အန်တီ – ဒေါ်စု

မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကာယကံမြောက်ပါဝင်နိုင်ပါအုံးမလား။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ် ထပ် မမြင်ချင်တဲ့သူတွေ ရှိသလား။  ရှိနိုင်ပါတယ်။ ရှိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ထပ်ပြီး ပေါ်မလာစေချင် တဲ့သူတွေ ရှိနိုင်ပါတယ်။ ဒီလိုလူတွေဟာ အုပ်စုတစ်ခုတည်းကပဲ ရှိမယ်လို့ ယူဆနိုင်ပါသလား။ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်နေတဲ့ အုပ်စုကြီးတစ်ခုတည်းမှာတင် ရှိနိုင် မယ်လို့ တရားသေ မှတ်ယူလို့ မရနိုင်ပါ။...

လက်နက်ကိုင်လမ်းစဉ်အပေါ်  ဒီ/ချုပ်ရဲ့ မူဝါဒက ဘာလဲ

NLD ပါတီရဲ့မူဝါဒရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး CECအစည်းအဝေးရဲ့ လွတ်လပ်ပွင့်လင်းစွာ အစည်းအဝေး မထိုင်နိုင်သေးခင်ကာလမှာ မူဝါဒရေးရာ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘယ်သူ့ကိုမှ သီးခြားဆုံးဖြတ်ခွင့်ပေးအပ်ထားတာ မရှိဘူးဆိုတဲ့အနေအထားနဲ့ ရပ်တည်ထားတာ… (ဦးအောင်ကြည်ညွန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ၂၀၂၂ မေ ၂၃)  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်ပိုင်းဟာ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနဲ့ အတူ၊ အထိန်းသိမ်းခံထားကြရပါတယ်။ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဒီ/ချုပ်ရဲ့ ပါတီမူဝါဒနဲ့ပတ်သက်ရင်...

ဦးစိုးသိန်း ၏ စာအုပ် (ဒုတိယတွဲ)

★ ဦးစိုးသိန်းစာအုပ်နဲ့ပတ်သက်ပြီး ပြောစရာတွေ ထပ်ရှိပါတယ်။ အတင်းအဖျင်းတွေဟု ဘာ့ကြောင့် ပြောကြသလဲ ဒါ့ကြောင့် ဦးစိုးသိန်း ရေးသားပြုစုတဲ့ “ဒီမိုကရေစီ ဒုတိယအစိုးရသစ် နှင့် မြန်မာနိုင်ငံ” ဆိုတဲ့ စာအုပ် (၂) တွဲစလုံးကို ဖတ်တဲ့ အခါ၊ “ဒါဟာ ဦးစိုးသိန်း ကူးယူဖော်ပြထားတာလား၊ သူကိုယ်တိုင်ရေးထားတာလား” ဆိုတာကို အတော်ခွဲခြားပြီး ကြည့်ရပါတယ်။ ဦးစိုးသိန်းစာအုပ်မှာ၊ အချက်အလက်တွေ ဒင်းကြမ်းပါနေပေမယ့်၊...

အနီ – အစိမ်း လော့ဂျစ်

★ အနီရယ်လို့ ပြောလို့၊ အစိမ်းရယ်လို့ ပြောလို့ နိုင်ငံရေးအရောင်တွေရဲ့ စည်းခြားမှုလို့ ထင်ချင်စရာ ရှိတယ်။ အများသဘောအရ နားလည်ထားလို့ ဒီလိုပဲ သုံးနှုန်းလိုက်ရတယ်။ ဒီနေရာမှာ အသိုင်းအဝိုင်းတစ်ခုလုံးကို ခြုံငုံပြီး မဆိုလိုပါ။ ထိပ်ပိုင်းခေါင်းဆောင် ဖြစ်ခဲ့သူတွေနဲ့ ဖြစ်နေသူတွေရဲ့ နိုင်ငံရေးသဘောထားကိုပဲ ညွှန်းဆိုတာ ဖြစ်ပါတယ်။ အနီ ၁။ ​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေရဲ့ အခြေခံ သဘောထားတစ်ခုကို...

အဖွဲ့ချုပ်ကို မေးချင်ပါတယ်

Question-for-NLD-by-Min-ThaytDownload ကျနော်ဟာ သာမန်ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်ရဲ့လိုလားချက်အနေနဲ့ အဖွဲ့ချုပ်ကို မေးခွန်းတချို့မေးချင်ပါတယ်။ အတိုက်အခံဘဝနဲ့ နှစ်ပေါင်းများစွာ အထုအထောင်းကြားထဲက ဖြတ်သန်းလာတဲ့ သမိုင်းဖြတ်သန်းမှုကို ကျနော် လေးစားပါတယ်။ အုံလိုက်ကျင်းလိုက် စုဖွဲ့ထားတဲ့ အဖွဲ့ဝင်တွေ တက်ကြွစွာ ရှိနေခြင်းကိုလည်း လေးစားပါ တယ်။ တိုက်ခိုက်ထိုးနှက်မှုဒဏ်တွေကို ခံနိုင်ရည်ရှိရှိ ကိုယ်ခံအားကောင်းကောင်းနဲ့ ကြံ့ကြံ့ခံနိုင်တာကိုလည်း အသိအမှတ်ပြုပါတယ်။ ရန်ပုံငွေ နည်းပါးပေမယ့် အဖွဲ့ချုပ်ဝိုင်းတော်သားတွေဟာ ကိုယ့်အိတ်...

အလံတော်အောက်က နေ့စွဲများ

ကျနော့် အတွက်၊ နိုင်ငံရေးအရ၊ ဒေသစာရီ ကြွရသည့် ကာလများက၊ တဖြည်းဖြည်း များပြားလာသည်။ ဒီမိုက ရေစီ ကို ချစ်သည်၊ မြတ်နိုးသည် ဆိုသည်မျိုးထက်၊ ဆင်ခြင်တုံတရားဖြင့် ယှဉ်သော နိုင်ငံရေး အခင်းအကျင်း ဖြစ်စေလိုခြင်းက၊ ကျနော့် ဆန္ဒဖြစ်သည်။ အညာဒေသ၊ မြေလတ်ဒေသ၊ တောင်ပေါ်ဒေသ၊ မြစ်ဝကျွန်းပေါ်၊ မြန်မာပြည်အောက်ပိုင်း၊ စသည်ဖြင့် မြို့နယ်ပေါင်း ၄၀ နီးပါးလောက်ကို၊...

||| ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ |||

မှာ / ||| မွေးဖွားခြင်း အထိမ်းအမှတ် |||| အသက် (၃၀) ပြည့်ပြီ။ ခရီးကြမ်းကိုလည်း ဖြတ်သန်းခဲ့ရပြီးပြီ။ ရှေ့ဆက် ကြုံတွေ့ရမယ့် ခလုတ်ကသင်းတွေက လည်း ရှိသေးတယ်။ လောလောဆယ် အနှောက်အယှက်တွေကလည်း ကြုံနေရဆဲပဲ။ ကောင်းသောလမ်းကို လျှောက်သူအဖို့၊ ဖြောင့်တယ်ဆိုတာ မရှိပါဘူး။ ကွေ့ကောက်ကောက်နဲ့ အခုအခံ၊ အတားအဆီး၊ ပြဿနာတွေ ရှိနေမှာပါပဲ။ ဘာပဲ ပြောပြော...