အမျိုးသားရေးဝါဒ ဘယ်လိုလဲ…

သူရဲကောင်းဖြစ်ချင်သူ ဘယ်သူလဲ အမျိုးသားရေးဝါဒ ဘယ်လိုလဲ… PDF - How NationalismDownload သူရဲကောင်းဝါဒဆိုတာကို အရင်ရှင်းပါ့မယ်။ သူရဲကောင်းဆိုတာ သတ္တိရှိသူကို ခေါ်တယ်။ အန္တရာယ်နဲ့ကြုံလာ ချိန်မှာ ကယ်တင်နိုင်တဲ့သူကို ဆိုလိုတယ်။ • ကူညီတယ်၊ • ကယ်ဆယ်တယ်၊ • စောင့်ရှောက်တယ်၊ • ရဲရင့်တယ်၊ • သတ္တိရှိတယ်၊ • ကိုယ်ကျိုးစွန့်တယ်၊ •...

မြန်မာ့အပြောင်းအလဲ

• အပြောင်းအလဲအတွက် လူထုလိုသည်။ • ပြောင်းလဲချိန်တန်ပြီ။ • အပြောင်းအလဲ။ ပြောင်းလဲခြင်း ဂါထာတွေကို အတွင်အတွင်ရေရွတ်ပြီး၊ ဒီမိုကရေစီဆိုတာကို ကြွေးကြော်ခဲ့ကြတယ်။ အနာဂတ် ဟာ ဘယ်ဆီနေမှန်းမသိကြဘူး။ ဒါပေမယ့် မျှော်လင့်ချက် တစ်စုံတရာနဲ့ မဲပေးကြတယ်။ အပြောင်းအလဲကို လူထုမဲဆန္ဒနဲ့ ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ လူထုက ထင်ခဲ့တယ်။ တကယ့်အဖြစ်မှာက အုပ်ချုပ်သူကိုပဲ ပြောင်းနိုင်ခဲ့တယ်။ အခြေအနေကို မပြောင်းနိုင်ခဲ့ဘူး။ အကန့်အသတ်တွေ...

လူ၊ လူ့ပယောဂ နဲ့ အနာဂတ်ရေး

လူ့ပယောဂလို့ ပြောတဲ့နေရာမှာ ထပ်မံခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ လူလို့ ပြောတာဟာ ခြုံငုံပြီး ပြလိုက်တဲ့ သဘောဖြစ်ပါတယ်။ လူဆိုတဲ့နေရာမှာ ဘယ်လိုလူလဲလို့ ထပ်မေးစရာ ရှိပါတယ်။ အမေးရှိရင် အဖြေပေါ်လာရ ပါတယ်။ လူဆိုတာ မြန်မာနိုင်ငံအတွင်းက လူ။ မြန်မာနိုင်ငံအတွင်းက လူတွေက အများကြီးပဲ။ ဒါတွေကို ထပ်ခွဲခြားရင် အလွှာလိုက်ပေါ်လာမယ်။ အကန့်လိုက် ပေါ်လာမယ်။ အလျားလိုက်ပေါ်လာမယ်။ အစုလိုက် အကွက်လိုက်...

လူ့အဖွဲ့အစည်းနဲ့ လူ့ပယောဂ

ဝေါဟာရပုဒ်ခွဲ မတူကွဲပြားတယ်လို့ ပြောနေတဲ့ လူ့အဖွဲ့အစည်းကို မြန်မာပြည်မှာတွေ့ရပါတယ်။ ဒီနေရာမှာ ဝေါဟာရပုဒ်ခွဲ နှစ်ခုတွေ့ရပါတယ်။ မတူခြင်း နဲ့ ကွဲပြားခြင်း ဆိုတဲ့ စကားလုံး နှစ်လုံးဖြစ်ပါတယ်။ မတူခြင်းကို ဆန်းစစ်ကြည့် ရအောင်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်ဓလေ့စရိုက်၊ ဘယ်သမိုင်းကြောင်း၊ ဘယ်နယ်မြေ အနေအထားက ထပ်တူကျနေပါသလဲ။ ထပ်တူကျတယ်ဆိုတာ ရှိပါသလား။ နိုင်ငံနဲ့ချီပြီး စဉ်းစားကြည့်ပါ။ မရှိနိုင်ပါဘူး။...

မြန်မာသစ် ၊ မြန်မာဟောင်း

ခေတ်သည် ရွေ့လာသည်။ ခေတ်သည် ပြောင်းလာသည်။ ရွေ့ခြင်း၊ ပြောင်းခြင်း၏ နောက်ကွယ်တွင် အသစ် အဟောင်း၏ အားပြိုင်မှုကို တွေ့ရသည်။ အသစ်သည် ဘာလဲ။ အဟောင်းသည် ဘယ်လိုလဲ။ အဟောင်းနှင့် အသစ်ကို ပုံဖော်ကြည့်ရန် လိုသည်။ အသစ်သည် ဘယ်လောက် သစ်နိုင်ပြီလဲ။ အဟောင်းသည် ဘယ်လောက် ဟောင်းသွားပြီလဲ။ သမိုင်း သမိုင်းကို ပြန်ကြည့်လျှင်၊ မြန်မာသည် ခေတ်အမျိုးမျိုး...

အနာဂတ်ကို သွေးလန့်စေသူနှင့် အင်တာဗျူး

စာညွှန်း / တော်ဖလာနှင့် စကားစမြည် ၊ ကျော်ဝင်း ။ စာအုပ္အညႊန္း Audio Book တော်ဖလာနှင့် စကားပြောရတာ မောသွားသည်။ တော်ဖလာက လူမှုဗေဒသမားပီပီ လူ့အဖွဲ့အစည်း အကြောင်းကို လူပိန်းနားလည်အောင် ရှင်းသွားသည်။ မေးသမျှကို ဖြေ၍၊ ‘မုချများ’ ကို ရှောင်သွားသည်။ နောက်လာမည့် အနာဂတ်သည် မုချများ အရာမရောက်တော့မည့် ခေတ်ဆိုတာကို အတပ်နားလည်နေသည့်...

||| ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ |||

မှာ / ||| မွေးဖွားခြင်း အထိမ်းအမှတ် |||| အသက် (၃၀) ပြည့်ပြီ။ ခရီးကြမ်းကိုလည်း ဖြတ်သန်းခဲ့ရပြီးပြီ။ ရှေ့ဆက် ကြုံတွေ့ရမယ့် ခလုတ်ကသင်းတွေက လည်း ရှိသေးတယ်။ လောလောဆယ် အနှောက်အယှက်တွေကလည်း ကြုံနေရဆဲပဲ။ ကောင်းသောလမ်းကို လျှောက်သူအဖို့၊ ဖြောင့်တယ်ဆိုတာ မရှိပါဘူး။ ကွေ့ကောက်ကောက်နဲ့ အခုအခံ၊ အတားအဆီး၊ ပြဿနာတွေ ရှိနေမှာပါပဲ။ ဘာပဲ ပြောပြော...

သူခိုးကြီး တိုက်ဖျက်ရေး

စာညွှန်း/ အဂတိလိုက်စားမှု (အကြောင်း၊ အကျိုးနှင့် ကုထုံးများ) ၊ ကျော်ဝင်း မူရင်း - Corruption: Causes, Consequences and Curse by U Myint စာအုပ္အညႊန္း Audio Book မူရင်းစာတမ်းရှင်က ဦးမြင့်။ မြန်မာပြည် စီးပွားရေးပညာရှင်ထဲက ရှားရှားပါးပါး တစ်ယောက်။ ဆရာကြီးက အသက်ကြီးပြီ။ ဒီစာတမ်းကို ရေးခဲ့တာလည်း...

ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား မဖြစ်ထွန်းရခြင်း အကြောင်းအရင်းများ

နိုင်ငံရေးသမားလို့ ပြောရင်၊ လူ့အသိုင်းအဝိုင်းက နှုတ်ခေါင်းရှုံ့ချင်ကြသည်။ အကြောင်းမှာ နိုင်ငံရေးသည် အညစ်အထေးလို့ မြင်လို့ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးလို့ ပြောရင် မျက်လုံးပြူးကြသည်။ နိုင်ငံရေးသည် ကြောက်စရာလို့ မြင်လို့ ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးဟုပြောလျှင် မျက်နှာလွှဲသွားကြသည်။ နိုင်ငံရေး သည် ကိုယ်နှင့်မဆိုင်ဟု တွက်ချက်ပုံရသည်။ လူ့အသိုင်းအဝိုင်းက နိုင်ငံရေးအပေါ် မြင်ပုံ အမျိုးမျိုးရှိသည်။ နိုင်ငံရေးဆိုသည်မှာလည်း မျက်နှာစာပေါင်းစုံ ရှိနေသည်သာ။...

အရေးတော်ပုံ နှစ် ၃၀ ပြည့်ပြီ။

၁၉၈၈ မှာ မွေးဖွားခဲ့တဲ့ တော်လှန်ရေး။ ဘယ်တော့များမှ ဆုံးမှာလဲ… လို့ မျှော်မိတယ်။ တကယ်တော့ တော်လှန်ရေးကို ပြီးဆုံးချင်နေပြီ။ တော်လှန်တာတွေကို ရပ်စေချင်နေပြီ။ ကြွင်းကျန်ရစ်တာတွေလည်း ကုန်စေ ချင်ပြီ။ တော်လှန်ရေးက မပြီးသေးရင်၊ တည်ဆောက်ရေးက ဘယ်တော့များမှ ရောက်ပါ့မလဲလို့ မချင့်မရဲဖြစ်မိ တယ်။ ကျနော်တို့ မျိုးဆက်ကို တော်လှန်ရေးမှာ စုံးစုံးမြုပ်မယ့် မျိုးဆက် မဖြစ်ချင်ဘူး။ တည်ဆောက်ရေးမှာ...