▄ ကျနော် ဝေဖန်ရေးသမား ဟုတ် / မဟုတ်

ကျနော့်စာများကို ဖတ်ဖန်များသည့် မိတ်ဆွေတစ်ချို့နှင့် ရင်းနှီးသူစာဖတ်သမားတစ်ချို့က ကျနော့်ကို ဝေဖန်ရေးဆရာဟု မှတ်ချက်ပေးလေ့ရှိသည်။ ထိုသို့ပြောသောအခါ၊ ကျနော် ရယ်ကျဲကျဲနှင့် ဘာအဖြေမှပြန် မပေးဘဲ ရယ်နေတတ်သည်။ အကြောင်းမှာ၊ ကိုယ့်စာများကို ကိုယ်ပြန်သတိရမိ၍ဖြစ်ပါသည်။ စာဖတ်သူမိတ် ဆွေများက၊ သဘောရိုးဖြင့် မှတ်ချက်ပေးကြခြင်းဖြစ်ပါသည်။ ကျနော့်၏ ပြင်းထန်သော စကားလုံးရိုက်ချက်များ ကြောင့် အောက်သက်သက်ဖြစ်သွားကြသော လူပုဂ္ဂိုလ်များ၏ မေတ္တာဓာတ်ကို ကျိတ်၍ ခံယူနေရကြောင်းကိုမူ ကျနော်...

▄ နန္ဒာသိန်းဇံ၏ သွန်သင်ချက်

Nandar-Thein-Zan-His-Teaching-by-Min-ThaytDownload ကျနော်ဟာ ဆရာ နန္ဒာသိန်းဇံရဲ့ ဘဝရုပ်ပုံလွှာကို ရေးချင်ပေမယ့်၊ ရေးလို့ မဖြစ်နိုင်ပါ။ အကြောင်းမှာ၊ ဆရာ့ ဘဝထက် ဆရာ့ စာပေကိုသာ ကျနော်ဟာ လေ့လာခွင့်ရလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးဟာ၊ ဆရာ နန္ဒာသိန်းဇံရဲ့ စာပေရုပ်ပုံလွှာဖြစ်ပါတယ်။ ဆရာ နန္ဒာသိန်းဇံရဲ့ စာပေဝိညာဉ်ဖြစ်ပါတယ်။ ဆရာ နန္ဒာသိန်းဇံ ရဲ့ စာပေအားဖြင့် သွန်သင်ချက်တွေဖြစ်ပါတယ်။ ဆရာ နန္ဒာသိန်းဇံဟာ...

မင်းဇင်

အနောက်တိုင်းပညာတတ်ပေမယ့်၊ အနောက်တိုင်း မဆန်။ မြန်မာဆန် သည်။ အရှေ့ဆန်သည်။ မြန်မာ့ရေမြေမှာ တန်ဖိုးတွေ ကိန်းဝပ်နေတာကို ကိုမင်းဇင်ကောင်းကောင်းသိသည်။ ထို့ကြောင့် ရသလောက် တူးဖော်ချင်ခဲ့သူဖြစ်သည်။ Audio Book ရေးသားချက်များမှာ ကျနော့် ထင်မြင်၊ ယူဆချက်၊ ကျနော့် ကောက်ချက်များသာ ဖြစ်ပါသည်။ ကျနော့်အတ္တနောမတ္တိဖြင့် ကြည့်သည်ဖြစ်၍ ၊ ကျနော့် အမြင်သက်သက်သာဖြစ်ကြောင်း အမှာစာ ပါးလိုက်ပါသည်။ ‘ဘာကလေ’...

ဒေါက်တာသန်းထွန်း (သို့မဟုတ်) ပညာ

ဒေါက်တာသန်းထွန်းဆိုတာ …. • ကိန်းခမ်းမကြီးသူ၊ • ဘယ်သူဘာထင်ထင် ကိုယ်မှန်ရာကို ရဲရဲဝံ့ဝံ့ လုပ်ဝံ့သူ၊ • လောကွပ်မရှိသူ၊ • ဟန်မဆောင်တတ်သူ၊ • ရွဲ့တတ်သူ၊ • ထော်လော်ကန့်လန့် မျက်စိစပါးမွှေးစူးစရာကြုံလျှင် အရွှန်းဖောက်တတ်သူ၊ • သောတတ်နှောတတ်သူ၊ • သုတေသနကို သစ္စာမဖောက်သူ၊ • ပညာကို ဖွင့်ထားသူ၊ • အယောင်ဆောင် ပကာသနများကို...

သန်းနိုင်ဦး (သို့မဟုတ်) ကြည်သူ ပြုံးသူ

Audio Book သူ့အဇ္ဈတ္တထဲမှာ…. • ရိုးခြင်း၊ ဖြောင့်ခြင်းကို တွေ့ရသည်။ • ဝင့်ခြင်း၊ ဝါခြင်းကို မတွေ့ရ။ • ကြည်သော၊ ပြုံးသော၊ ဓာတ်ခံကို တွေ့ရသည်။ • မဲ့ခြင်း ညည်းခြင်းကို မတွေ့ရ။ သူ့အသားမှာ ကြည်သည်။ ညိုသည်။ သို့သော် ညက်သည်။ သူ့မျက်နှာမှာ အပြုံးရှိသည်။ ဤကား၊ မောင်ဥယျာဉ် (ခေါ်)...

တင်မောင်သန်း (သင့်ဘဝ)

Audio Book • ဆရာဝန် ဘဝကနေ စာရေးဆရာဘဝကို ခုန်ဆင်းလာတဲ့သူ • သူ့ကိုယ်သူ အားပျော့ပါ့လား သိတဲ့အချိန်မှာ သူ့ကိုယ်ကို ပြောင်းလဲပစ်ခဲ့သူ • စာပေနယ်မှာ စွန့်စားခန်းဖွင့်သူ • စာပေနယ်မှ သုတေသနနယ်ကို ရောက်သွားသူ • စာသမားဘဝကနေ အကယ်ဒမစ်သမားဖြစ်သွားသူ • ခါးနာလို့ အိပ်ရာထဲလဲနေရင်း ကိုယ့်အကြောင်းကိုယ်သိသွားသူ • စကားလုံးတွေ ပစ်သွင်းပြီး...

ဒဂုန်တာရာ (သို့မဟုတ်) တာရာဗေဒ လေ့လာချက်။

Audio Book ဒဂုန်တာရာ၏ ရုပ်ပုံလွှာများကို ဖတ်သည်။ ရုပ်ပုံလွှာသည်၊ ကနဦးပိုင်းက ရေးခဲ့သည်များဖြစ်သည်။ နောက်ပိုင်း ရုပ်ပုံလွှာများကိုပင် ထပ်ရေးသေးသည်။ ဒါကို စာဖတ်ပရိတ်သတ်က သိပ်မသိ။ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာများဟု ဒဂုန်တာရာက ရေးသည်။ ရုပ်ပုံလွှာနာမည်ကြီးခြင်းမှာ၊ အောင်ဆန်း (သို့မဟုတ်) အရိုင်း ကြောင့် ဖြစ်ပါလိမ့်မည်။ တကယ်တော့ အောင်ဆန်း (သို့မဟုတ်) အရိုင်း တစ်ပုဒ်တင် ကောင်းသည်...

သက်ရှိ ရီဗျူး (သို့) ကိုကိုကြီး

နိုင်ငံတော်သစ်နှင့် အမျိုးသား အမှတ်သရုပ် ကိုကိုကြီး စာအုပ်အညွှန်း မင်ခြစ်ကောက်ကြောင်းများ စာအုပ်၌၊ ပုံနှိပ်ဖော်ပြပြီး စာမူဖြစ်ပါသည်။ စာအုပ်ရီဗျူးများ ရေးရင်း၊ ဒီတစ်ခါတော့ စာအုပ်ကို ဖတ်ရင်း လူကို ရီဗျူး လုပ်ရတော့မှာပဲ ဟူ၍ တွေးမိလိုက် သည်။ နိုင်ငံတော်သစ်နှင့် အမျိုးသား အမှတ်သရုပ် စာအုပ်သည် ဟောပြောချက်များကို စာအုပ်လုပ်ထားခြင်း ဖြစ်၍ စကားများမှ စာအုပ်အသွင်ဖြစ်လာသော သဘောဖြစ်သည်။...

ဒေါက်တာခွန်ကျော်ဦး (သို့မဟုတ်) နှလုံးလှဆရာဝန်

ပါတီနိုင်ငံရေးမှာ ကိုယ့်အာဘော်ကို ပါတီ့အာဘော်ဖြစ်အောင် လုပ်တတ်မှ ရတယ်…. ဆိုတဲ့ စကားကို မှတ်မှတ် ထင်ထင် ရှိလိုက်မိပါ၏။ AUDIO Audio Book (Dr. Khun Kyaw Oo's Sketch)Download PDF Download (Dr. Khun Kyaw Oo's Sketch)Download နာမည် အရင်းက ဒေါက်တာခွန်ကျော်ဦး။ ကျနော်က သူ့ကို...

အောင်ဆန်းစုကြည် (သို့မဟုတ်) သူ

ရွေးကောက်ပွဲမှာ သူနိုင်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် သူကတော့ ဟိုးအရင်ကတည်းက အောင်နိုင်ခဲ့ပြီး သူ။ သူ့ကိုယ်သူ အောင်နိုင်ခဲ့ပြီးသူ။ ဆန့်ကျင်ဘက်လူတစ်စုရဲ့စိတ်တွေကို လွှမ်းမိုး အနိုင်ယူပြီးခဲ့ပြီးသူ။ AUDIO AUDIO BOOK (Aung San Suu Kyi's Sketch)Download PDF Download (Aung San Suu Kyi's Sketch)Download သူ့ကို အမျိုးမျိုးတင်စားကြတယ်။...