ဖွံ့ဖြိုးမှုသို့ သွားရာလမ်း – တရုတ်
အနောက်နိုင်ငံအများစုဟာ တရုတ်ရဲ့ တရုတ်နည်းတရုတ်ဟန်ဒီမိုကရေစီဆိုတာကို ဝေဖန်စောကြောကြတယ်။ အထူးသဖြင့် နိုင်ငံသားလွတ်လပ်ခွင့်မှာ နိုင်ငံရေးလွတ်လပ်ခွင့်ကို စောဒကတက်ကြတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်စောကြောနေပါစေ၊ တရုတ်ပြည်ဆိုတဲ့ ရထားကြီးကတော့ သူ့လမ်းကြောင်းပေါ်မှာ မှန်မှန် ခုတ်မောင်း လျက်…။ သမိုင်းသင်ခန်းစာ တရုတ်ဟာ သူလျှောက်မယ့်နိုင်ငံရေးပလက်ဖောင်းကို သူ့ဘာသာ ခင်းတယ်။ တော်လှန်ရေးအစိုးရဟာ အုပ်ချုပ်တဲ့ အစိုးရဖြစ်လာခဲ့တယ်။ အလွဲလွဲအမှားမှားတွေလည်း ကြုံခဲ့၊ ချွတ်ယွင်းချက်တွေလည်း ဒုနဲ့ ဒေး...