အဖွဲ့ချုပ်ကို မေးချင်ပါတယ်

Question-for-NLD-by-Min-ThaytDownload ကျနော်ဟာ သာမန်ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်ရဲ့လိုလားချက်အနေနဲ့ အဖွဲ့ချုပ်ကို မေးခွန်းတချို့မေးချင်ပါတယ်။ အတိုက်အခံဘဝနဲ့ နှစ်ပေါင်းများစွာ အထုအထောင်းကြားထဲက ဖြတ်သန်းလာတဲ့ သမိုင်းဖြတ်သန်းမှုကို ကျနော် လေးစားပါတယ်။ အုံလိုက်ကျင်းလိုက် စုဖွဲ့ထားတဲ့ အဖွဲ့ဝင်တွေ တက်ကြွစွာ ရှိနေခြင်းကိုလည်း လေးစားပါ တယ်။ တိုက်ခိုက်ထိုးနှက်မှုဒဏ်တွေကို ခံနိုင်ရည်ရှိရှိ ကိုယ်ခံအားကောင်းကောင်းနဲ့ ကြံ့ကြံ့ခံနိုင်တာကိုလည်း အသိအမှတ်ပြုပါတယ်။ ရန်ပုံငွေ နည်းပါးပေမယ့် အဖွဲ့ချုပ်ဝိုင်းတော်သားတွေဟာ ကိုယ့်အိတ်...