ကြက်သအုပ်မ – နှစ်ခါယက် ၊ ရေထွက်တဲ့ ဒေသ

မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ရင်၊ ဒေါက်တာသန်းထွန်းရဲ့ စကားလေး တစ်ခွန်း ထည့်ထည့် ပြောဖြစ်တယ်။ “သွားရမည့်ခရီးကား ဝေးသေး၏။ ခြေသာလျှင် ယာဉ်ရှိကုန်၏” တဲ့။ အစတုန်းက ဒီစကား လေးကို သိပ်နားမလည်ဘူး။ လူထုတော်လှန်ရေးကာလ တဖြည်းဖြည်း ကာလရှည်လာမှ၊ တစိမ့်စိမ့်တွေး မိပြီး သဘောပေါက်လာတယ်။ “သွားရမည့်ခရီးကား ဝေးသေး၏” ဆိုတာ တကယ့်အမှန်ပါပဲ။ ဘယ်ယာဉ်ရထားမှ အားကိုးလို့ မရဘူး။ ကိုယ့်ခြေထောက်ကို...

စီနီယာ ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လေသလား ဖျက်လိုဖျက်စီး လုပ်တာလား

၁။ လမ်းပြ မြေပုံ (၇) ချက်ချပြီး၊ လမ်းစဉ်အတိုင်း အကောင်အထည်ဖော်ခဲ့တဲ့၊ ဗိုလ်သန်းရွှေနဲ့ သူ့နောက်လိုက်များ။ ဦးသိန်းစိန်၊ သူရရွှေမန်း၊ ဦးတင်အေး၊ ဦးတင်နိုင်သိန်း၊ ဦးစိုးသိမ်း၊ ဦးအောင်မင်း။ သူတို့ဟာ စစ်ဘက်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။ ၂။ ၁၉၅၀ တစ်ဝိုက်က၊ တောင်ကိုရီးယားနိုင်ငံက သမ္မတ ပတ်ချုံဟီးဟာ၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအစိုးရအသွင် အုပ်ချုပ်ခဲ့ပါ တယ်။ ရွေးကောက်ပွဲကျင်းပပေးပြီး...

ထွက်ပေါက်မဟာဗျူဟာ အယူအဆ

၁။ ၁၉၈၈ လူထုအရေးတော်ပုံနဲ့ ပတ်သက်ပြီး၊ မောင်စူးစမ်းက မဟာဗျူဟာ ပြဿနာတချို့ကို တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် မောင်စူးစမ်းတင်ပြခဲ့တဲ့ မဟာဗျူဟာနဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေ၊ လူအများ မနှစ်မြို့ခဲ့တာတွေ အတော်များများရှိခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးဓလေ့မှာ မဖောက်ထွက်နိုင်သေးတဲ့ အကျင့်ဓလေ့တွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ အခုလည်း မောင်စူးစမ်းတင်ပြခဲ့ဖူးတဲ့ မဟာဗျူဟာ အယူအဆတွေထဲက၊ ထွက်ပေါက်ပေးရေး မဟာဗျူဟာနဲ့ပတ်သက်ပြီး တိုက်ဆိုင်တာတွေ ရှိနေလို့၊ ထပ်မံ...

လက်နက်ကိုင်လမ်းစဉ်

လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးလမ်းစဉ်။ အကြမ်းဖက်နိုင်ငံရေးနဲ့ အကြမ်းမဖက် နိုင်ငံရေးဆိုပြီး ကွာတာပဲ။ မြန်မာပြည်နိုင်ငံရေးအင်အားစုဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရင် ဘာဖြစ်နိုင်သလဲ။ တနည်း အောင်မြင်နိုင်သလား။ ကျရှုံးနိုင်သလား။ လက်ရှိအခြေအနေမှာတော့၊ အောင်မြင်နိုင်ဖို့ ကျရှုံးသွားဖို့ ဆိုတာထက် ဇာတ်မျောကြီးဖြစ်သွားဖို့ ပိုနီးနေတယ်။ အောင်မြင်ဖို့အတွက်ဆိုရင် ဘာလုပ်ရမလဲ။ ဘာဖြစ်ရမလဲ။ နံပါတ်တစ် - လူမျိုးစု လက်နက်ကိုင်အင်အားကြီးအဖွဲ့တော်တော်များများ ညီရင် ရတယ်။ ကေအိုင်အေ၊ ကေအန်ယူ၊...

ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅ – )

• ၁၉၄၅ ခုနှစ် တွင်မွေးဖွား။• အဖ ဦးအောင်ဆန်း ၊ အမိ ဒေါ်ခင်ကြည်။• ရန်ကုန်မြို့ ဇာတိ။• မွေးချင်း (၃) ယောက်အနက် အငယ်ဆုံး သမီး။• အာဏာရှင်တော်လှန်ရေး၏ တပ်ဦး• လူထုခေါင်းဆောင်• နိုင်ငံရေးသမား• ဒီမိုကရက်တစ်ဘက်တော်သား• လူထုတပ်ဦး• အမျိုးသားခေါင်းဆောင်• နိုင်ငံတော်အတိုင်ပင်ခံ• သမိုင်းအစဉ်အလာကြီးမားတဲ့ အသိုက်အဝန်းက ဆင်းသက်လာသူ• တိုင်းပြည်အတွက် အရာအားလုံးကို စွန့်ရဲသူ•...

ဒီမိုကရေစီ လူ့ဘောင်သို့

မြန်မာပြည်အသွင်းကူးပြောင်းရေးနဲ့ပတ်သက်ပြီး ရေတို၊ ရေရှည်အကဲဖြတ်ရမယ့်ကိစ္စတွေ ရှိပါတယ်။ တိုင်းပြည် အုပ်ချုပ်ခြင်းအလုပ်ဆိုတာဟာ လတ်တလောအကျိုးအတွက် ကြည့်ပြီး လုပ်ရတာတွေ ရှိတယ်။ ထိုနည်းလည်း ကောင်း၊ ရေရှည်မြော်မြင်ပြီး လုပ်ရတာတွေလည်း ရှိပါတယ်။ ရေတို / ရေရှည်သဘော အခုရေတွင်းတူး အခုရေကြည်သောက် ဖြစ်ချင်လို့ မရတဲ့ ကိစ္စတွေလည်း ရှိတယ်။ နှစ်ရှည်ပင်စိုက်သလို၊ စိုက်ထားပျိုးထားပြီး လေးငါးဆယ်နှစ်လောက်ကြာမှာ အသီးအပွင့် စ,ပြလာမယ့်ကိစ္စတွေလည်း ရှိနေပြန်တယ်။...

◾ ပြုပြင်ပြောင်းလဲရေးကိစ္စ။

မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲရေးကိစ္စကို အနည်းငယ်ပြောချင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလို့ ပြောတဲ့ နေရာမှာ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆိုတာ ရှိတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာ ရှိတယ်။ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး၊ ဒီမိုကရေစီကို အသွင်ကူးပြောင်းနေတဲ့ကာလမှာ ပြုပြင် ပြောင်းလဲရေးကိစ္စကို အပြောများကြတယ်။ နိုင်ငံရေးကိစ္စနဲ့ စီးပွားရေးကိစ္စ။ နိုင်ငံရေးကိစ္စမှာ၊ ဒီမိုကရေစီ ကျင့်ထုံးတွေ အသက်သွင်းတဲ့ကိစ္စပါဝင်တယ်။ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ တည်ဆောက်မှု အပိုင်းပါတယ်။ ပြည်သူ့အခြေပြုမူဝါဒတွေကို ဘယ်လိုချမှတ်မလဲ၊ ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတဲ့ကိစ္စပါတယ်။...