ဦးဝိစာရ (သို့မဟုတ်) အာဏာဖီဆန်ရေး၏ သင်္ကေတ၊ တော်လှန်သော သတ္တိရှေ့ဆောင်
ဆရာတော် ဦးဝိစာရကို ဆရာတော် ဦးဥတ္တမထက် ပိုပြီး ထင်ရှားလူသိများစေတဲ့အရာတွေ ရှိပါတယ်။ တကယ်တော့၊ ဆရာတော် ဦးဥတ္တမဟာ ဆရာတော် ဦးဝိစာရရဲ့ နိုင်ငံရေးလမ်းပြ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ သို့သော် ဆရာတော် ဦးဝိစာရဟာ ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြမှုနဲ့ ထင်ရှားပါတယ်။ ကိုလိုနီအစိုးရကို အာဏာဖီဆန်တဲ့နေရာမှာ၊ အဆုံးစွန်ဆုံးအထိ မလျော့သောဇွဲနပဲနဲ့ အာခံမှုဟာ ပြင်းထန်လွန်းတာကြောင့် ဦးဝိစာရကို လူအများက ပိုပြီး သတိရတာဖြစ်ပါလိမ့်မယ်။...