▄ လူငယ်တစ်ယောက်၏ အလုပ်

လူငယ်တစ်ယောက်ရဲ့အလုပ်ကို ခေါင်းစဉ်တပ်ပြီးရေးရလောက်အောင် အရေးကြီးတဲ့အလုပ် ရှိလို့လား။ ဒါမှ မဟုတ် ဒီအလုပ်ဟာ အင်မတန် အရေးကြီးတဲ့အလုပ်ဖြစ်ရမယ်။ တနည်းအားဖြင့် လူငယ်တစ်ယောက် မဖြစ် မနေ လုပ်ရမယ့် အလုပ်ကို ပြောဖို့ ဖြစ်လိမ့်မယ်။ အဲဒါဆို ဘာလဲ။ လူငယ်တစ်ယောက်မှာ မဖြစ်မနေ လုပ်ရမယ့် အလုပ်ဆိုတာ ဘဝနဲ့ ချီပြီး အရေးကြီးတာ ရှိလို့လား။ အရေးကြီးတာတွေက အများကြီး မဟုတ်ဘူးလား။...

ယုံကြည်မှုလိုအပ်ချက်

ယုံကြည်တာနဲ့ပတ်သက်ပြီး ကျနော် ပြောချင်တဲ့အချက် (၃) ချက်ရှိပါတယ်။ နံပါတ် (၁) လေ့လာသင်ယူမှုအပေါ်မှာ ယုံကြည်တာ။နံပါတ် (၂) အလုပ်လုပ်ခြင်းအပေါ်မှာ ယုံကြည်တာ။နံပါတ် (၃) စေတနာ အကျိုးပေးတယ်ဆိုတာကို ယုံကြည်တာ။ အထူးသဖြင့်၊ လူတစ်ယောက်ဟာ လူရယ်လို့ဖြစ်လာရင် လူချင်းတူတူ သူချင်းမျှမျှ နေနိုင်ဖို့၊ လူသူတော်ကောင်း တွေကြားထဲမှာ လူတောတိုးနိုင်ဖို့၊ ဘဝမှာတည်ငြိမ်တည့်မတ်စွာ နေနိုင်ဖို့ ဒီအချက် သုံးချက်က အရေးကြီးတယ်...

▄ နန္ဒာသိန်းဇံ၏ သွန်သင်ချက်

Nandar-Thein-Zan-His-Teaching-by-Min-ThaytDownload ကျနော်ဟာ ဆရာ နန္ဒာသိန်းဇံရဲ့ ဘဝရုပ်ပုံလွှာကို ရေးချင်ပေမယ့်၊ ရေးလို့ မဖြစ်နိုင်ပါ။ အကြောင်းမှာ၊ ဆရာ့ ဘဝထက် ဆရာ့ စာပေကိုသာ ကျနော်ဟာ လေ့လာခွင့်ရလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးဟာ၊ ဆရာ နန္ဒာသိန်းဇံရဲ့ စာပေရုပ်ပုံလွှာဖြစ်ပါတယ်။ ဆရာ နန္ဒာသိန်းဇံရဲ့ စာပေဝိညာဉ်ဖြစ်ပါတယ်။ ဆရာ နန္ဒာသိန်းဇံ ရဲ့ စာပေအားဖြင့် သွန်သင်ချက်တွေဖြစ်ပါတယ်။ ဆရာ နန္ဒာသိန်းဇံဟာ...

▄ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပါ့မလား

ဆရာကြီး ဒဂုန်တာရာရဲ့ သွန်သင်ချက်မှာ၊ “ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ နိုင်ငံရေး” ဆိုတာပါတယ်။ ဒါဟာ နာမည်ကျော် အဆိုအမိန့်အဖြစ် တည်ရှိနေတယ်။ ထိုနည်းလည်းကောင်းပဲ နိုင်ငံရေးနယ်ပယ်မှာ၊ နိုင်ငံ ရေးသတ္တဝါတချို့ ကိုးကားပြောဆိုကြတယ်။ ဒါပေမယ့် အင်မတန် နည်းပါတယ်။ နိုင်ငံရေးစာရေးသားတဲ့ ကလောင်တွေထဲကတောင်၊ ဒီအဆိုအမိန့်ကို နှစ်နှစ်ခြိုက်ခြိုက်ကိုးကား ရေးသားတာ နည်းပါးပါတယ်။ ထားတော့။ ဒီနေရာမှာ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့...

▄ သမိုင်းလေ့လာချက် အမြင်

မြန်မာ့သမိုင်းလေ့လာချက်နဲ့ပတ်သက်ပြီးတော့၊ စာအုပ်တစ်အုပ်အဖြစ် ဖြစ်ဖြစ်မြောက်မြောက်ရေးသားနိုင်ဖို့၊ ကျနော် အားထုတ်နေပါတယ်။ အထူးသဖြင့်၊ မြန်မာ့ခေတ်သစ်သမိုင်းကို ကျနော် ပိုစိတ်ဝင်စားတယ်။ ခေတ်သစ် သမိုင်းဆိုတာဟာ ၂၀ ရာခုခေတ်တစ်လျှောက်လုံးဖြစ်ထွန်းလာတဲ့ မြန်မာ့သမိုင်းကိုဆိုလိုတာဖြစ်ပါ တယ်။ သမိုင်းဟာ နယ်ပယ်၊ ကဏ္ဍအားဖြင့် ကျယ်ပြောပါတယ်။ ကျနော် ပိုအာရုံစိုက်တဲ့အပိုင်းကတော့၊ နိုင်ငံရေးသမိုင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ ဆက်စပ်ပြီးတော့၊ ယဉ်ကျေးမှု/ဓလေ့/စရိုက်တွေကို စိတ်ဝင်စားလာပါတယ်။ ဒီလိုနဲ့ဆက်စပ်လေ့လာပြီး စာအုပ်စာစောင်တွေ ရှာဖတ်ပါတယ်။ ဖတ်ရင်းနဲ့...

▄ အတွေးအခေါ်သစ်ပင်

အတွေးအခေါ် အယူအဆတွေဟာ သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ အတွေးအခေါ်၊ အယူအဆတွေကို သေချာ ပြင်ဆင်ထုပ်ပိုးထားတဲ့ the set of ideas လို့ အိုင်ဒီယော်လိုဂျီတွေဟာလည်း သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ သစ်ပင်တွေဟာ ရေခံမြေခံပေါ်လိုက်ပြီးတော့၊ ပေါက်ပွားလေ့ရှိတယ်။ ပေါက်ရောက်တဲ့ရေမြေဓာတ်ခံနဲ့ မျိုးစိတ် ရဲ့ သဘာဝကိုက်ညီတဲ့အခါ၊ ဓာတ်ကိုက်ညီတဲ့အခါမှာ ဖြစ်ထွန်းတယ်။ တခါတရံလည်း ပိုးမွှားကျလို့ မျိုးသုဉ်း တာလည်း ကြုံတာပေါ့။ ရေမြေအလိုက် ပေါက်ရောက်တဲ့...

အနီရောင် ကြက်ခြေခတ်

ကျနော် အမှားတွေကို မကြောက်ပါဘူး။ ဒါပေမယ့် ကျနော် အမှားတွေကိုလည်း မကြိုဆိုပါဘူး။ အမှားတွေနဲ့ ပတ်သက်ရင် ကျနော်တို့ဟာ စိုးရိမ်ချက် ကိုယ်စီရှိကြတယ်။ မမှားခင်ကလည်း အမှားဖြစ်မှာကြောင့် စိုးရိမ် ကြောင့်ကြကြတယ်။ ထိုနည်းလည်းကောင်းပဲ…. မှားနေရင်လည်း အမှားကြောင့်ပဲ ပူပန်နေရတယ်။ မှားပြီးသွား ရင်လည်း မှားခဲ့တာကြောင့် နောင်တရကြတာပါပဲ။ ဒါ့ကြောင့် အမှားဆိုတာကို ကျနော်တို့တော်တော်များများ ဟာ ကြားလိုက်ရင် ခြောက်ခြားနေကြတယ်။...

ဤသုံးချက်

လူဟာ ကိုယ်ဝါသနာပါတဲ့နယ်ပယ်မှာ ခြေလှမ်းတစ်လှမ်းပီပီပြင်ပြင် ချထားနိုင်ပြီဆိုရင် ဆန်းစစ်ရမယ့် ပေတံ (၃) ချောင်းရှိတယ်။ ဒါဟာ ရေရှည်ခရီးအတွက် အထောက်အပံ့ကောင်းဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ထား တယ်။ ၁) အောက်သက်ကြေတာ ၂) ဝမ်းစာဖြည့်တာ ၃) ကိုယ်ခံအားကောင်းတာ ဒီသုံးချက်ဟာ ပရော်ဖက်ရှင်နယ်ကို ကျကျနန လှမ်းနေတဲ့သူတွေအတွက် ပိုအရေးကြီးမယ် ထင်တယ်။ အောက်သက်ကြေတာ လူတစ်ယောက်ဟာ ကိုယ်ရေရှည်မြုပ်နှံမယ့်နယ်ပယ်မှာ အောက်ခြေတန်းအလုပ်တွေ...

သပ္ပာယ်ခြင်း ဓမ္မတရား

မိုက်မဲသော ကျက်သရေဟူသည် မရှိပါ။ ကြည်နူးဖွယ် ကျက်သရေဟုသာ ရှိပါသည်။ ကျက်သရေသည် မိုက်ခြင်းနှင့် မတွဲ။ ကြည်နူးဖွယ်၊ သာယာဖွယ်၊ နူးညံ့ဖွယ်၊ မင်္ဂလာရှိဖွယ်…. စသော အနက်သဘောနှင့်သာ ယှဉ် တွဲပါသည်။ ညနေခင်းသည် သာယာပါသည်။ လေပြေသည် တိုး၍ တိုက်ခတ်နေသည်။ လူများ ပျားပန်းခတ်အောင် သွား လာနေသော်လည်း မကျပ်တည်း။ မရှုပ်ထွေး။ မဆူညံ။ အားလုံးသည်...

စိတ်လုံချင်တယ် စိတ်သန့်ချင်တယ်

• ကျနော် စိတ်သန့်ချင်တယ် • ကျနော် စိတ်လုံချင်တယ် အလုပ်တစ်ခုကို လုပ်နေတိုင်း၊ အလုပ်တစ်ခုကို လုပ်ပြီးသွားတိုင်း ကျနော့်ကို ကျနော် ပြန်ပြန်မေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲဒီ့မေးခွန်းက စိုင်းထီးဆိုင်ရဲ့သီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုဖြစ်ပါတယ်။ ထိုက်တန်တဲ့ရင်းနှီးမှုရှိရဲ့လား…. ဆိုတဲ့ မေးခွန်း။ ကျနော်ကိုယ်တိုင် အလုပ်တစ်ခုခုကနေ အကျိုးရလဒ်တစ်ခုခုကို ခံစားမိတိုင်း ဒီရလဒ်နဲ့ ငါဟာ ထိုက်တန်ရဲ့ လားလို့ ကိုယ့်ကိုယ်ကို ခဏ...