အရေးမကြီးဟု ထင်ရသော အသေးအဖွဲလေးတွေ

ကောင်းတာတွေကို အခု လုပ်နိုင်သလောက် လုပ်နေဖို့ အရေးကြီးတယ်။ နည်းနည်းဖြစ်ဖြစ် လုပ်ဖို့ အရေးကြီးတယ်။ အခု လုပ်လို့ ဖြစ်တာလောက်ကို မလုပ်ဘဲနဲ့ အကြီးအကယ်လုပ်မယ်လို့ စဉ်းစားနေတဲ့သူ ဟာ ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒီလိုလူဟာ မကြီးပွားဘူး။ ဒါကြောင့် နည်းနည်းဖြစ်ဖြစ် လုပ်လို့ ရသလောက်ကို လုပ်မယ်ဆိုတဲ့စိတ် ရှိရမယ်။ (ဆရာတော် ဦးဇောတိက၊ တွေးမိတိုင်းပျော်တယ်၊ ၂၀၀၇...

ဗဟိုဦးစီးစနစ်မှသည် ဖက်ဒရယ်စနစ်ဆီသို့

ဗဟိုဦးစီးစနစ်မှသည် ဗဟိုဦးစီးစနစ်တွင် ဗဟိုအစိုးရ၏ အခန်းကဏ္ဍကြီးမားသကဲ့သို့ တင်းကျပ်၍ ရှည်လျားသောချုပ်ကိုင်ရေး လက်တံများလည်း ရှိသည်။ဗဟိုဦးစီးစနစ်ကို၊ အာဏာရှင်နိုင်ငံများနှင့် စပ်ကြားအစိုးရစနစ်များတွင် တွေ့ရလေ့ရှိသည်။အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဟူသော အာဏာခွဲဝေထားခြင်း မရှိတတ်ချေ။ဗဟို၌အာဏာခွဲဝေကျင့်သုံးမှုရှင်နေလျှင်လည်း၊ များသောအားဖြင့် လူတစ်စု၊ အဖွဲ့တစ်ဖွဲ့၊ လူမျိုးတစ်မျိုး၊ ပါတီတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်ထားလေ့ရှိတတ်သည်။ပြည်နယ်အစိုးရအဖွဲ့ရယ်လို့ မရှိ။ အကယ်၍ ပြည်နယ်အစိုးရအဖြစ် နာမည်တပ်ဖွဲ့စည်းထားလျှင်လည်း၊ လွတ်လပ်သောလုပ်ပိုင်ခွင့် မရှိ။ အခန်းကဏ္ဍတိုင်းကို ဗဟိုအစိုးရတစ်ရပ်တည်းကသာလျှင်၊ ဦးစီးချုပ်ကိုင်ထားသည်။ပြည်နယ်အစိုးရများသည်၊...

မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်

၂၀၂၂ ခုနှစ် နှစ်စမှာပဲ ဆရာကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် (၁၉၄၈ - ၁၉၈၈) စာအုပ် ဒုတိယအကြိမ် ပြန်ထွက်လာပါတယ်။ ၂၀၁၂ ခုနှစ် ပထမအကြိမ်ထုတ်ကတည်းက တခုတ်တရ စူးစူးစိုက်စိုက် ဖတ်ရတဲ့စာအုပ်။ နောက်ပိုင်းကာလများမှာလည်း ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းအကျဉ်းကို လျှပ်တပြက် လှန် လှောချင်ရင် ဆရာကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်ပဲ ပြေးပြေး ကောက်ကိုင်ရတယ်။ အသေးစိတ် ထပ်လိုက်ချင်ရင်တော့၊ ဆိုင်ရာ...

စစ်ရေးရလဒ် ဘာလဲ ၊ ဘယ်လဲ

နှစ်သစ်ကူးကာလရက်ပိုင်းအတွင်းမှာပဲ၊ နှစ်သစ်နဲ့အတူ စိတ်သစ် ခွန်အားသစ် တိုးစေမယ့်အပြုအမူ တချို့ တွေ့လိုက်ရပါတယ်။ အဲဒါတော့ … မြန်မာ့နွေဦးတော်လှန်ရေးခေါင်းဆောင်တွေရဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ကြီးမား သော အပြောင်းအလဲ ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ ကိစ္စပါပဲ။ တော်လှန်ရေးဟာ အီနေရင်၊ ညောင်းနေရင် တဖြည်း ဖြည်းနဲ့ သက်လုံကျနိုင်တယ်ဆိုတာကို အားလုံးက သိမှတ်လက်ခံဟန်တူပါတယ်။ စစ်ကောင်စီဘက်ကလည်း ၂၀၂၂ နှစ်ဦးပိုင်းမှာကို ကြီးမားသော ထိန်းချုပ်မှုတွေနဲ့...

ဖွင့်ဟခွင့်

ငါ့ရဲ့လျှို့ဝှက်ချက်တေးရေး / တေးဆို - ဖိုးကာhttps://www.youtube.com/watch?v=p6m4_qp9KCY https://www.youtube.com/watch?v=p6m4_qp9KCY ခံစားချက်နဲ့ပတ်သက်ရင် လူတွေဟာ လျှို့ဝှက်ချက်တွေ များလိုက်တာ။ သိုဝှက်ရတာတွေ၊ ဖုံးကွယ်ရတာတွေ၊ ဟန်ဆောင်ရတာတွေ။ ခံစားချက်ဟာ ဖွဲမီးလို တငွေ့ငွေ့ အုံပုန်းလောင်ကျွမ်းနေတာဟာ ပြင်းထန်တဲ့ ဝေဒနာလို့ ကျနော် ပြောချင်တယ်။ ဖော်ပြခွင့်မရတဲ့ ခံစားချက်​တွေ ဘယ်လောက်များပြားနေမလဲ။ လူရယ်လို့ ဖြစ်လာရင်၊ အကြောင်းရေစက်တွေကို မျှော်ကိုးတောင့်တနေတာကလည်း သောကဒုက္ခပဲ မဟုတ်လား။...

စာအုပ်တွေကြားက အကျဉ်းသား

လူငယ်ဆယ်ကျော်သက်ဘဝမှာ၊ စာအုပ်တွေကို အရူးအမူးဖြစ်ခဲ့စဉ်က တွေးခဲ့ဖူးတဲ့ အတွေးတစ်ခုရှိတယ်။ အဲသည့် အတွေးကို၊ ဆရာ ဖေမြင့်ရဲ့ စာဖတ်သမား၏ မှတ်စုများ ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ပြီးရခဲ့တာ။ အကယ်၍များ ထောင်ကျခဲ့ရင် စာအုပ်တွေနဲ့သာ အကျဉ်းချလိုက်ပေါ့တော့…လို့ တွေးမိတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်မိတ်ဆွေတွေ နဲ့ အတူအကျဉ်းကျရတာ အဆိုးတွေထဲက အကောင်းပေါ့။ စာအုပ်တွေဟာ အခုအချိန်အထိ ကျနော့် မိတ်ဆွေ၊ ကျနော့်သူငယ်ချင်းအရင်းအဖြစ်...