ကျနော်

ကျနော့်ဘဝမှာသင်ယူနိုင်ခဲ့တဲ့ အရာ (၄) ခုရှိခဲ့တယ်။ • ဉာဏ်ပညာကို ချစ်မြတ်နိုးဖို့ • လူတွေကိုတန်ဖိုးထားဖို့၊ • အမှားတွေကို မကြောက်တတ်ဖို့၊ • ငွေကို သုံးတတ်ဖို့ ဆိုတဲ့ သင်ယူမှု (၄)ခုဖြစ်ပါတယ်။ လူငယ်ဘဝမှာတင် ဒီလေးခုကို သင်ယူနိုင်ခဲ့လို့၊ ကျနော်ကံကောင်းတယ်လို့ ကျနော်ထင်တယ်။ ဉာဏ်ပညာကို တကယ်မချစ်ခဲ့ရင် ကျနော်ဟာ လူပိန်းလူအ လူန လူနုံ လူဖျင်း...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

စားသောက်မှုပုံစံ နဲ့ လူ့အဖွဲ့အစည်း

လူမျိုးတစ်မျိုးရဲ့စားသောက်မှုပုံစံဟာ ဘယ်လောက်အရေးကြီးသလဲ…. ကျနော်က ဆရာဝန်တစ်ယောက်တော့ မဟုတ်ဘူး။ ဒါ့ကြောင့် သေချာအသေးစိတ် ဂဃနဏပြောတယ်မယ်လို့ တော့ မထင်ဘူး။ ဒါပေမယ့် လူမျိုးတစ်မျိုးရဲ့ စားသောက်နေထိုင်မှုပုံစံဟာ အဲသည့်လူမျိုးရဲ့လူ့အဖွဲ့အစည်း အတွက် သိပ်အရေးကြီးတယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံလိုမျိုး ဆင်းရဲတဲ့နိုင်ငံတွေဟာ နေ့စဉ် စားသောက်မှုပုံစံကို ရွေးချယ်လို့ရတဲ့ အဆင့်မှာ မရှိဘူး။ ဘာလို့လဲဆိုတော့ ဆင်းရဲလို့ပဲ။ ကိုယ်စားသောက် မယ် အစားအစာ၊...

ကျနော် မေးမယ်

အောင်မြင်မှုအကြောင်း ခင်ဗျား ဘယ်လောက်နားလည်သလဲ… အောင်မြင်မှုအကြောင်း နားမလည်ချင်ဘူး။ ဘာလို့လဲဆိုတော့ လူတော်တော်များများဟာ အောင်မြင်မှုဆိုတာ ကို အများတကာတွေ အသိအမှတ်ပြုမှုနဲ့ တိုင်းတာကြလွန်းလို့ နားမလည်ချင်တော့တာ။ အများတကာဆိုတာ က အမျိုးမျိုးဖြစ်နိုင်တယ် မဟုတ်လား။ သူတို့တိုင်းတံပေတံတွေကလည်း အဖုံဖုံများလို့နေတယ်မလား။ ဒါ့ကြောင့် အများအသိအမှတ်ပြုခံရအောင် လုပ်တယ်ဆိုတာ အရှုးကို လင်လုပ်နေရသလိုဖြစ်နေတယ်။ ဘယ်သူ့ အသိအမှတ်ပြုမှုကို လိုချင်တာလဲ။ ဘယ်လောက်အသိအမှတ်ပြုခံချင်တာလဲ။ အသိအမှတ်အပြုမခံရရင် အလုပ်...

တည်နေရာ ရန်ကုန် ငပိရည် အက်ဆေး

ဗမာတွေဟာ အပုပ်အစပ်ကြိုက်တတ်သော သတ္တဝါပေလား မသိ။ ငပိနှင့် ငံပြာရည်ကို အတော်စားသည်။ အငံ လည်း အစားများသည်။ သီချင်းတွေကတောင် စပ်ဆိုသေးသည်။ ‘မြန်မာဆိုရင် ငပိကို မမေ့နဲ့…. စာပေမှာ ဗျည်းနဲ့သရ….တို့’ ။ ကျနော်ငယ်ငယ်တုန်းက ကြားခဲ့ဖူးသော သီချင်းဖြစ်သည်။ တွံတေးသိန်းတန် ဆိုတာဖြစ် သည်။ စပ်ဆိုသော တေးရေးဆရာကပဲ ဗမာ့ငပိကို တင်စားချင်လို့များလား မသိ။ ဗမာတွေ...

အဖိုးကြီး

ဘာလို့ အဖိုးကြီးလို့ ခေါ်သလဲ။ တန်ဖိုးကြီးလို့ အဖိုးကြီးလို့ ခေါ်ခြင်းဖြစ်သည်။ တန်ဖိုးကြီးခြင်း၏ အကြောင်းများ၊ များရှိသည်။ • ပညာနှင့် အတွေ့အကြုံ။ • အတွေ့အကြုံနှင့် ဖြတ်သန်းမှုက ရသည့် ပညာ။ • ဘဝနှင့် ရင်းပြီး ရခဲ့သော ဒဿနများ။ • မတူသော ခေတ်စနစ်၊ အခြေအနေမှ ဒုက္ခများ။ ခလုတ်ကသင်းများ။။ လေ့လာသင်ယူ၍ မရနိုင်သော၊...

ရွှေတောင်တက် ဒဿန

တကယ်တော့ ကျွန်တော်က တောင်တက်သမား စစ်စစ် မဟုတ်ပါ။ သို့သော် တောင်တက်သမား အတုလည်း မဟုတ်ပါ။ တောင်တက်ခြင်းကို ဝါသနာထုံသော်လည်း အမြဲတမ်း တစ်စိုက်မတ်မတ် မလိုက်စားနိုင်သော ကြောင့်၊ တောက်တက်သမား စစ်စစ် မဟုတ်ဟု ဆိုခြင်းဖြစ်သည်။ ပရော်ဖက်ရှင်နယ် တောင်တက်သမားများ နှင့်ယှဉ်လိုက်လျှင်မူ၊ ကျွန်တော့် စွမ်းရည်မှာ မည်ကာမတ္တအဆင့်သာ။ မည်သို့ပင်ဆိုစေ၊ တောင်တက်ခြင်းကို ကျွန်တော် နှစ်သက်သည်။ တောင်တက်ခြင်းဖြင့်ရသော၊...

တက္ကသိုလ်နေ့စွဲများ

တကယ်တော့ ကျွန်တော်က တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝမရခဲ့သူ။ မရခဲ့ဘူးဆိုတာ၊ မယူခဲ့လို့ ဖြစ်ပါသည်။ ယူသော်ရ၏။ သို့သော်…. ကျွန်တော် အကြောင်းကြောင်းကြောင့် မယူဖြစ်ခဲ့ဘူး။ နည်းပညာ တက္ကသိုလ်မှာ၊ ၅ နှစ်တိတိ ကျောင်းတက်ခဲ့သည်။ ကျောင်းပြီးပြီးချင်း၊ စာကြည့်တိုက်မှူးအလုပ်လုပ်ရင်း မန္တလေး တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဘွဲ့လွန် ဒီပလိုမာသင်တန်းတက်သည်။ အိုင်အာ သင်တန်း အပတ်စဉ် (၁) ကျောင်းသား ဖြစ်ခဲ့သည်။ ကျောင်းတက်မှုကာလ...

@ တည်နေရာ ရန်ကုန် ကန်စွန်းရွက် အက်ဆေး

“ကန်စွန်းရွက် တစ်စီးဘယ်လောက်လဲဗျ….” “တစ်စီး ၄၀၀…” “ဗျာ… တစ်စီး ၄၀၀ ….” “အမလေးဗျာ….” အရွက်က ခပ်ဖားဖား။ အရိုးက တုတ်တုတ်။ အနွယ်က ရှည်ရှည်မျောမျော။ စိမ်းစိမ်းဖန့်ဖန့်။ ရိုးတံပွပွ။ ကန်စွန်းရွက်အမျိုးအစား တော်တော်များများ ရှိပါသည်။ သုံးလေး ငါးမျိုးလောက် ရှိပါသည်။ သို့သော် ရန်ကုန်မှာ အတွေ့ရများသည်ကတော့ ၊ နှစ်မျိုးသုံးမျိုးလောက်သာ။ ကန်စွန်းရွက်စားပါးဝသော ရန်ကုန်သူ/...