မြန်မာ့လမ်းပွင့်

Myanmar-Open-Road-by-Min-ThaytDownload လမ်းဆုံလမ်းခွကိုရောက်နေတဲ့ မြန်မာပြည်ဟာ ရွေးချယ်မှုမှန်ဖို့ လိုတယ်။ ရွေးစရာလည်း များများ ရှိထားဖို့ လိုတယ်။ မြန်မာပြည်အတွက် ကဏ္ဍတိုင်းမှာ ရွေးစရာတွေ မှန်နေဖို့ လိုတယ်။ ကျနော်တို့မှာ ရွေးစရာရှိသလား။ ရွေးတတ်ရဲ့လား။ ဘာကို ရွေးမလဲ။ မေးခွန်းနိုင်နိုင်မေးနိုင်မှ ဖြစ်မယ် ထင်တယ်။ အဓိက စကားလုံးတချို့ကို ကျနော် ချရေးကြည့်ပါမယ်။ • တက်ကြွသော နိုင်ငံသား (Active...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

တရုတ်မျိုးချစ်

မြန်မာကိုင်ဆွဲထားတဲ့ အမျိုးသားရေးဝါဒနဲ့ တရုတ်အမျိုးသားရေးဝါဒ အကြား ထိပ်တိုက်တွေ့မှုဖြစ်လာနိုင် သလား။ Nationalist-China-by-Min-ThaytDownload မြန်မာပြည်မှာ အမျိုးသားရေးဝါဒလို့ ပြောရင် များသောအားဖြင့် မြန်မာ့တပ်မတော်ကိုသွားမြင်ကြတယ်။ နောက်ပြီး မဘသ အုပ်စုကို မြင်ကြပါလိမ့်မယ်။ အမျိုးသားရေးဝါဒဆိုတာကို လက်နက်ကိုင်မြန်မာတပ်နဲ့ မဘသ အုပ်စုနှစ်ခုကိုပဲ ကိုင်ပြီး အနက်ဖွင့်မယ်ဆိုရင် အင်မတန် ကျဉ်းမြောင်းရာကျပါတယ်။ အမျိုးသားရေးဝါဒဆိုတာ ကျယ်ပြန့်နက်ရှိုင်းတဲ့သဘောဆောင်ပါတယ်။ မြန်မာပြည်မှာ တပ်နဲ့ မဘသ အုပ်စုဟာ...

တရုတ်၏ ဆူးကြီး သုံးချောင်း (သို့) တီ သုံး တီ

T-Three-T-by-Min-ThaytDownload တရုတ်ပြည်မှာ ယခုအချိန်အထိ နှစ်ဝင်နေတဲ့ ဆူးကြီး သုံးချောင်းရှိတယ်။ အင်္ဂလိပ်လို တီသုံးတီ လို့ခေါ်ကြတယ်။ (၁) တရုတ်ထိုင်ဝမ် (Taiwan) (၂) တီယံမင် (Tiananmen) (၃) တိဘက် (Tibet) အရေးကိစ္စ သုံးခုဖြစ်တယ်။ (၁) တရုတ် တိုင်ပေ ၁၈၈၅ ခုနှစ်မှာ၊ ဂျပန်က တရုတ်နဲ့ စစ်ဖြစ်ပြီး ထိုင်ဝမ်ကျွန်းကို ကိုလိုနီနယ်မြေအဖြစ်...

ပြည်ပရောက်တရုတ်များအရေး

Oversea-Chinese-by-Min-ThaytDownload တရုတ်နိုင်ငံရဲ့ လူဦးရေပေါက်ဖွားနှုန်းဟာ အင်မတန် မြင့်လာပါတယ်။ မော်စီတုန်းခေတ်က သန်းပေါင်း (၈၀၀) လောက်ရှိတဲ့ တရုတ်တွေဟာ အခု သန်းပေါင်း (၁၄၀၀) ကျော်လာပါပြီ။ တရုတ်နိုင်ငံမှာ တိန့်ရှောင်ဖိန်ခေတ်က တစ်အိမ်ထောင် သားသမီးတစ်ယောက် (One Child Policy) ကို ကျင့်သုံးပြီး တိုင်းပြည်လူဦးရေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ဘယ်လိုပဲ ကြိုးစားကြိုးစား တရုတ်တွေရဲ့လူဦးရေတိုးနှုန်းဟာ များပြားတဲ့အနေအထားကို...

ဘေဂျင်း (သို့မဟုတ်) ပီကင်း ယခင် / ယခု

Bejing-or-Peking-by-Min-ThaytDownload • တရုတ်ကို လေ့လာဖို့ • တရုတ်ကို ပေါင်းဖို့ မဟုတ် တရုတ်မုန်းတီးရေး အမြင်နဲ့ပတ်သက်ပြီး မြန်မာတွေ သတိထားဖို့ လိုတဲ့အချက်ရှိပါတယ်။ အဲဒါကတော့ တရုတ် မုန်းတီးရေးစိတ်အခံနဲ့ တရုတ်ကို မပစ်ပယ်ဖို့၊ တရုတ်ကို လျစ်လျှူမရှုဖို့ ဖြစ်ပါတယ်။ တရုတ်မုန်းတီးရေးအမြင်နဲ့ အတူ တရုတ်ကို အလေးမထား၊ ဂရုမစိုက်ဘဲ ထားရင် မြန်မာတွေအတွက် ပိုဆိုးနိုင်တဲ့ အခြေအနေတွေ...

စင်္ကာပူနိုင်ငံ၊ ကဏ္ဍ နှစ်ရပ်

Singapore-by-Min-Thayt (PDF)Download ||| မင်းသေ့ ||| ၁။ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး စင်္ကာပူနိုင်ငံဟာ လွတ်လပ်ရေးရပြီးချိန်က စပြီး ၊ ပြည်သူ့တပ်မတော်ဆိုတဲ့ မိုဒယ်ကို ယူပြီးတည်ဆောက်ခဲ့ပါ တယ်။ အမျိုးသားစည်းလုံးညီညွှတ်ရေး စိတ်ဓာတ်၊ မိခင်ဖခင်သဖွယ် ဦးစီးအုပ်ထိန်းတယ်ဆိုတဲ့ သဘောကို ပရိုမိုးရှင်းလုပ်တယ်။ တပ်ဆိုတာ လူ့အဖွဲ့အစည်းအတွင်းက ပေါက်ဖွားလာတယ်လို့ မြင်အောင် ပုံဖမ်းထား တယ်။ စစ်မှုထမ်းစနစ် စင်္ကာပူနိုင်ငံဟာ...

နိုင်ငံရေးမိတ်ဆက်

နိုင်ငံရေးအကြောင်း ယေဘုယျ မိတ်ဆက် သင်ကြားချက်အတွက်၊ ပြင်ဆင်ထားသော ဟောပြောပို့ချမှု Power Point File ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် ၊ ပြင်ဆင်ထားပါသည်။ Download လုပ်၍ လေ့လာနိုင်ပါသည်။ Introduction-to-PoliticsDownload

မြန်မာပြည်၏ ပထဝီရေးရာ မဟာဗျူဟာမြောက်တည်ရှိမှု

မြန်မာ့ပထဝီနိုင်ငံရေးနှင့်ပတ်သက်၍ ၊ ထည့်သွင်းစဉ်းစားစရာ အချက်များကို ဟောပြောပို့ချထားသော ၊ စာရေးသူ၏ Power Point File ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် ၊ ပြင်ဆင်ထားပါသည်။ Download ယူ၍ လေ့လာနိုင်ပါသည်။ Strategic-Loaction-of-Myanmar-by-Min-ThaytDownload