ပြည်သူသာလျှင် အဓိက — တဲ့၊ ဟုတ်ရဲ့လား

ပြည်သူသာလျှင် အဓိက— တဲ့။  မှန်ပါတယ်။ မှန်ပါတယ်။ ယေဘုယျတွေ ပြောရင်တော့ မှန်တာပေါ့။ ဒါပေမယ့် ဘယ်လို ပြည်သူလဲဆိုတာတော့ ရှိသေးတယ်။ ပိုလို့ တိတိကျကျ ပြောရမယ်။ ပြည်သူဆိုတဲ့ စကားလုံးက သိပ် ယေဘုယျဆန်ပါတယ်။ ပြည်သူ - လူထု။ ကြိုက်တာပြော။ ပြည်သူဆိုတဲ့ စကားလုံး၊ လူထုဆိုတဲ့ ဝေါဟာရကို ကွန်မြူနစ်လည်း သုံးခဲ့တာပဲ။ ဆိုရှယ်လစ်လည်း...

နိုင်ထက်စီးနင်းမှု နှင့် ဘာ့ကြောင့် ဖက်ဒရယ်

မြန်မာ့လူ့အဖွဲ့အစည်းတွင်းက၊ နိုင်ငံရေးအသိုင်းအဝန်းတစ်ခုလုံးက ဖက်ဒရယ်ဆိုတာကို ဘာ့ကြောင့် တောင်းဆို နေရသလဲ။ ဖက်ဒရယ်ကို ဘာ့ကြောင့် ပြင်းပြင်းပြပြ အလိုရှိကြသလဲဆိုတဲ့ မေးခွန်းမှာ၊ တိတိကျကျ အကြောင်း ရင်းတွေ ရှိနေပါတယ်။ ဒါဟာ တစ်ခုမက ရှိပါတယ်။ အဲသည့်ထဲက တစ်ချက်ကို ပြောချင်ပါတယ်။  အနိုင်အထက်ပြုခံရခြင်းဘေး  နိုင့်ထက်စီးနင်းလုပ်မှု၊ ဗိုလ်ကျခံရမှု၊ လွှမ်းမိုးချုပ်ကိုင်မှုကို အလို မရှိခြင်းလို့ ပြောနိုင်ပါတယ်။ ဒီစကားလုံး အတွဲ...

ကွန်ဖက်ဒရေးရှင်းအာဂျင်ဒါ နဲ့ ရက္ခိုင်

ကွန်ဖက်ဒရေးရှင်းနဲ့ အနက်သဘောမှာ - “အချုပ်အခြာအာဏာပိုင်ပြည်နယ်” ဆိုတဲ့အနက်သဘောပါဝင်တာ တွေ့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးသမိုင်းဇာတ်ကို ကြည့်ရင် - အချုပ်အခြာအာဏာဆိုတဲ့ စကား လုံးကို နိုင်ငံတော်နဲ့ တွဲဖက်ပြီး သုံးစွဲတာမျိုးပဲ အလေ့အထုံ ရှိခဲ့ပါတယ်။ မြန်မာလူထုကိုယ်၌ကလည်း အချုပ်အခြာအာဏာဆိုတာ နိုင်ငံနဲ့သာ သက်ဆိုင်တဲ့ ကိစ္စလို့ မြင်ကြတာများတယ်။ ဒါဟာ စွဲနေတဲ့အမြင် ဖြစ်နေတယ်။ public memory ထဲမှာ...

ကွန်ဖက်ဒရေးရှင်းဆိုတာ ဘာလဲ

ကွန်ဖက်ဒရေးရှင်းဆိုတာဘာလဲ။ ဒါကို အတတ်နိုင်ဆုံး အလွယ်တကူ အရှင်းလင်းဆုံး ပုံစံနဲ့ ရှင်းလင်းဖို့ ရည်ရွယ် ပါတယ်။ ကွန်ဖက်ဒရေးရှင်းဆိုတာ - အင်္ဂလိပ်ဝေါဟာရ “Confederation” ဆိုတဲ့ စကားလုံးကို တိုက်ရိုက် အသံ ဖလှယ်ပြီး ယူထားတာဖြစ်ပါတယ်။ Democracy ဆိုတာကို အသံထွက်အတိုင်းရေးတဲ့ “ဒီမိုကရေစီ” ဆိုတဲ့ အခေါ်အဝေါ်လို အသံထွက်အတိုင်း ပြောတာ၊ ရေးတာဖြစ်တယ်။  လူအတော်များများဟာ ကွန်ဖက်ဒရေးရှင်းနဲ့...

နိုင်ငံရေးပထဝီဝင် 

နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးလာမယ့် နိုင်ငံရေးပထဝီဝင်  နိုင်ငံတည်ဆောက်ရေးနဲ့ပတ်သက်ရင်၊ သမိုင်းတွေ ပေါ်လစီတွေကို လူတွေက အပြောများတယ်။ ထို့နောက် အင်စတီကျူးရှင်းတွေအကြောင်း ပြောတယ်။ အင်စတီကျူးရှင်းလို့ ပြောတဲ့နေရာမှာ - လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေအကြောင်း အပြောများတယ်။ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးသိပ္ပံပညာရှင်တွေကတော့ ဒါတွေကို အပြောများမှာပေါ့။ ထပ်ပြီး ပြောရရင် ပထဝီနိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောတာလည်း ရှိတယ်။ ဒါတွေ က လိုပါတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။...

ရက္ခိုင်ရီယယ်လစ်များ 

၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှာ စတင်လိုက်တဲ့ ရက္ခိုင်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှု တစ်လျှောက်လုံး ကို ကြည့်ရင်၊ ရက္ခိုင်တော်လှန်ရေးသမားတွေဟာ - သိပ်လက်တွေ့ကျကျ စဉ်းစားလုပ်ဆောင်တဲ့သူတွေ ဖြစ်တယ် ဆိုတာ သိသာထင်ရှားတယ်။ နိုင်ငံရေးနယ်မှာတော့ လက်တွေ့ကျတာကို Realist လို့လည်း သုံးတယ်၊ Pragmatic ဖြစ်တယ်လို့လည်း သုံးနှုန်းတယ်။  အနက်ဖွင့်ဆိုချက်  ရီယယ်လစ် (realist) ဆိုတာ...

ဗမာနီ နိဂုံး 

ဘာလင်တံတိုင်းပြိုကျမှုဟာ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းရဲ့ အမှတ်အသားစမှတ်ဖြစ်ခဲ့တယ်။ ဆိုဗီယက် ယူနီယံပြိုကွဲမှုဟာလည်း ကွန်မြူနစ်ဝါဒနိဂုံးချုပ်မှုရဲ့ ပြယုဂ်ဖြစ်ခဲ့တယ်။ ကမ္ဘာကြီးမှာ – အဲသည်လိုဆိုတော့ မြန်မာပြည်မှာရော ဘယ်လိုလဲ။ မြန်မာပြည်မှာလည်း – ဆိုရှယ်လစ်အတုကို ဖြိုချတဲ့ ပွဲကြီး မြို့တွေအပေါ် မှာ ဝှဲချီး ကျင်းပနေတယ်။ အဲဒါကို ၁၉၈၈ လူထုဒီမိုကရေစီတိုက်ပွဲလို့ ခေါ်တွင်တယ်။ ၈၈၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံ ဖြစ်နေဆဲကာလမှာတင်၊ ကွန်မြူနစ်ဝါဒ...

ဖက်ဒရယ်အတွက် ကြိုပြင်ရမယ့် ပထဝီစီးပွားရေး

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြိုပြင်ရမယ့်ကိစ္စတွေ အတော်များများ ရှိနေပါတယ်။ သို့သော်လည်း လောလောဆယ်အားဖြင့် ကျနော် သတိထားမိတာ တစ်ချက် ပြောချင်ပါတယ်။ ပထဝီစီးပွားရေး (Geo-economic issue) ပထဝီစီးပွားရေးကိစ္စ ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံရေးပဋိညာဉ်မှာ သက်ဆိုင်ရာနိုင်ငံရေးအစုအဖွဲ့တွေရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ပြီးစီးရင် နောက်ကနေ လိုက်ပါလုပ်ဆောင်ရမယ့် အလုပ်တွေ တစ်ပုံကြီး ရှိနေပါတယ်။ လက်တွေ့အားဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အခါ ပြည်နယ်အလိုက်...

တေဇာစန်း (သို့မဟုတ်) နွေဦးနိဒါန်း

နာမည်ကအရင်းက တေဇာစန်း။ ကျနော်နဲ့ ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ဆုံဖြစ်တယ်။ စဆုံဖြစ်တဲ့အချိန်တုန်းက မန္တလေး​၊ သူ စတည်းချတဲ့အိမ်မှာ။ ပထမဆုံးတွေ့လိုက်ရတာ စာအုပ်ပုံတွေကြားထဲမှာ။ စာအုပ်တွေက များလွန်းလို့ အိမ်အောက် တမံသလင်းပေါ်မှာပဲ ဟိုတစ်စ ဒီတစ်စ ပုံလျက်သား။ သူ့အစုနဲ့ သူတော့ ရှိတယ်။ စာအုပ်ပုံတွေ ကြားမှာ တမင်ခွေထိုင်နေ ထိုင်နေတဲ့သူက တေဇာစန်း။ ဝတ်ထားတာက ပုဆိုး...

နိုင်ငံပြုသုခမိန်များ အလိုရှိသည်

ဖြစ်လာလတ္တံ့သော အနာဂတ်နိုင်ငံတော်သစ်မှာ၊ နိုင်ငံတည်ဆောက်ရေးသမားတွေ ခပ်များများ လိုပါတယ်။ နယ်ပယ်အသီးသီးမှာ လိုနေပါတယ်။ နယ်ပယ်အလိုက် ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ အထူးလိုအပ်နေပါတယ်။ သို့သော်လည်း “စွမ်းတဲ့သူတွေ စုပေါင်းနိုင်ဖို့” တော့ လိုပါလိမ့်မယ်။ စွမ်းတဲ့သူတွေ စုပေါင်းမှ ဆောင်မှ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် တန်ဖိုး ဖြစ်ပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ “စွမ်းတဲ့သူတွေ” ပညာပြိုင်နေတာနဲ့ တိုင်းပြည်တောင် ပြန်ပျက်နိုင်ပါတယ်။ စွမ်းတဲ့သူတွေ ‘သမားစွမ်း’...