လူ့အဖွဲ့အစည်းနဲ့ လူ့ပယောဂ
ဝေါဟာရပုဒ်ခွဲ မတူကွဲပြားတယ်လို့ ပြောနေတဲ့ လူ့အဖွဲ့အစည်းကို မြန်မာပြည်မှာတွေ့ရပါတယ်။ ဒီနေရာမှာ ဝေါဟာရပုဒ်ခွဲ နှစ်ခုတွေ့ရပါတယ်။ မတူခြင်း နဲ့ ကွဲပြားခြင်း ဆိုတဲ့ စကားလုံး နှစ်လုံးဖြစ်ပါတယ်။ မတူခြင်းကို ဆန်းစစ်ကြည့် ရအောင်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်ဓလေ့စရိုက်၊ ဘယ်သမိုင်းကြောင်း၊ ဘယ်နယ်မြေ အနေအထားက ထပ်တူကျနေပါသလဲ။ ထပ်တူကျတယ်ဆိုတာ ရှိပါသလား။ နိုင်ငံနဲ့ချီပြီး စဉ်းစားကြည့်ပါ။ မရှိနိုင်ပါဘူး။...