နည်းပညာတက္ကသိုလ်များ၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စာတမ်း

စာတမ်းအကျဉ်းချုပ် ဤစာတမ်းသည် နည်းပညာတက္ကသိုလ်(မန္တလေး)ရှိ၊ ကျောင်းသား၊ ကျောင်းသူများကို ကိုယ်စားပြု၍ ကျောင်းသား၊ ကျောင်းသူများဘက်မှ လိုလားသော ပညာရေးပြုပြင်ပြောင်းလဲမှုကို ရေးသားတင်ပြထားသည့် စာတမ်းတစ်စောင်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင် ဝန်ကြီး(၁) ယောက် အပြောင်းအလဲရှိတိုင်း နည်းပညာတက္ကသိုလ်များ၏ ပညာရေးစနစ် အပြောင်းအလဲနှင့် ကြုံတွေ့ရသည်ဖြစ်၍ အဆိုပါ ပုံစံမျိုးကို ထပ်မံ ကြုံတွေ့ရခြင်း မရှိစေရန် တိကျခိုင်မာ၍ အမြော်အမြင်ရှိရှိ ရေးဆွဲအကောင်အထည်ဖော်သည့် နည်းပညာ...