နိုင်ငံပြုသုခမိန်များ အလိုရှိသည်

ဖြစ်လာလတ္တံ့သော အနာဂတ်နိုင်ငံတော်သစ်မှာ၊ နိုင်ငံတည်ဆောက်ရေးသမားတွေ ခပ်များများ လိုပါတယ်။ နယ်ပယ်အသီးသီးမှာ လိုနေပါတယ်။ နယ်ပယ်အလိုက် ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ အထူးလိုအပ်နေပါတယ်။ သို့သော်လည်း “စွမ်းတဲ့သူတွေ စုပေါင်းနိုင်ဖို့” တော့ လိုပါလိမ့်မယ်။ စွမ်းတဲ့သူတွေ စုပေါင်းမှ ဆောင်မှ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် တန်ဖိုး ဖြစ်ပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ “စွမ်းတဲ့သူတွေ” ပညာပြိုင်နေတာနဲ့ တိုင်းပြည်တောင် ပြန်ပျက်နိုင်ပါတယ်။ စွမ်းတဲ့သူတွေ ‘သမားစွမ်း’...