▄ ဗမာမင်း အုပ်ချုပ်ပုံ စစ်တမ်း

Burma-Kingdom-by-Min-ThaytDownload ဗမာမင်းတွေဟာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကျင့်သုံးတာဖြစ်ခြင်းကြောင့်၊ တရားဥပဒေစည်းမျဉ်းစည်းကမ်း သတ်သတ်မှတ်မှတ်ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်တာမျိုး မလုပ်ခဲ့ပါဘူး။ ဗမာမင်းတွေဟာ ပြည်သူလူထုကို ရိုးရာဓလေ့ထုံးစံကို အခြေခံပြီး အုပ်ချုပ်ပါတယ်။ ရိုးရာဓလေ့ ထုံးစံဆိုတာလည်း မဖြစ်မနေ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းလို မဟုတ်လေတော့၊ ဘုရင့်ရဲ့စိတ်သဘောတော် အတိုင်း ထင်ရာအုပ်ချုပ်တာလို့ပဲ ဆိုလို့ရ မယ်။ အဲသည့်အထဲမှာ ဘုရင်က အမြော်အမြင်ရှိလို့၊ အမြင်ကျယ်လို့၊ စိတ်ထားကောင်းမြတ်လို့...

▄ ဗမာ့အာဏာဓလေ့

ဗမာတွေဟာ အာဏာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ဘယ်လိုတိမ်းညွှတ်ချက်မျိုးတွေ ရှိနေပါသလဲ။ လူ့အဖွဲ့ အစည်းဟာ လူတစ်ဦးချင်းစီနဲ့ စုပေါင်းထားတဲ့ အသိုက်အမြုံကြီးဖြစ်ပါတယ်။ လူတစ်ဦးချင်းစိတ်ရဲ့ စိတ်နေ ဓာတ်ခံအားလုံးရဲ့ အပေါင်းအစုဟာ လူမှုဓလေ့ဖြစ်လာပါတယ်။ နိုင်ငံရေးဓလေ့ဖြစ်လာပါတယ်။ ယဉ်ကျေးမှု ဓလေ့ဖြစ်လာပါတယ်။ ဗမာတွေရဲ့ လူမှုနိုင်ငံရေးယဉ်ကျေးမှုဓလေ့တွေကို နားလည်ဖို့ လိုပါတယ်။ ခေတ်သစ် နိုင်ငံရေးလေ့လာချက်မှာ၊ ဒီအကြောင်းအရာကို အရေးတကြီး နားလည်ဖို့ လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေး...

▄ လူငယ်တစ်ယောက်၏ အလုပ်

လူငယ်တစ်ယောက်ရဲ့အလုပ်ကို ခေါင်းစဉ်တပ်ပြီးရေးရလောက်အောင် အရေးကြီးတဲ့အလုပ် ရှိလို့လား။ ဒါမှ မဟုတ် ဒီအလုပ်ဟာ အင်မတန် အရေးကြီးတဲ့အလုပ်ဖြစ်ရမယ်။ တနည်းအားဖြင့် လူငယ်တစ်ယောက် မဖြစ် မနေ လုပ်ရမယ့် အလုပ်ကို ပြောဖို့ ဖြစ်လိမ့်မယ်။ အဲဒါဆို ဘာလဲ။ လူငယ်တစ်ယောက်မှာ မဖြစ်မနေ လုပ်ရမယ့် အလုပ်ဆိုတာ ဘဝနဲ့ ချီပြီး အရေးကြီးတာ ရှိလို့လား။ အရေးကြီးတာတွေက အများကြီး မဟုတ်ဘူးလား။...

ယုံကြည်မှုလိုအပ်ချက်

ယုံကြည်တာနဲ့ပတ်သက်ပြီး ကျနော် ပြောချင်တဲ့အချက် (၃) ချက်ရှိပါတယ်။ နံပါတ် (၁) လေ့လာသင်ယူမှုအပေါ်မှာ ယုံကြည်တာ။နံပါတ် (၂) အလုပ်လုပ်ခြင်းအပေါ်မှာ ယုံကြည်တာ။နံပါတ် (၃) စေတနာ အကျိုးပေးတယ်ဆိုတာကို ယုံကြည်တာ။ အထူးသဖြင့်၊ လူတစ်ယောက်ဟာ လူရယ်လို့ဖြစ်လာရင် လူချင်းတူတူ သူချင်းမျှမျှ နေနိုင်ဖို့၊ လူသူတော်ကောင်း တွေကြားထဲမှာ လူတောတိုးနိုင်ဖို့၊ ဘဝမှာတည်ငြိမ်တည့်မတ်စွာ နေနိုင်ဖို့ ဒီအချက် သုံးချက်က အရေးကြီးတယ်...

ဒီမိုကရေစီ လူ့ဘောင်သို့

မြန်မာပြည်အသွင်းကူးပြောင်းရေးနဲ့ပတ်သက်ပြီး ရေတို၊ ရေရှည်အကဲဖြတ်ရမယ့်ကိစ္စတွေ ရှိပါတယ်။ တိုင်းပြည် အုပ်ချုပ်ခြင်းအလုပ်ဆိုတာဟာ လတ်တလောအကျိုးအတွက် ကြည့်ပြီး လုပ်ရတာတွေ ရှိတယ်။ ထိုနည်းလည်း ကောင်း၊ ရေရှည်မြော်မြင်ပြီး လုပ်ရတာတွေလည်း ရှိပါတယ်။ ရေတို / ရေရှည်သဘော အခုရေတွင်းတူး အခုရေကြည်သောက် ဖြစ်ချင်လို့ မရတဲ့ ကိစ္စတွေလည်း ရှိတယ်။ နှစ်ရှည်ပင်စိုက်သလို၊ စိုက်ထားပျိုးထားပြီး လေးငါးဆယ်နှစ်လောက်ကြာမှာ အသီးအပွင့် စ,ပြလာမယ့်ကိစ္စတွေလည်း ရှိနေပြန်တယ်။...

▄ စစ်စီးပွားရေးနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုထောင်ချောက်

Khaki-Capital-and-Chinese-Investment-Trap-by-Aung-Ko-Ko-ToeDownload တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာပြည်အတွက် ထွက်ပေါက်လား၊ ထောင်ချောက်လား။စစ်စီးပွားရေး၊ လက်နက်ကိုင်တပ်တွေအပေါ် စစ်ရေးအထောက်အပံ့တွေနဲ့ တရုတ်အရင်းအနှီးတွေ ဘယ်လို ပတ်တုပ်ချည်နှောင်ထားသလဲ။ဖြစ်စဉ်တချို့ကို စဉ်းစားနိုင်ဖို့ ဒီဆောင်းပါးကို ရေးပါတယ်။ ဆောင်းပါးအနှစ်ချုပ် တရုတ်ပြည်သည် မြန်မာနဲ့ ပထဝီစီးပွားရေးအရ ဆက်နွှယ်ချုပ်နှောင်ထားသော အခြေအနေ၌ ရှိနေပါသည်။ ၎င်းအခြေအနေ၌ တရုတ်ငွေလုံးငွေရင်းများဖြင့် ရင်းနှီးမြုပ်နှံလာသော စီးပွားရေးလုပ်ငန်းများတွင်၊ တည်ဆဲ / လက်ဟောင်း စစ်စီးပွားရေးနှင့် နီးကပ်သော ဆက်ဆံမှုများ...

▄ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် သို့ /

(၂၀၂၀ လွန်အခင်းအကျင်းအတွက်၊ ၂၀၁၉ တုန်းက ရေးသားချက်မှတ်တမ်းတစ်ခု) သီအိုရီအရက နိုင်သူအကုန်ယူစနစ် (FPTP) နဲ့ ပါတီစုံစနစ် (Multi-party System) ကို ကျင့်သုံးရင် နှစ်ပါတီ ကြီးစိုးတဲ့စနစ် (Two partry dominant System) ဖြစ်တတ်တယ်။ နှစ်ပါတီကြီးစိုးတဲ့စနစ်မှာ အားသာချက် တွေ ရှိသလို၊ အားနည်းချက်တွေ လည်း ရှိတယ်။ မြန်မာပြည်လို နိုင်ငံမျိုးမှာ...

▄ သရီးစီ နှင့် ချည်းကပ်နည်း သုံးသွယ်

ကျနော်စာရေးရင် သုံးတဲ့နည်းတချို့ရှိပါတယ်။ အဲသည့်အထဲက အချက် (၃) ချက်ကို နည်းနည်းပြောချင်ပါ တယ်။ စာကို တကယ်ရေးတတ်လာတဲ့လူတွေတော်တော်များများဟာ၊ စာရေးနည်းကို သိလို့ ရေးတတ်လာ တယ်ဆိုတာထက် ဖတ်ပါများရင်း၊ နာနာဖတ်ရင်း၊ ရေးကျင့်များလာရင်း လက်က အလိုလို ကလောင်ကို စမ်း မိ လာတာများပါတယ်။ ကျနော်လည်း ထိုနည်းလည်းကောင်းပါပဲ။ စာရေးနည်းကို သိလို့ စာရေးတာထက်၊ ရေးရင်း သိလာတာ၊...

▄ နီတိ လေးပါး၊ အပြုံးသက်သေ

Four-Literacy-by-Min-ThaytDownload “အ” သုံးလုံးကြေ ဆိုရှယ်လစ်ခေတ်က မြန်မာပြည်မှာ၊ “အ” သုံးလုံးကြေရင် စာတတ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။ ဒါ့ကြောင့် ‘အ’ သုံးလုံး သင်ကြားရေးတွေ နယ်အနှံ့ဆင်းပြီး၊ သင်ကြ ကြားကြတယ်။ ပြီးတော့ ကမ္ဘာကို ကြေညာတယ်။ မြန်မာပြည်မှာ စာတတ်သူ ဦးရေ ဘယ်လောက် ဘယ်မျှ စသည်ဖြင့်။ “အ” သုံးလုံးဆိုတာ၊ အရေး အဖတ် အတွက်ကို...