ရှစ်ဆယ့် ရှစ် နှင့် နှစ်ဆယ့်တစ် 

●───── ๑۩۩๑ ─────● အတိတ်ဆိုတာ ပြီးပြီ။ ထပ်မလာတော့ဘူး။ ပြီးခဲ့တာကို အတိတ်လို့ ပြောပေမယ့်၊ အဟောင်းဟာ အသစ်အဖြစ် ထပ်ကျော့လာနိုင်တယ်။ ဒါကို သမိုင်းတစ်ပတ်လည်တယ်လို့ ပြောလိမ့်မယ်။ လူသစ်တွေက အမှားဟောင်းတွေ ကို ထပ်လုပ်ရင် ဒါကို သမိုင်းတစ်ပတ်လည်လို့ ပြောကြတယ်။ အဟောင်းကပဲ အသစ်နေရာကို ရောက်လာရင်၊ ဒါဟာ သမိုင်းသင်ခန်းစာ မကြေဘူးလို့ ပြောနိုင်တယ်။ အသိဉာဏ်မဲ့သူတွေဟာ...

၈၈ – ၂၁  / ယခင် – ယခု

သမိုင်းဖြစ်ရပ်တိုင်းမှာ သူ့တန်ဖိုးနဲ့ သူ ရှိနေပါတယ်။ ဝေဖန်ဆန်းစစ်တာနဲ့ ပြစ်တင်မောင်းမဲတာဟာ မတူပါ။ ဒါကို နားလည်ဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးသမိုင်းထဲမှာ လူထုလှုပ်ရှားမှုသမိုင်းတွေ ရှိပါတယ်။ လူထုလှုပ်ရှားမှုတိုင်းဟာ အဲသည့်ခေတ်က လူ့အဖွဲ့အစည်းရဲ့ အရွေ့ကို တစ်စုံတစ်ရာ တွန်းအားပေးနိုင်ခဲ့တာချည်း ဖြစ်ပါတယ်။ အလွန် အမင်း အရွေ့တစ်ခုကို ရောက်သွားခြင်း၊ သို့တည်းမဟုတ် အတော်အတန်လောက်သာ ရွေ့ခဲ့ခြင်းနဲ့ အချက်ပေး သတိချပ်နိုင်စေဖို့လောက်က ဖြစ်ခဲ့စေခြင်း...

▄ ကျနော်မှားကြောင်း ဝန်ခံပါ၏

၂၀၁၉ ခုနှစ်ရဲ့ တစ်ခုသောနေ့။ ကျနော် (ဆရာ) ကျော်ဝင်း အိမ်ရောက်ဖြစ်ခဲ့တယ်။ ဆရာနဲ့တွေ့တော့ ခါတိုင်းလိုပဲ စကားတွေ အပြော မပြတ်။ ကျနော်က သိချင်တာတွေ မေး။ ဆရာက သူ သိနားလည်ထားတာတွေကို အိတ်သွန်ဖာမှောက် ပြောပြ။ ဒီလိုနဲ့ ပြောရင်းဆိုရင် ကျနော်က ကျနော့်အမြင် တစ်ခု ပြောမိတယ်။ ▣ ဒီနေ့ခေတ် လူငယ်တွေကို အားမရကြောင်း၊...

▄ မင်းကိုနိုင် (၁၉၆၂ – )

• အမည်ရင်း ပေါ်ဦးထွန်း။• ၁၉၆၂ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် မွေးဖွား။• မွန်ပြည်နယ်၊ မုဒုံမြို့ ဇာတိ။• အဖ ဦးသန့်ညွှန့် ၊ အမိ ဒေါ်လှကြည်။• ရန်ကုန်တက္ကသိုလ်ကျောင်းသား။• ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်။• ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ။• ကဗျာဆရာ။• ပန်းချီဆရာ။• နိုင်ငံရေးသမား။• တော်လှန်ရေးသမား။• ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌ။• နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ။•...

ကိုကိုကြီး (၁၉၆၁ – )

• ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် မွေးဖွား။• ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်။• ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ။• ရန်ကုန်တက္ကသိုလ် ကျောင်းထွက်။• ဗကသ ကျောင်းသားခေါင်းဆောင်။• သပိတ်ခေါင်းဆောင်။• နိုင်ငံရေးသမား။• ပြည်သူ့ပါတီခေါင်းဆောင်။• လစ်ဘရယ်အမျိုးသားရေးဝါဒီ။• မျိုးချစ်။• နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ။• အစွန်းများကို ရောကျိုပေါင်းစပ်နိုင်သောသူ။• တော်လှန်ရေးသမား ဖြစ်သလို ဆင်ခြင်တုံတရားဖြင့် သဘောထားပျော့ပြောင်းသူ• သတိကြီးသော ပြုပြင်ရေးသမား။• တည်ဆောက်ရေးအမြင်ရှိသော...

၈၈ နှောင်းပိုင်း မျိုးဆက်

၈၈ အရေးအခင်းအပြီး၊ (၂) နှစ်ခန့်အကြာမှာ ၊ ကျနော့်ကို မွေးခဲ့ပါသည်။ ကျနော့်ကို ကျနော် ၈၈ နှောင်းပိုင်း မျိုးဆက်ဟု သတ်မှတ်ထားသည်။ ၈၈ အရေးအခင်းကို မကြုံလိုက်စေကာမူ၊ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် လူဖြစ်ကြီးပြင်းခဲ့မှုကို ကောင်းကောင်း မှတ်မိသိရှိနေပါသည်။ ကျနော်တို့ ၈၈ နှောင်းပိုင်းမျိုးဆက်သည်၊ အတိတ်နှင့် အနာဂတ်၏ လွန်ဆွဲမှုဒဏ်ကို အမြဲလိုလိုခံနေရသည်။ အတိတ်၏ အာဃာတများကို လက်ဆင့်ကမ်းသွန်သင်ခြင်းခံရသည်။...

အရေးတော်ပုံ နှစ် ၃၀ ပြည့်ပြီ။

၁၉၈၈ မှာ မွေးဖွားခဲ့တဲ့ တော်လှန်ရေး။ ဘယ်တော့များမှ ဆုံးမှာလဲ… လို့ မျှော်မိတယ်။ တကယ်တော့ တော်လှန်ရေးကို ပြီးဆုံးချင်နေပြီ။ တော်လှန်တာတွေကို ရပ်စေချင်နေပြီ။ ကြွင်းကျန်ရစ်တာတွေလည်း ကုန်စေ ချင်ပြီ။ တော်လှန်ရေးက မပြီးသေးရင်၊ တည်ဆောက်ရေးက ဘယ်တော့များမှ ရောက်ပါ့မလဲလို့ မချင့်မရဲဖြစ်မိ တယ်။ ကျနော်တို့ မျိုးဆက်ကို တော်လှန်ရေးမှာ စုံးစုံးမြုပ်မယ့် မျိုးဆက် မဖြစ်ချင်ဘူး။ တည်ဆောက်ရေးမှာ...

နိုင်ငံရေးစာပန်းချီ ( ၈ – ၈ – ၈၈ )

၈၈ သည် နာကျည်းစရာ ပန်းချီကား။ ၈၈ သည် ပြီးစီးသည်အထိ မချယ်မှုန်းနိုင်သော ပန်းချီကား။ ၈၈ သည် ဆေးရောင်တို့ မြူးကြွသည့် ပန်းချီကား။ ၈၈ သည် စုတ်တံကြောင့် ကင်းဗတ်ပေါက်ခဲ့သော ပန်းချီကား။ ၈၈ သည် စုတ်ချက်ကြောင့် ပုံပျက်ခဲ့သော ပန်းချီကား။ ၈၈ သည် မင်အိုးမှောက်ခံရသည် ပန်းချီကား။ ၈၈ သည်...