မှတ်စုထုတ်တာ

မှတ်စုထုတ်တာနဲ့ပတ်သက်ပြီး ကျနော် လုပ်ခဲ့တဲ့အတွေ့အကြုံကို ပြောပြချင်ပါတယ်။ စာဖတ်ရင်း ဖတ်မိထား တဲ့စာအုပ်ထဲက ကြိုက်တဲ့စာကြောင်းတွေ၊ ဝါကျတွေကို လိုင်းတားတာ မှတ်စုထုတ်တာတွေ ကျနော် လုပ်လေ့ရှိ ပါတယ်။ ကျနော် တက္ကသိုလ်ကျောင်းသား ဘဝမှာ စွဲစွဲမြဲမြဲလုပ်ခဲ့ပါတယ်။ ဘွဲ့ရအပြီးနောက်ပိုင်း ၂ နှစ်လောက် မှာလည်း ကျနော် စွဲစွဲမြဲမြဲလုပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မှတ်စုစာအုပ်ထက် ကွန်ပြူတာကီးဘုတ်ခံနဲ့ ပိုပြီးနီး စပ်သွားလို့ ကျနော်...

တို့တိုင်းပြည်

ဒီခေါင်းစဉ်ကို ဆရာဇော်ဂျီရဲ့ကဗျာခေါင်းစဉ်ကို ယူလိုက်တာဖြစ်ပါတယ်။ ဆရာဇော်ဂျီရဲ့ကဗျာဟာ မြန်မာ ပြည်သူတွေနဲ့ မဝေးပါဘူး။ ကျောင်းသင်ရိုးပြဌာန်းစာအုပ်တွေမှာလည်းပါခဲ့တယ်။ ဆရာဇော်ဂျီရဲ့စာပေတွေ ကိုယ်တိုင်က အခုအချိန်ထိ၊ စာပေနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ချိလို့ကောင်းတုန်း။ ဆရာဇော်ဂျီ ရဲ့ စာအုပ်တွေကလည်း အခုထက်ထိ ပုံနှိပ်နေရဆဲ… ရောင်းတန်းဝင်နေဆဲ…။ ဆရာဇော်ဂျီလို့ ပြောရင် တော်တော်များများက၊ ‘ဗေဒါလမ်း’ ကဗျာတွေကို သိကြတယ်။ ထို့အတူပဲ “သင်သေ သွားသော်” ကဗျာကို...

မြန်မာစာပေဖြတ်သန်းမှု

မြန်မာ့စာပေသမိုင်းကိုကြည့်ရင်၊ ဆင့်ကဲဆင့်ကဲနဲ့ ဖြစ်ပေါ်တိုးတက်လာတာကို တွေ့ရတယ်။ ဗုဒ္ဓစာပေတွေက နေ အခြေပြုဆင်းသက်လာရင်း၊ ကိုလိုနီခေတ်မှာ အနောက်တိုင်းရဲ့စာပေအနုပညာတွေ ပွားစည်းလာတာတွေ့ ရတယ်။ အနောက်တိုင်းစာပေတွေကို၊ ပြန်သယ်လာတဲ့လူတွေက မြန်မာပညာတတ်စာရေးဆရာတွေဖြစ်တာ တွေ့ရပြန်တယ်။ ယခင်ကတော့ နန်းတွင်း ပညာရှိအမတ် စာသမားတွေကနေ ဆင်းသက်တယ်။ အမတ်တွေ ဟာ စာပေမှာ မွှေ့လျော်တယ်။ ဗုဒ္ဓဒေဿနာတွေမှာ နှံ့စပ်ကျွမ်းကျင်ကြတယ်။ ခေတ်ပညာကို လေ့လာဆည်းပူး ကြတယ်။ အနောက်တိုင်းက...

ရှေ့နှစ်လမ်းတိုး ၊ နောက်တစ်လှမ်းဆုတ်

စာညွှန်း / နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ၊ ဝင်းငြိမ်း။ Audio Book ဝတ္ထုဆိုတာ ဘာလဲ။ မုသားများနဲ့ သီကုံးထားတဲ့ အမှတ်တရ အဖြစ်အပျက် တစ်ခုလို့ ကျွန်မ ဆိုချင် ပါတယ်။ စာပေနယ်ထဲ ခြေတစ်လှမ်းတိုးမိလာလေလေ၊ စာရေးခြင်းအလုပ်နှင့် စာရေးဆရာများ၏ ဘဝကို ပို၍ စိတ်ဝင် စားလေလေဖြစ်လာသည်။ သည်လိုဖြစ်သည်မှာ၊ စာရေးဆရာတိုင်းလိုလို ကြုံရသည်လား မပြောတတ်။...

အညမညသဘော

စာညွှန်း / ဗီဇနှင့်ပတ်ဝန်းကျင်၊ ဦးအေးမောင် ။ စာအုပ္အညႊန္း Audio Book လူဟာ ကိုယ့်ဗီဇကို ကိုယ်ကောင်းအောင် အမြဲလုပ်နေရသည်။ နဂိုမူလဓာတ်ခံအတိုင်း၊ ထားလိုက်လျှင် ပို၍ တိုးမလာ။ ပို၍ တက်မလာ။ ဒုံရင်းဒုံရင်း အတိုင်းသာ ဖြစ်လိမ့်မည်။ ဗီဇသည် ပတ်ဝန်းကျင်နှင့် ဆက်စပ်နေသည်။ ပတ်ဝန်းကျင်သည် ဗီဇ၏ ပြုပြင်စီရင်မှုကြောင့် ပြောင်းလဲလာရသည်။ သည်နှစ်ခုသည် အပြန်အလှန်...

စာပေလူကြမ်းမင်းသား

စာညွှန်း / စာပေလူကြမ်းမင်းသား အောင်သင်းနှင့် တွေ့ဆုံပေးခြင်း ၊ ဝင်းငြိမ်း။ စာအုပ္အညႊန္း Audio Book ဆရာ ဝင်းငြိမ်းက ဆရာကြီး ဦးအောင်သင်းကို ပေဖူးလွှာအတွက်၊ အင်တာဗျူးသည်။ ဆရာ အောင်သင်းကို ကျနော် သဘောခွေ့သည်။ အရေးအသားပိုင်းနှင့် အပြောအဟောပိုင်းတွင်ပါ သဘောကျသည်။ ရေးသော စာ တင်ကောင်းသည် မဟုတ်။ အဟောအပြောမှာလည်း ပွဲကျအောင်ပြောနိုင်သော စာပေလူကြမ်းကြီးပါ...

လူသားဗုဒ္ဓ

စာညွှန်း / ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ ဦးအေးမောင် စာအုပ္အညႊန္း Audio Book • ဗုဒ္ဓကို လူသားစင်စစ်လို့ မြင်အောင် လုပ်ပေးသည့် စာအုပ်။ • ဆင်ခြင်တုံတရားကို ရှေ့ဆောင်ထားသည့် စာအုပ်။ • တန်ခိုးရှိန်စော်တွေကို ဖယ်ပြီး ပကတိအရှိကို မြင်အောင်ဖော်ပေးသည့် စာအုပ်။ • ဗုဒ္ဓဝင်နှင့် အဋ္ဌကထာဆရာတို့က ကွန့်ထား၊ ညွှန့်ထားတာကို...

စာရေးဆရာများ

စာညွှန်း / ဝင်းငြိမ်းနှင့် စာရေးဆရာများ အတွဲ (၁) ၊ (၂)။ Audio Book • ခပ်ဝေးဝေးနေမှသာ ကြည်ညိုဖွယ်ကောင်းသော စာရေးဆရာများ ရှိပါသည်။ • အနီးရော၊ အဝေးရော ကြည်ညိုစရာကောင်းသော စာရေးဆရာများလည်းရှိပါသည်။ • ပိုနီးလေ ပိုကြည်ညိုရလေဆိုသော စာရေးဆရာများလည်း ရှိပါလိမ့်မည်။ • မည်သို့ပင်ဆိုစေ၊ စာရေးဆရာများမှာကား လူသားများပင်ဖြစ်ပါသည်။ •...

ဒဿနအမြင်

စာညွှန်း / အနောက်တိုင်းဒဿနကို မြန်မာမျက်စိဖြင့် ကြည့်ခြင်း (၂) ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) စာအုပ္အညႊန္း Audio Book ဒဿနဓာတ်ခံ အခြေခိုင်ခိုင်ရရှိလိုသူတို့ ဖတ်သင့်သည်ဟု မြင်သည်။ ဒေါက်တာခင်မောင်ဝင်းကိုယ်တိုင်က ဒဿနိကဗေဒ ပါမောက္ခ။ သူ့တပည့်တွေက အခုဆို နိုင်ငံရေးနယ်၊ ပညာရပ်ဆိုင်ရာနယ်တွေမှာ ပေါက်မြောက် အောင်မြင်နေသူတွေ။ ကျနော့် အသိမိတ်ဆွေ လူကြီးများထဲတွင် ဒေါက်တာခင်မောင်ဝင်း တပည့်တွေ ရှိသည်။...

အဝေးကြည့်

စာအုပ်အညွှန်း - အဝေးမြင် / ကျော်ဝင်း ဒုတိယအကြိမ် (ဖြည့်စွက်) ၊ တကောင်းစာပေ။ စာအုပ္အညႊန္း Audio Book အဝေးမြင် ၂၀၁၁/ ပထမအကြိမ်ထုတ်ကို တမ်းတမ်းဆွဲဖတ်မိတာကြာပြီ။ ယခု ဒုတိယအကြိမ် ဖြည့်စွက်စာမူ တချို့နှင့် ထပ်ထွက်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် ပထမအကြိမ်ထုတ်နှင့် ဒုတိယအကြိမ်ထုတ်က (၇) နှစ်တိတိ အကွာကျမှ ထွက်လာသည်။ စာအုပ်ကို လူများ၊...