ဗလုံးဗထွေး ရှုမြင်ချက်များ

အသက်မှန်မှန် ရှုနေချင်တယ် ကျွန်တော် အသက်ရှုသံတွေ မှန်ချင်နေတာ ကြာပြီ။ အသက်ရှုရတာ တစ်ခုခုကို တင်းထားသလို ခံစားရတယ်။ အရင်က၊ ပျောက်ခဲ့တဲ့ အကျင့်တစ်ခု ပြန်ပေါ်လာတယ်။ သက်ပြင်း ခဏ ခဏ ချတတ် တဲ့ အကျင့်က၊ ပြန် ပေါ်လာတယ်။ အသက်ရှုတာ သိပ်လွယ်ကူတဲ့ အရာ လို့ ထင်ခဲ့သမျှဟာ၊ ယခု အချိန်တွင် အင်မတန်...

စာအုပ်အညွှန်းများ

PDF Free Download ရယူနိုင်ပါသည်။ ၂၀၁၇ ခုနှစ်အတွင်းမှာ ရေးသားခဲ့သော စာအုပ်အညွှန်းများဖြစ်ပါသည်။ စာအုပ်အညွှန်း နံပါတ် (၁) စာအုပ်အညွှန်း နံပါတ် (၂) စာအုပ်အညွှန်း နံပါတ် (၃) စာအုပ်အညွှန်း နံပါတ် (၁) ၊ ၁၀ ပုဒ် Download စာအုပ်အညွှန်း နံပါတ် (၂) ၊ ၁၀ ပုဒ်...

နိုင်ငံရေးစာပန်းချီ ( ၈ – ၈ – ၈၈ )

၈၈ သည် နာကျည်းစရာ ပန်းချီကား။ ၈၈ သည် ပြီးစီးသည်အထိ မချယ်မှုန်းနိုင်သော ပန်းချီကား။ ၈၈ သည် ဆေးရောင်တို့ မြူးကြွသည့် ပန်းချီကား။ ၈၈ သည် စုတ်တံကြောင့် ကင်းဗတ်ပေါက်ခဲ့သော ပန်းချီကား။ ၈၈ သည် စုတ်ချက်ကြောင့် ပုံပျက်ခဲ့သော ပန်းချီကား။ ၈၈ သည် မင်အိုးမှောက်ခံရသည် ပန်းချီကား။ ၈၈ သည်...

မျက်စိဆေးတွေနဲ့ …. ငါ

ကျနော် ပထမနှစ်တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ ထိခိုက်မှု တစ်ခုဖြစ်ခဲ့ဖူးသည်။ လက်မကို ဘလိတ်ဓား နှင့် ခွဲမိခြင်းဖြစ်သည်။ ဒဏ်ရာက အတော်နက်သည်။ တစ်လက်မနီးပါးလောက် ပြဲသွားသည်။ အခုထိ ညာဘက် လက်မှမှာ၊ အလျားလိုက် အမာရွတ်က ရှိနေသေးသည်။ သည်ဒဏ်ရာ ရခဲ့ပုံက၊ ဒီလို။ ကျနော်က၊ မုတ်ဆိတ်ရိတ်သည်။ ဓားကို အကျီ ၤ အိတ်ကပ်ထဲ ဓားဖုံးစက္ကူလေးသာ အုပ်ပြီး ထည့်ထားသည်။...

အက်ဆေးတစ်ပုဒ် ရေး၍ ဖိတ်ကြားခြင်း

လွန်ခဲ့သော ရက်သတ္တပတ်က၊ ကျနော် ကိုအောင်သန်းထွဋ် နှင့်တွေ့သည်။ ကျနော်တို့ စာကြည့်တိုက်မှာ၊ ပြန်/ဆက်ဝန်ထမ်းများကို သင်တန်းပေးရန် သူကလာရောက်ခြင်းဖြစ်သည်။ ကျနော်က၊ စာကြည့်တိုက်ထဲမှာ ကိုယ့်ဘာသာ ကွန်ပြူတာကို အာရုံစိုက်နေသည်။ လူတစ်ချို့ဝင်လာတာ သိသည်။ ကျနော် မကြည့်အားသေး။ ကွန်ပြူတာထဲက၊ ဝက်ဆိုဒ်တစ်ခုထဲ မဲပြီး ကြည့်နေမိသည်။ ကျနော့် နဘေးမှာ၊ ဤလူများဝင်ထိုင်သည်။ ကျနော့်ပါးစပ်မှ၊ သီချင်းလေး တိုးတီးရွတ်နေသည်။ ပြီးတော့မှ...

ဒီကလေးတွေ

မနက် ၁၀ နာရီ ထိုးရင်၊ ဒီကလေးတွေ ရောက်လာကြပြီ။ သူတို့က အစီအရီ စောင့်လျက်၊ ဆိုင်းလျက်။ အဲ… တခါတရံ… ၉ နာရီလောက် အစောကြီး ရောက်လာတတ်သဗျ…။ ဝီရိယကောင်းချက်။ စာကြည့်တိုက်က နံနက် ၁၀ နာရီ ပုံမှန်ဖွင့်တယ်လေ…။ အဲ… ဥပုသ်နေ့တို့၊ စနေ တနင်္ဂနွေနေ့တို့ဆိုရင် ၎င်းတို့ အပြိုင်အဆိုင် ဝင်ထွက် ကြ၊...

စောင့်ကြည့်ခွေး

“အရူးတွေ လက်ထဲမှာ၊ အန္တရာယ်ပေးနိုင်တဲ့ လက်နက်တွေ မရှိစေရအောင် ဖယ်ရှားပစ်ဖို့ ကျွန်တော် အမြဲ လိုလားခဲ့တယ်။ ကိုင်း… လက်နှိပ်စက်တွေက စကြပါစို့ရဲ့….” ဖရန့်ရိုက်။ (သတင်းစာဆရာများကို တိုက်ခိုက်သရော်တဲ့စကား) စာ - ၃၄ / နိုင်ငံရေး စာကိုး စကားကိုး - မောင်ဝံသ တကယ်တော့ ဖရန့်ရိုက်ကိုယ်တိုင်က၊ စာရေးဆရာဖြစ်သည်။ ဗိသုကာတစ်ယောက်လည်းဖြစ်သည်။ ၁၈၆၇ ခုနှစ်...

စကားလုံးတစ္ဆေခြောက်ခြင်း

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာဂတော အာဟ၊ တေသဉ္စ ယော နိယောဓော ဧဝံဝါဒီ မဟာသနဏော။” ဆိုပြီး အကျဉ်းဟောတယ်။ ဉာဉ့်နက်နက်မှာ ကျွန်တော် အိပ်မရပါ။ ညနေက စကားလုံးတွေနဲ့ ကခုန်ဖြစ်ခဲ့တယ်။ စကားလုံးတွေက ကျွန်တော်ရဲ့ အဖော်။ စကားလုံးတွေနဲ့ နပန်းလုံးရတာ လေ့ကျင့်သားပြည့်တဲ့ ကစားကွင်းဖြစ်ခဲ့ပါတယ်။ စကား လုံးတွေရဲ့ ညှိ့ဓာတ်များကို...

ကျောင်းဆရာ ဘဝ

(နှလုံးသွင်းတရားများ) ကျွန်တော့် အလုပ် ၃ လုပ်ရှိသည်။ • စာဖတ်တာ • စာသင်တာ နဲ့ • စာရေးတာ… ကျွန်တော့် စာသင်သက် ၄ နှစ် ထဲရောက်လာပြီ။ တစ်သက်လုံး ကျောင်းစာတွေ သင်ခဲ့သည့် ဆရာများနှင့် နှိုင်းယှဉ်လျှင်၊ ကျွန်တော့် စာသင်သက်က တကယ်တော့ ဘာမှ မဟုတ်။ ဝါ နုလွန်းလှသည်။ အမှန်တကယ်မှာ၊...

စာအုပ်များနှင့် ၁၀ နှစ်တာ

(စာဖတ်ခြင်းအပေါ် ခပ်ရွှင်ရွှင်အမြင်များ) ဓမ္မချစ်သူ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်ဗျာ.. သီလဂုဏ်.. သမာဓိဂုဏ်.. ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော.. စသည်ဖြင့် ခင်ဗျားတို့ ကြားဖူး၊ ကြုံဖူးကြမည် ထင်သည်…. ရပ်ကွက် ဓမ္မာရုံကဖြစ်ဖြစ်၊ အလှူခံမဏ္ဍပ် ဖြစ်ဖြစ်၊ ပရိတ်ရွတ်အသင်းကနေဖြစ်ဖြစ်… ကြားရလေ့ရှိသော… နိဒါန်း အချီးဖြစ်သည်။ “ဓမ္မမိတ်ဆွေရှိရင်၊ ဓမ္မချစ်သူလည်း ရှိရမှာပေါ့….” အေး…. ဟုတ်သားပဲ။ ဟား… ဟား..ဟား…...