အမျိုးဝါဒ

Race-Ideology-by-Min-ThaytDownload အမျိုးသားရေးနဲ့ ဘာသာရေးကို တွဲပြီးပြောကြပါတယ်။ ကိုလိုနီခေတ်မှာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုကို စတင်လိုက်တာက အမျိုး ဘာသာ သာသနာ ပညာ လှုပ်ရှားမှုဖြစ်ပါတယ်။ သို့ပေမယ့် နိဒါန်းအစမှာ ပါခဲ့တဲ့ ပညာဟာ ဘယ်နေရာမှာ ပြုတ်ကျကျန်ရစ်ခဲ့လည်း မသိပါ။ သည့်နောက်ပိုင်း အမျိုးသားရေးနဲ့ ပတ်သက်ပြီး ပြောကြရေးကြတဲ့ရေးသားပြောဆိုချက်တွေမှာ အမျိုးသားရေးနဲ့ ဘာသာရေးကို ဇောင်းပေးတွဲဖက်တာတွေ့ရ တယ်။ • အမျိုးသားရေးတာဝန်…. ဘာသာရေးတာဝန်တွေ...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

အဖွဲ့ချုပ်ကို မေးချင်ပါတယ်

Question-for-NLD-by-Min-ThaytDownload ကျနော်ဟာ သာမန်ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်ရဲ့လိုလားချက်အနေနဲ့ အဖွဲ့ချုပ်ကို မေးခွန်းတချို့မေးချင်ပါတယ်။ အတိုက်အခံဘဝနဲ့ နှစ်ပေါင်းများစွာ အထုအထောင်းကြားထဲက ဖြတ်သန်းလာတဲ့ သမိုင်းဖြတ်သန်းမှုကို ကျနော် လေးစားပါတယ်။ အုံလိုက်ကျင်းလိုက် စုဖွဲ့ထားတဲ့ အဖွဲ့ဝင်တွေ တက်ကြွစွာ ရှိနေခြင်းကိုလည်း လေးစားပါ တယ်။ တိုက်ခိုက်ထိုးနှက်မှုဒဏ်တွေကို ခံနိုင်ရည်ရှိရှိ ကိုယ်ခံအားကောင်းကောင်းနဲ့ ကြံ့ကြံ့ခံနိုင်တာကိုလည်း အသိအမှတ်ပြုပါတယ်။ ရန်ပုံငွေ နည်းပါးပေမယ့် အဖွဲ့ချုပ်ဝိုင်းတော်သားတွေဟာ ကိုယ့်အိတ်...

တရုတ်မျိုးချစ်

မြန်မာကိုင်ဆွဲထားတဲ့ အမျိုးသားရေးဝါဒနဲ့ တရုတ်အမျိုးသားရေးဝါဒ အကြား ထိပ်တိုက်တွေ့မှုဖြစ်လာနိုင် သလား။ Nationalist-China-by-Min-ThaytDownload မြန်မာပြည်မှာ အမျိုးသားရေးဝါဒလို့ ပြောရင် များသောအားဖြင့် မြန်မာ့တပ်မတော်ကိုသွားမြင်ကြတယ်။ နောက်ပြီး မဘသ အုပ်စုကို မြင်ကြပါလိမ့်မယ်။ အမျိုးသားရေးဝါဒဆိုတာကို လက်နက်ကိုင်မြန်မာတပ်နဲ့ မဘသ အုပ်စုနှစ်ခုကိုပဲ ကိုင်ပြီး အနက်ဖွင့်မယ်ဆိုရင် အင်မတန် ကျဉ်းမြောင်းရာကျပါတယ်။ အမျိုးသားရေးဝါဒဆိုတာ ကျယ်ပြန့်နက်ရှိုင်းတဲ့သဘောဆောင်ပါတယ်။ မြန်မာပြည်မှာ တပ်နဲ့ မဘသ အုပ်စုဟာ...

တရုတ်၏ ဆူးကြီး သုံးချောင်း (သို့) တီ သုံး တီ

T-Three-T-by-Min-ThaytDownload တရုတ်ပြည်မှာ ယခုအချိန်အထိ နှစ်ဝင်နေတဲ့ ဆူးကြီး သုံးချောင်းရှိတယ်။ အင်္ဂလိပ်လို တီသုံးတီ လို့ခေါ်ကြတယ်။ (၁) တရုတ်ထိုင်ဝမ် (Taiwan) (၂) တီယံမင် (Tiananmen) (၃) တိဘက် (Tibet) အရေးကိစ္စ သုံးခုဖြစ်တယ်။ (၁) တရုတ် တိုင်ပေ ၁၈၈၅ ခုနှစ်မှာ၊ ဂျပန်က တရုတ်နဲ့ စစ်ဖြစ်ပြီး ထိုင်ဝမ်ကျွန်းကို ကိုလိုနီနယ်မြေအဖြစ်...

တရုတ်၏ အိုင်ဒီယော်လိုဂျီ ပို့ကုန်

ဤဆောင်းပါးသည် တရုတ်ပြည်၌ ဒီမိုကရေစီဖြတ်တည်မှုတွင် ကွန်ဖြူးရှပ်ဝါဒက အခုအခံ အတားအဆီးဖြစ်သ လား ဆိုသည့် အချက်ကို တင်ပြဆွေးနွေးထားသည်။ အထူးသဖြင့် တရုတ်၏ လူမှုဓလေ့နှင့် စနစ် အပေါ် စွဲမြဲမှု တို့သည် ဒီမိုကရေစီအတွက် အတားအဆီးများ ဖြစ်နိုင်၏။ မဖြစ်နိုင်၏ ဆိုသည်ကို တင်ပြထားသည်။ ထို့အပြင် စီးပွားရေး ဖွံ့ဖြိုးမှုက ဒီမိုကရေစီကို လျစ်လျှူရှုခြင်း ဖြစ်နိုင်သလား ဆိုသည့်...

လေ့လာသင်ယူရေး

မပြောဖြစ်တာကြာပြီဖြစ်တဲ့ လေ့လာသင်ယူရေးအကြောင်း ပြောချင်ပါတယ်။ လေ့လာသင်ယူရေးမှာ ရေမြုပ်လို၊ သံလိုက်လို၊ ရေသယောက်လို၊ ပျားလို ပမာတူမျှရမှာဖြစ်ကြောင်း ပြောချင်ပါတယ်။ ရေမြုပ်လို ပညာကို သင်ယူတဲ့နေရာမှာ ရေမြုပ်လို ကျင့်ရမယ်။ လေ့လာသင်ယူရေးမှာ ရေမြုပ်လို နေထိုင်ကျင့်ကြံခြင်းက အရာရောက်တယ်။ ခရီးရောက်တယ်။ ခရီးပေါက်တယ်။ သိနားလည်မှုကို စုစည်းပေးတဲ့ဖြစ်စဉ်သဘောကို ပြော တာဖြစ်ပါတယ်။ ရေမြုပ်ဟာ ရေကို တွေ့တဲ့နေရာမှာ စုပ်ယူသလို၊ အသိပညာဗဟုသုတကို...

ပြည်ပရောက်တရုတ်များအရေး

Oversea-Chinese-by-Min-ThaytDownload တရုတ်နိုင်ငံရဲ့ လူဦးရေပေါက်ဖွားနှုန်းဟာ အင်မတန် မြင့်လာပါတယ်။ မော်စီတုန်းခေတ်က သန်းပေါင်း (၈၀၀) လောက်ရှိတဲ့ တရုတ်တွေဟာ အခု သန်းပေါင်း (၁၄၀၀) ကျော်လာပါပြီ။ တရုတ်နိုင်ငံမှာ တိန့်ရှောင်ဖိန်ခေတ်က တစ်အိမ်ထောင် သားသမီးတစ်ယောက် (One Child Policy) ကို ကျင့်သုံးပြီး တိုင်းပြည်လူဦးရေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ဘယ်လိုပဲ ကြိုးစားကြိုးစား တရုတ်တွေရဲ့လူဦးရေတိုးနှုန်းဟာ များပြားတဲ့အနေအထားကို...

တရုတ်နဂါး

တရုတ်တွေကို သွားမနိုးလိုက်နဲ့… သူတို့ အိပ်နေပါစေ… သူတို့နိုးလာရင် ကမ္ဘာကြီးကို လွှမ်းမိုးသွားလိမ့်မယ်… နပိုလီယံဗိုနာပတ် - ပြင်သစ် ဧကရာဇ် ပြင်သစ်ဘုရင် နပိုလီယံက တရုတ်တွေနဲ့ပတ်သက်ပြီးတော့ ပေးထားခဲ့ဖူးတဲ့ မှတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီနေ့ (၂၀၁၉ ၊ အောက်တိုဘာ ၁ ရက်) ဟာ တရုတ်ပြည်ကြီးကို စုစည်းတည်ထောင်လိုက်တဲ့ နှစ် (၇၀) ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ သိပ်မကြာခင်ရက်ပိုင်း...