ဖွင့်ဟခွင့်

ငါ့ရဲ့လျှို့ဝှက်ချက်တေးရေး / တေးဆို - ဖိုးကာhttps://www.youtube.com/watch?v=p6m4_qp9KCY https://www.youtube.com/watch?v=p6m4_qp9KCY ခံစားချက်နဲ့ပတ်သက်ရင် လူတွေဟာ လျှို့ဝှက်ချက်တွေ များလိုက်တာ။ သိုဝှက်ရတာတွေ၊ ဖုံးကွယ်ရတာတွေ၊ ဟန်ဆောင်ရတာတွေ။ ခံစားချက်ဟာ ဖွဲမီးလို တငွေ့ငွေ့ အုံပုန်းလောင်ကျွမ်းနေတာဟာ ပြင်းထန်တဲ့ ဝေဒနာလို့ ကျနော် ပြောချင်တယ်။ ဖော်ပြခွင့်မရတဲ့ ခံစားချက်​တွေ ဘယ်လောက်များပြားနေမလဲ။ လူရယ်လို့ ဖြစ်လာရင်၊ အကြောင်းရေစက်တွေကို မျှော်ကိုးတောင့်တနေတာကလည်း သောကဒုက္ခပဲ မဟုတ်လား။...