⦿ ကျော်ဝင်းညွှန်းသော မြန်မာစာအုပ်များနှင့် နိုင်ငံတကာစာအုပ်များ

တချို့စာတွေဟာ မြည်းကြည့်ဖို့။
တချို့စာတွေဟာ ဝါးဖို့။
တချို့စာတွေဟာ မြိုချဖို့။

_______________________(ဖရန်စစ်ဘေကွန်)

• ကျော်ဝင်းဟာ စာအုပ်တွေအကြောင်း ပြောခဲ့ပါတယ်။ စာအုပ်တွေကို အညွှန်းရေးခဲ့ပါတယ်။ စာအုပ်တွေ ဖတ်ပြီး သူမြင်တာကို ပွင့်ပွင့်လင်းလင်း တို့ထိ ရေးသားပါတယ်။ အဲသည့်လို ရေးသားချက်တွေထဲမှာ တချို့ကို တို့ရုံ တို့တယ်။ တချို့ကို ထိရုံ ထိတယ်။ တချို့ကို သဘောထား ထင်မြင်ချက်တွေ ပေးတယ်။ တချို့ကျတော့ သူ ခံစားမိတာ ပြောတယ်။ သူခံတွင်းလိုက်တာတွေလည်း ပါတယ်။ သူ ခံတွင်းမတွေ့တာ တွေ ပါတယ်။ များသောအားဖြင့်တော့ သူ သဘောကျ နှစ်ခြိုက်တာတွေက ၉၀ % ပါ။ ညွှန်းတယ်ဆိုတာ ဖတ်စေချင်လို့၊ ရေးတယ်ဆိုတာ စာသမားအချင်းချင်း ဆွေးနွေးတဲ့သဘော၊ ဖလှယ်တဲ့သဘော၊ ထုံကူးတဲ့ သဘောလို့ နားလည်ရတယ်။ ကျော်ဝင်း အယ်ဒီတာဘဝတွေတုန်းက သူ ထုတ်တဲ့ ဂျာနယ်၊ မဂ္ဂဇင်းမှာ သူတို့လိုလိုင်းအရေးနည်းလို့ ကလောင်ခွဲတွေနဲ့ စာဖောင်ပြည့်အောင် ဖြည့်ခဲ့တယ်လို့လည်း ပြောဖူးတယ်။ ဒီတော့ စာအုပ်တွေအကြောင်း ပြောတဲ့ ကဏ္ဍက တဖြည်းဖြည်းနဲ့ များလာတယ်။ စုမိလာပြီး စာအုပ် အညွှန်းတွေလို၊ စာအုပ်ရီဗျူးတွေ လို ဖြစ်လာတယ်။ ကျော်ဝင်းဟာ လူတွေအကြောင်း ပြောတယ်၊ အိုင်ဒီယာတွေအကြောင်း ပြောတယ်၊ စာအုပ်တွေအကြောင်း ပြောတယ်။ စာအုပ်တွေအကြောင်း ပြောရင်း နဲ့ စာဖတ်သူလူထုကို စာပေမိတ်ဆက်သဘောတွေ ခင်းပြထားတာတွေ့ရတယ်။ ဒီတော့ ကျော်ဝင်း ညွှန်းခဲ့ တဲ့ မြန်မာစာအုပ်တွေက ဘာတွေလဲ၊ ကျော်ဝင်း ညွှန်းခဲ့တဲ့ နိုင်ငံတကာစာအုပ်တွေက ဘာတွေလဲ။ မြန်မာ စာအုပ်တွေအကြောင်း ပြောရင်း ဘယ်လို မှတ်ချက်တွေ ပေးသွားသလဲ။ စာအုပ်အပေါ်မှာလား၊ စာရေး ဆရာ အပေါ်မှာလား။ ထပ်မံလေ့လာကြည့်ဖို့ လိုပါတယ်။

⦿ ကျော်ဝင်းညွှန်းသော မြန်မာစာအုပ်များစာရင်း

1. မောင်စူးစမ်း၊ ဦးနှောက်ကို ဆွခြင်း
2. မောင်စူးစမ်း၊ ကြက်ဥပေါ်လမ်းလျှောက်ခြင်း
3. မောင်စူးစမ်း၊ လက်ဇက်ကားနှင့် သံလွင်ပင် (ဘာသာပြန်)
4. ဒဂုန်တာရာ၊ ကဗျာပေါင်းချုပ်
5. ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု
6. ဘိုးလှိုင်၊ ဦးနှောက်ကို မီးညှိခြင်း (ဘာသာပြန်)
7. မောင်ထင်၊ ယောမင်းကြီးဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း
8. ကိုတာ၊ ကိုရင်တာနှင့် ရောက်တတ်ရာရာများ
9. ကိုတာ၊ အခြားတစ်ဖက်မှ ဆင်ခြင်ရန်အကြောင်းများ
10. မောင်ဇေယျာ၊ စာပေသမိုင်း ပုဂ္ဂိုလ်ရေး အတွေးအမြင်များ
11. ညီပုလေး၊ တစ်ကြောင်းဆွဲ ကလေးပန်းချီ နှင့် အခြားဝတ္ထုတိုများ
12. နတ်နွယ်၊ တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ
13. သည်မော်နိုင်၊ အင်တာနက်ပုံပြင်
14. အောင်ဇင်မင်း၊ ကောက်လိုက်တော့တိမ်
15. ပါရဂူ၊ မဟာကဝိ
16. မောင်သာမည၊ ယက်ဖ်တူရှင်ကိုနှင့်တွေ့ဆုံခြင်း
17. ချစ်ဦးညို၊ မြို့မငြိမ်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်း
18. ဖေမြင့်၊ ဆတ်သေချောင်းဒဏ္ဍာရီနှင့် အခြားဝတ္ထုတိုများ
19. ရာပြည့်ဦးစိုးညွန့်၊ ၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀ (အတ္ထုပ္ပတ္တိအကျဉ်း)
20. လူထုစိန်ဝင်း၊ နန်းစကား မန်းစကား မြန်မာတို့ရဲ့ မြန်မာစကား
21. ဦးလှဒင် ၊ ဗမာပြည်ဝယ် နှစ်လေးဆယ် (ဘာသာပြန်)
22. ဦးခင်မောင်ကြီး၊ အင်္ဂလိပ် – မြန်မာ နောက်ဆုံးတိုက်ပွဲ (ဘာသာပြန်)
23. မြသန်းတင့်၊ လူများ သက္ကရာဇ်များ – ဘဝ (ဘာသာပြန်)
24. ဒေဝီသန့်စင်၊ စစ်ငြိမ်းသံသရာ
25. ဂျူး၊ စောင့်နေမယ်လို့ မပြောလိုက်ဘူး
26. ဂျူး၊ ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါစေ
27. မကြန်၊ မြန်မာ့သမိုင်းနှင့်ဆက်နွှယ်သော အနောက်နိုင်ငံသားများ
28. ကိုခါး (ကွမ်းခြံကုန်း)၊ မန္တလေးကို ရွှေမြင်းလှည်းနဲ့လည် (ကဗျာရှည် ငါးပုဒ် သံပြိုင်)
29. ကိုခါး (ကွမ်းခြံကုန်း) ၊ ဒဂုန်တာရာ (သို့မဟုတ်) ရုပ်ပုံလွှာတွင် ဖွဲ့နွှဲ့သူ၏ ရုပ်ပုံလွှာ
30. သခင်တင်မြ၊ ဘုံဘဝမှာ ဖြင့် ထက်ကြပ်မကွာ (ကျွန်မအကြောင်း၊ မောင့်အကြောင်း၊ နိုင်ငံရေးနှင့် နိုင်ငံရေးခေါင်းဆောင်အချို့အကြောင်း)
31. သခင်တင်မြ၊ ဘုံဘဝမှာ ဖြင့် ဒုတိယပိုင်း၊ အမှားနှင့် အမှန်
32. ဒေါက်တာသန်းထွန်း၊ ခေတ်သစ်ရာဇဝင်
33. မောင်ဝံသ၊ သူတို့ဆီက စာမြည်းများ
34. ဂါးဒီယန်း ဦးစိန်ဝင်း၊ အကွဲအပြဲဇာတ်လမ်း
35. ဦးသန့်၊ လက်ရွေးစင်စာများ
36. ကိုကိုမောင်ကြီး၊ ကျွန်တော်သိသော တစ်ရံရောအခါများ
37. ဒေါက်တာမောင်မောင်၊ သက်ရှိရာဇဝင်
38. သန်းစိုးနိုင်၊ အနားသတ်မဲ့ မိုးကောင်းကင်
39. ရဲထက်၊ သခင်သန်းမြိုင် (သို့မဟုတ်) ကျိန်စာသင့်တော်လှန်ရေးသမား
40. မောင်ကြော့ဝေ (ပြုစုသည်)၊ ဗမာပြည်ကွန်မြူနစ်ပါတီဝင် မင်းလတ်ရဲခေါင်
41. မုံရွာအောင်ရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်း (၁၉၈၈ – ၂၀၁၀)
42. ဦးလှဝင်း (လေသရဲတစ်ဦး)၊ ရေစုန် နှင့် ရေဆန်

⦿ နိုင်ငံတကာစာအုပ်များ

43. The Third Wave, Samuel P. Huntington
44. Who Are We?, Samuel P. Huntington
45. The Clash of Civilization, Samuel P. Huntington
46. Soldier and State: The Theory and Politics of Civil-Military Relations, Samuel P. Huntington
47. The End of History and The Last Man, Francis Fukuyama
48. The Origin of Political Order, Francis Fukuyama
49. The Tragedy of Great Power Politics, John Mearsheimer
50. The Mystery of Capital, Hernord De Soto
51. Silent Spring, Rachel Carson
52. The World is Flat (A brief history of 21st Century), Thomas Friedman
53. Runaway World (New Edition), Anthony Giddens
54. A Future Perfect, John Michleth Wait
55. The New Rulers of the World, John. Pilger
56. Mao: The Unknown Story, Jung Chang and Jon Halliday
57. The Glass Palace, Amitan Ghosh
58. The Practice and Theory of Bolshevism, Bertrand Russell
59. Megatrends, 2000, John Naiosbitt and Patrica Aburdene
60. A Beautiful Mind, Sylvia Nasar
61. The War of the World: Twentieth Century Conflict and the Descent of the West, Niall Ferguson
62. The Roman Predicament: How the Roles of International Order Create the Politics of Empire, Harold James
63. Parliament of Man: the Past, Present and Future of the United Nations, Paul Kennedy
64. Globalization and It’s Discontents Making Globalization Work, Josephe Stiglitz
65. Prophet of Innovation: Joseph Schumpeter and Creative Destruction, Thomas K.Mc Craw
66. Nixon and Mao: The Week That Changed the World, Margaret Macmillan
67. The Bottom Billion, Paul Collier
68. The New Paradigm for Financial Markets, George Soros
69. The White Tiger, Aravind Adiga
70. The Spirit of Democracy, Larry Diamond
71. Civil-Military Relations and Democracy, Larry Diamond
72. Hard Truths to Keep Singapore Going, Lee Kuan Yew
73. On China, Henry Kissinger
74. That Used To Be Us, Thomas L. Friedman & Micheal Mandelbaum
75. The Price of Civilization, Jeffery D. Sachs
76. The Next 100 years, George Friedman
77. Why Nations Fail: The Origin of Power, Prosperity and Poverty, Daron Acemoglu & James A. Robison
78. Capital in the Twenty-first Century, Thomas Piketty
79. Capitalism: A Short History, Jurgen Kocka
80. Buying Time: The Delayed Crisis of Democratic Capitalism, Woligang Streeck
81. Post Capitalism: A Guide to Our Future, Paul Mason

⦿ စာတမ်း

82. A Short Study of the Welfare State in Great Britain and its possible relevance and value to Burma (Myanmar), U Soe Maung (ပုံမပါ – စာ ၄၄၆)

မင်းသေ့
ရေးသားပြုစုနေဆဲ “ကျော်ဝင်းလေ့လာချက်” စာအုပ်မှ /
၁၇ ၊ ဇူလိုင် ၊ ၂၀၂၃။

Previous post အမှီအခိုကင်းအောင် လုပ်ပေးလိုက်ပါ
Next post ⦿ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။။