▄ မင်းသေ့အမှာစာ

စာပေ၊ ပညာရေး၊ လူ့အဖွဲ့အစည်း ဆိုသည့် ဝေါဟာရ အတွဲအစပ်ကို စဉ်းစားမိပါသည်။ မြန်မာပြည်သည်၊ နိုင်ငံရေးအပြောင်းအလဲတစ်ခုတည်းဖြင့် အားလုံး ပြီးမြောက်သွားမည် မဟုတ်ပါ။ နိုင်ငံရေးအပြောင်းအလဲနှင့် အတူ ပညာရေးအပြောင်းအလဲနှင့် လူမှုပြုပြင်ပြောင်းလဲရေးပါ တွဲဖက်၍ ပါလာမှ ရပါလိမ့်မည်။ လူမှုပြုပြင် ပြောင်းလဲရေးနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု မပါသော၊ မည့်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ မည်သည့် စီးပွား ရေးပြုပြင်ပြောင်းလဲမှုမှ အာမခံချက် မရှိနိုင်ပါ။...

▄ အနာဂတ်ဝါဒီတစ်ယောက်၏ မေးခွန်းများ

ဒီဆောင်းပါးဟာ အနာဂတ်ဝါဒီတစ်ယောက်ရဲ့ စဉ်းစားချက်ဖြစ်ကောင်းဖြစ်မှာပါ။ သို့တည်းမဟုတ် အနာဂတ် ဝါဒီတစ်ယောက်ရဲ့ စိုးရိမ်သောကလည်း ဖြစ်ကောင်းဖြစ်မယ်။ သို့မဟုတ် အနာဂတ်ဝါဒီတစ်ယောက်ရဲ့ မေးခွန်း များလည်းဖြစ်ကောင်းဖြစ်မယ်။ ဘယ်လောက်ထိ စဉ်းစားမလဲ ကျနော်တို့ခေတ်၊ ကျနော်တို့ မျိုးဆက်၊ ကျနော်တို့လူ့အဖွဲ့အစည်းထဲမှာ အနာဂတ်အကြောင်းကို စဉ်းစားတဲ့သူ ဘယ်လောက်လောက်ရှိနိုင်မယ် ထင်ပါသလဲ။ အနာဂတ်အကြောင်းကို စဉ်းစားတာဟာ လက်တစ်ကမ်းက မနက်ဖြန်အကြောင်းကို စဉ်းစားရုံနဲ့ မရပါဘူး။ လာမယ့်နှစ်အတွက် စဉ်းစားရုံနဲ့လည်း...

▄ အတွေးအခေါ်သစ်ပင်

အတွေးအခေါ် အယူအဆတွေဟာ သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ အတွေးအခေါ်၊ အယူအဆတွေကို သေချာ ပြင်ဆင်ထုပ်ပိုးထားတဲ့ the set of ideas လို့ အိုင်ဒီယော်လိုဂျီတွေဟာလည်း သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ သစ်ပင်တွေဟာ ရေခံမြေခံပေါ်လိုက်ပြီးတော့၊ ပေါက်ပွားလေ့ရှိတယ်။ ပေါက်ရောက်တဲ့ရေမြေဓာတ်ခံနဲ့ မျိုးစိတ် ရဲ့ သဘာဝကိုက်ညီတဲ့အခါ၊ ဓာတ်ကိုက်ညီတဲ့အခါမှာ ဖြစ်ထွန်းတယ်။ တခါတရံလည်း ပိုးမွှားကျလို့ မျိုးသုဉ်း တာလည်း ကြုံတာပေါ့။ ရေမြေအလိုက် ပေါက်ရောက်တဲ့...

ချိုင်းနားရီဗျူး “မင်းသေ့ အမေးစာ”

ရေးသားဖော်ပြထားတဲ့ စာတွေအကြောင်း ထူးထွေပြီး မှာစရာ အကြောင်းမရှိပါ။ ထူးထူးထွေထွေ မေးစရာတော့ ရှိပါတယ်။ ဒါ့ကြောင့် အမှာစာလို့ မတပ်ဘဲ အမေးစာ လို့ ခေါင်းစဉ်တပ်ပါတယ်။ တရုတ် အကြောင်း ဆောင်းပါးတွေကို စုစည်းထုတ်ဝေလိုက်ရခြင်း ရည်ရွယ်ချက်ကို ပြောချင်ပါတယ်။ ဒီစာအုပ် ဟာ ကျနော် ထုတ်ဝေဖူးသမျှ၊ စာအုပ်တွေထဲမှာ စာမျက်နှာအနည်းဆုံး စာအုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဆောင်းပါး တစ်ပုဒ်ချင်းစီဟာ...

စာရေးချင်သူသို့ / (၂)

နံပါတ် (၆) စာစုံဖတ်ဖို့။ စာရေးမယ့်သူဟာ စာမဖတ်လို့ မရပါဘူး။ စာဖတ်တယ်ဆိုတာ လေ့လာခြင်းဖြစ်တယ်။ ဆည်းပူးခြင်းဖြစ်တယ်။ စူးစမ်းခြင်းဖြစ်တယ်။ စာတစ်မျိုးတည်းဖတ်လို့လည်း မရဘူး။ စာစုံဖတ်ဖို့ လိုတယ်။ တတ်နိုင်ရင် အင်္ဂလိပ်စာပါ ဖတ်တတ်ဖို့ လိုတယ်။ မြန်မာစာအုပ်တွေ ဖတ်နေရုံနဲ့ မလုံလောက်ဘူး။ အင်္ဂလိပ်ဘာသာစကားဟာ ကမ္ဘာသုံး ဘာသာစကားလည်းဖြစ်တယ်။ အကျယ်ပြန့်ဆုံး သုံးစွဲတဲ့ ဘာသာစကားလည်းဖြစ်တယ်။ ဟိုးရှေးအတီအတေ က အင်္ဂလိပ်ဘာသာစကားနဲ့...

စာရေးချင်သူသို့ /

ဒီနေ့ခေတ် လူငယ်စာရေးချင်သူတွေကို ခပ်များများတွေ့လာရတယ်။ ဒါ့ကြောင့် ကိုယ် သိနားလည်ထားသမျှကို ဝေငှချင်လို့ ဒီစာကို ရေးဖြစ်တယ်။ စာရေးဖို့အတွက်ဆိုရင် အရေးကြီးတဲ့အချက်တွေ ရှိတယ်။ ဝါသနာထုံသူ၊ ရူးသွပ်သူအတွက်ကတော့ ထူးထွေ ပြီး ပြောနေစရာ အကြောင်း မရှိပါ။ သူ့ဘာသာသူ ရှာဖွေဆည်းပူးလေ့လာရင်းနဲ့ သူ့အလိုလိုနားလည်သွား တတ်တာမို့ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အထုံမပါနိုင်ပါ။ ဆန္ဒအလျောက်သာ ရှိပြီး တဖြည်းဖြည်းချင်း တိုးလုပ်သွားလေ့ရှိပါတယ်။...

တိုင်းပြည် ကိုယ်ကျင့်

ကျနော်တို့ ငယ်ငယ်တုန်းက အတန်းကျောင်းဖတ်စာမှာ၊ ပညာသင်ခါ မရှက်ရာ…. ဆိုပြီး သင်ကြားခံရဖူးတာ မှတ်မိတယ်။ မနက်က ရုံးကိုလမ်းလျှောက်လာရင်း၊ ဘာမှန်းမသိ ဒီစကားလုံးက ခေါင်းထဲကို ဝင်လာတယ်။ ပညာသင်ခါ မရှက်ရာ။ ပညာသင်ခါ မရှက်ရာ…..။ငယ်ရွယ်စဉ်မှာ ပညာရှာဆိုတော့၊ ဆယ်ကျော်သက်အရွယ်၊ လူငယ်အရွယ်မှာ ပညာသင်ဖို့ မရှက်ရဘူး…. ရှက်ရင် ပညာရသင့်သလောက် မရဘူးလို့ တွေးပြီး နှလုံးသွင်းမိတယ်။ အခုတော့ လူလည်း...