါပဲ။

မြန်မာရော၊ ကမ္ဘာမှာပါ စာဖတ်နည်းတွေကို စာအုပ်တွေ ရေးကြတယ်။ ဒါတွေကိုလည်း ဖတ်ကြည့်သင့်ပါတယ်။ သူများတွေ ဘယ်လို ဖတ်သလဲ ဆိုတာ သိရတာပေါ့။ အဲ့လိုပဲ ကိုယ့်အတွက် သုံးကြည့်လို့ ရတဲ့ နည်းကို ရတာ ပေါ့။ ဒါပေမယ့်၊ နားလည်ထားဖို့က သူ့ရဲ့ အကောင်းဆုံး စာဖတ်နည်းက ကိုယ့်အတွက် အကောင်းဆုံး စာဖတ် နည်း ဖြစ်ချင်မှ ဖြစ်မယ်။ ဖြစ်ချင်လည်း ဖြစ်မယ်။ ဘာမှ ပုံသေ မရှိဘူး။ တရားသေ မမှန်ဘူး။
လူတွေက စရိုက်တွေမှ၊ မတူကြတာ။

အဲ့တော့၊ စာဖတ်သမား တစ်ယောက်ဟာ၊ ကိုယ်ပိုင် စာဖတ်နည်းကို ရဖို့အတွက် လုပ်ရမယ့် အလုပ် (၅) ခု ရှိတယ်။

• နံပါတ် (၁) က၊ ကိုယ့်စရိုက်က ဘာလဲ ဆိုတာကို နားလည်အောင် လုပ်ဖို့။
• နံပါတ် (၂) က၊ ဘယ်လို စာဖတ်နည်းတွေ ရှိသလဲ ဆိုတာကို လေ့လာဖို့။
• နံပါတ် (၃) က၊ ကိုယ့်အတွက် သင့်တော်မယ် ထင်တဲ့ စာဖတ်နည်းအတိုင်း၊ တစ်စိုက်မတ်မတ် ကျင့်သုံးကြည့်ဖို့၊
• နံပါတ် (၄) က၊ စာကို ဖတ်နေရင်း၊ ကိုယ်နဲ့ တကယ်သင့်တော်သလားဆိုတာကို မပြတ်သုံးသပ်ကြည့်နေဖို့။
• နံပါတ် (၅) က၊ သုံးသပ်လို့ရလာတဲ့ ရလဒ်အပေါ် မူတည်ပြီး၊ လေ့ကျင့်သင့်ရင် ထပ်လေ့ကျင့်၊ ပြောင်းလဲသင့် ရင် ထပ်ပြီး ပြောင်းလဲ။
• အဲ့ဒီလို နံပါတ်(၁) ကနေ (၅) အထိ၊ လိပ်ပတ်လည်အောင် လုပ်ကြည့်ဖို့ လိုတယ်။
စာဖတ်ခြင်းကနေ၊ အကျိုးများများ ရနိုင်ကြစေဖို့၊ ရေးလိုက်ပါတယ်။

မင်းသေ့
ည ၁၁ း ၂၅
၉ ၊ ဧပြီ ၊ ၂၀၁၈ ။

Books and Men Previous post စာအုပ်များ လူများ
TU Logo Next post နည်းပညာတက္ကသိုလ်များ၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စာတမ်း