▄ မြန်မာ့ပညာရေးတန်ဖိုး

မြန်မာတွေ ယုံကြည်သက်ဝင်ထားတဲ့ ပညာရေးအတွေးအခေါ်ဟာ ဘာဖြစ်နိုင်ပါသလဲ။ မြန်မာတွေလို့ ပြောတဲ့ နေရာမှာ၊ နာမည်တပ်ပြောရမယ့်အရာတွေ ရှိပါတယ်။ မြန်မာပြည်၊ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်မင်းလုပ်ခဲ့ တဲ့ အစိုးရတွေဟာ ပညာရေးကို ဘယ်လိုပြဌာန်းစီရင်ခဲ့ပါသလဲ။ ပညာရေးသမိုင်း ပြန်ကြည့် ပဒေသရာဇ်ခေတ်၊ ဘုန်းကြီးကျောင်းပညာရေး မှစပြီး လေ့လာဖို့လိုပါတယ်။ ထိုနည်းလည်းကောင်း၊ ကိုလိုနီ ခေတ်၊ ဗြိတိသျှအစိုးရက ပုံဖော်တည်ဆောက်တဲ့ ပညာရေးလမ်းစဉ်ဟာ ဘာဖြစ်နိုင်ပါသလဲ။ ကိုလိုနီသူ့ကျွန်...

▄ ပြည်ပရောက် ပညာတတ်ပြဿနာ

• အဖိုးနည်းရင် အိုးကွဲပဲရမယ်။• ငှက်ပျောသီးပေးရင် မျောက်တွေပဲလာလိမ့်မယ်။• သူ့အိုးသူ့ဆန် တန်ရုံပဲ ရမယ်။• အိုးရွဲ့ရင် စလောင်းရွဲ့နဲ့ ဖုံးမှ အတော်ပဲ။• ပြည်သူဟာ သူနဲ့ တန်တဲ့အစိုးရကို ရတယ်။ ဒီစကားတွေကို ရပ်ထဲရွာထဲမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ တရားပွဲတစ်ခုမှာဖြစ်ဖြစ်၊ စာသင်ခန်းတစ်ခုမှာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲတစ်ခုမှာဖြစ်ဖြစ်၊ စာတစ်အုပ် စာပုဒ်မှာဖြစ်ဖြစ် တွေ့ဖူးမြင်ဖူး၊ ကြားဖူး၊ ပြောဖူးပါလိမ့်မယ်။ သရုပ်ခွဲ အဖိုးနည်း...

▄ ပညာတတ်လှုပ်ရှားမှု

မြန်မာပြည်မှာ၊ ပညာတတ်လှုပ်ရှားမှုက အရေးတကြီးလိုနေတယ်။ ပညာတတ်မွေးမြူရေးကလည်း လိုတယ်။ ပညာတတ်မွေးမြူရေးကို တစ်ပါတည်း စရမှာဖြစ်သလို၊ တည်ဆဲရှိနေတဲ့ ပညာတတ်တွေရဲ့ တွေဝေမှု၊ မှိန်းမော မှုနဲ့ ဝေဝါးမှုတွေကိုက သုတ်သင်ပစ်ရမယ့်အချိန်ရောက်နေပါပြီ။ မြန်မာပြည်မှာ ပညာတတ်တွေရဲ့ လှုပ်ရှားမှု ထက်၊ နိုင်ငံရေးသမားတွေရဲ့ လှုပ်ရှားမှုက ပိုများခဲ့တယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့ ပညာတတ်တွေရဲ့ လှုပ်ရှားမှု တစ်ရပ် ဖြစ်ထွန်းဖို့ လိုတယ်လို့ ယူဆတယ်။ အကြောင်းကတော့…....

▄ အုပ်စုတွေး

“လူအုပ်ကြီးနောက် လိုက်ကြ…..”“လူအုပ်ကြီးနောက် လိုက်ကြ…..”“လူအုပ်ကြီးနောက် လိုက်ကြ…..” ဒီကြွေးကြော်သံဟာ ဘယ်နိုင်ငံရေးပါတီအဖွဲ့အစည်း၊ ဘယ်အစိုးရ၊ ဘယ်အစုအဖွဲ့ရဲ့ ကြွေးကြော်သံမှ မဟုတ် ပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းကို ဒီလိုဖြစ်အောင်၊ နိုင်ငံရေးသမားတွေ၊ အစိုးရတွေတွေ လုပ်လေ့လုပ်ထရှိ ပါတယ်။ လုပ်လည်းလုပ်ခဲ့ပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ နောင်လည်း လုပ်အုံးမှာပါပဲ။ ဒါဟာ ဘာကို ပြောသလဲဆိုရင် အုပ်စုအကျိုးစီးပွားကို ချဲ့ထွင်ဖို့၊ အုပ်စုတွေး (group...

▄ မင်းသေ့အမှာစာ

စာပေ၊ ပညာရေး၊ လူ့အဖွဲ့အစည်း ဆိုသည့် ဝေါဟာရ အတွဲအစပ်ကို စဉ်းစားမိပါသည်။ မြန်မာပြည်သည်၊ နိုင်ငံရေးအပြောင်းအလဲတစ်ခုတည်းဖြင့် အားလုံး ပြီးမြောက်သွားမည် မဟုတ်ပါ။ နိုင်ငံရေးအပြောင်းအလဲနှင့် အတူ ပညာရေးအပြောင်းအလဲနှင့် လူမှုပြုပြင်ပြောင်းလဲရေးပါ တွဲဖက်၍ ပါလာမှ ရပါလိမ့်မည်။ လူမှုပြုပြင် ပြောင်းလဲရေးနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု မပါသော၊ မည့်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ မည်သည့် စီးပွား ရေးပြုပြင်ပြောင်းလဲမှုမှ အာမခံချက် မရှိနိုင်ပါ။...

ကျေးလက်တောရွာက ဆရာ ဆရာမတွေ…

ပညာရေးဟာ နိုင်ငံ့ရဲ့ အနာဂတ်ကို ပြဌာန်းပါတယ်။ အခြေခံကျောင်းတွေဟာ ကလေးသူငယ်တွေရဲ့ ဘဝ အခြေခံ အုတ်မြစ်ကို တည်ဆောက်ပေးတဲ့ ဌာနဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံကျောင်းတွေရဲ့ အဓိက မောင်း နှင်အားဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ လုပ်ငန်းခွင်ဘဝ၊ ဘဝရပ်တည်မှု၊ စိတ်လုံခြုံမှုအခြေအနေ၊ လူနေမှု အဆင့် အတန်း ဆိုတာတွေက အလွန် အရေးကြီးပါတယ်။ အလွန်အရေးပါပါတယ်။ ကျေးလက်က ဆရာဆရာမတွေ...