သူနှင့် ကျွန်တော့်အကြောင်းရေးသူအတွက် ဝေဖန်ချက်

ဦးရွှေမန်းလည်း စစ်သားဘဝမှ နိုင်ငံရေးသမားဘဝ အကူးအပြောင်း၊ အလှည့်အကြမ်းမှာ လှိုင်းစီးနိုင်ပါစေလို့ ဆန္ဒပြုရင်း ဝေဖန်၊ ကောက်ချက်ပြုလိုက်ရပါသည်။ ဝေဖန်ချက် နိဂုံး စာကြောင်း..... PDF Downlaod - SHWE-MANNS-Book-by MIN-THAYTDownload အစကယဉ်သကို ဗိုလ်ချုပ်ကြီးဟောင်းတွေ ရေးတဲ့ စာအုပ်တွေ ကျနော် တစ်ခုပ်တရ ဝယ်ဖတ်ဖြစ်သည်။ ဗိုလ်ထွန်းကြည်၊ ဗိုလ်ခင်ညွှန့် ၊ ဗိုလ်ချုပ်တင့်ဆွေ … စတဲ့...

သက်ရှိ ရီဗျူး (သို့) ကိုကိုကြီး

နိုင်ငံတော်သစ်နှင့် အမျိုးသား အမှတ်သရုပ် ကိုကိုကြီး စာအုပ်အညွှန်း မင်ခြစ်ကောက်ကြောင်းများ စာအုပ်၌၊ ပုံနှိပ်ဖော်ပြပြီး စာမူဖြစ်ပါသည်။ စာအုပ်ရီဗျူးများ ရေးရင်း၊ ဒီတစ်ခါတော့ စာအုပ်ကို ဖတ်ရင်း လူကို ရီဗျူး လုပ်ရတော့မှာပဲ ဟူ၍ တွေးမိလိုက် သည်။ နိုင်ငံတော်သစ်နှင့် အမျိုးသား အမှတ်သရုပ် စာအုပ်သည် ဟောပြောချက်များကို စာအုပ်လုပ်ထားခြင်း ဖြစ်၍ စကားများမှ စာအုပ်အသွင်ဖြစ်လာသော သဘောဖြစ်သည်။...

အမျိုးသားရေး တိမ်းညွှတ်ချက်

၂၀၁၈ ခုနှစ် ဧပြီလ ၃ ရက်နေ့ ထုတ် ၊ The Voice Daily သတင်းစာမှာ ဖော်ပြပါရှိပြီး ဆောင်းပါး ။ အမျိုးသားရေးဝါဒရဲ့ မူလတိမ်းညွှတ်ချက် ရှိတယ်။ ကိုယ့်ကြမ္မာကိုယ် ပြဌာန်းခွင့်နဲ့ ကိုယ့်အမှတ်သရုပ် ကိုယ် ထုဆစ်ခွင့်။ အမျိုးသားရေးဝါဒမှာ မျက်နှာစာတွေ နှစ်ခုရှိတယ်။ အမှောင်ဘက် အခြမ်းနဲ့၊ အလင်းဘက် အခြမ်း။ အမျိုးသားရေး...

လူထု လို ၊ မလို

၁၆ ဇွန်လ ၂၀၁၇ ရက် (ယနေ့) ထုတ် - အတွဲ(၁) အမှတ် (၄၅) မုံရွာဂေဇက်တွင် ဖော်ပြပါရှိပြီး ဆောင်းပါး။ ဒီမိုကရေစီ အကူးအပြောင်းမှာ မြင်းသုံးကောင် ဘက်ညီညီဆွဲမှ ရွေ့မယ်လို့ ဒေါက်တာနေဝင်းမောင်က ပြောခဲ့သည်။ • နိုင်ငံတော် ဆိုသည့် မြင်း၊ • ဈေးကွက် ဆိုသည့် မြင်း၊ • အရပ်ဘက်...

နေဝင်းမောင်ကထာ

၂၀၁၈ မတ်လ ၂၀ ရက်နေ့ The Voice Daily သတင်းစာ၌ ဖော်ပြပါရှိပြီး ဆောင်းပါး။ နေဝင်းမောင် ပြောခဲ့ဖူးတာ ရှိတယ်။ နေဝင်းမောင် ဆိုလို့၊ မရိုမသေ လုပ်တယ်လို့ မမှတ်စေလို။ ရေးသူက၊ လေးစားကြည်ညိုသူ ဖြစ်သလို၊ ဖတ်သူ ကလည်း နားလည်သဘောပေါက်ပြီး ဖြစ်ပါလိမ့်မယ်။ Egress သင်တန်း ဆင်းပွဲတစ်ခုမှာ၊ ပြောခဲ့တာပါ။ သူ့စကား...

မျက်လုံးအသစ်ဖြင့် ကြည့်ခြင်း

၂၀၁၇ ၊ စက်တင်ဘာ ၁၃ ရက်နေ့ The Voice Weekly Journal မှာ ဖော်ပြပါရှိပြီး ဆောင်းပါး။ မြို့မေတ္တာခံယူသည့် နိုင်ငံခေါင်းဆောင်တွေများလာလေလေ၊ နိုင်ငံဆုတ်ယုတ်လေလေဟုဆိုလျှင် ရနိုင်ကောင်းသည်။ အထူးသဖြင့် ပြည်သူ့ထောက်ခံမှုဖြင့် တက်လာသော ခေါင်းဆောင်များ လုပ်ပိုင်ခွင့်များ အပြိုင်းအရိုင်း ရနေချိန်၌ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို စီမံခန့်ခွဲရာ၌ မြို့မေတ္တာခံယူချင်စိတ်ကဲသော စိတ်ဖြင့် အလုပ်လုပ်သောအခါ မတွင်ကျယ်သော၊...

တူးပီ နှင့် နာကျင်မှု အပြောင်းအလဲ

၂၀၁၉ ဇန်နဝါရီလ ၂၂ ရက်နေ့ The Voice Weekly Journal မှာ ဖော်ပြပါရှိပြီး ဆောင်းပါး။ အစိုးရတစ်ရပ်၏ အုပ်ချုပ်မှုကို ပန်းတိုင်နှစ်ရပ်ဖြင့် ဆန်းစစ်လို့ရသည်။ နိုင်ငံရေးပန်းတိုင်နှင့် မူဝါဒပန်းတိုင်ဟူ၍ ဖြစ်သည်။ နိုင်ငံရေးပန်းတိုင်ကို Political Goal လို့ ခေါ်သည်။ မူဝါဒပန်းတိုင်ကို Policy Goal လို့ ခေါ်သည်။ ဤအချက်ကိုပင် တူးပီ...

မြန်မာ့နိုင်ငံရေးလေ့လာချက်

မြန်မာ့နိုင်ငံရေးလေ့လာချက်နှင့်ပတ်သက်ပြီး၊ စာရေးသူ သင်ကြားထားသည့် Power Point ဖြစ်ပါသည်။ မြန်မာ့သမိုင်းကို သမိုင်းပြက္ခဒိန် အလိုက်စဉ်၍ ၊ ပြုစုစီရင်ထားပါသည်။ မြန်မာ့ခေတ်သစ်နိုင်ငံရေးသမိုင်း အကျဉ်းချုပ်ကို လေ့လာသိရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လေ့လာချင်လျှင် ၊ အောက်ပါ link တွင် …. PDF Download ရယူနိုင်ပါသည်။ Myanmar-Politics-by-Min ThaytDownload

ဒေါက်တာခွန်ကျော်ဦး (သို့မဟုတ်) နှလုံးလှဆရာဝန်

ပါတီနိုင်ငံရေးမှာ ကိုယ့်အာဘော်ကို ပါတီ့အာဘော်ဖြစ်အောင် လုပ်တတ်မှ ရတယ်…. ဆိုတဲ့ စကားကို မှတ်မှတ် ထင်ထင် ရှိလိုက်မိပါ၏။ AUDIO Audio Book (Dr. Khun Kyaw Oo's Sketch)Download PDF Download (Dr. Khun Kyaw Oo's Sketch)Download နာမည် အရင်းက ဒေါက်တာခွန်ကျော်ဦး။ ကျနော်က သူ့ကို...

အောင်ဆန်းစုကြည် (သို့မဟုတ်) သူ

ရွေးကောက်ပွဲမှာ သူနိုင်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် သူကတော့ ဟိုးအရင်ကတည်းက အောင်နိုင်ခဲ့ပြီး သူ။ သူ့ကိုယ်သူ အောင်နိုင်ခဲ့ပြီးသူ။ ဆန့်ကျင်ဘက်လူတစ်စုရဲ့စိတ်တွေကို လွှမ်းမိုး အနိုင်ယူပြီးခဲ့ပြီးသူ။ AUDIO AUDIO BOOK (Aung San Suu Kyi's Sketch)Download PDF Download (Aung San Suu Kyi's Sketch)Download သူ့ကို အမျိုးမျိုးတင်စားကြတယ်။...