တို့တိုင်းပြည်

ဒီခေါင်းစဉ်ကို ဆရာဇော်ဂျီရဲ့ကဗျာခေါင်းစဉ်ကို ယူလိုက်တာဖြစ်ပါတယ်။ ဆရာဇော်ဂျီရဲ့ကဗျာဟာ မြန်မာ ပြည်သူတွေနဲ့ မဝေးပါဘူး။ ကျောင်းသင်ရိုးပြဌာန်းစာအုပ်တွေမှာလည်းပါခဲ့တယ်။ ဆရာဇော်ဂျီရဲ့စာပေတွေ ကိုယ်တိုင်က အခုအချိန်ထိ၊ စာပေနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ချိလို့ကောင်းတုန်း။ ဆရာဇော်ဂျီ ရဲ့ စာအုပ်တွေကလည်း အခုထက်ထိ ပုံနှိပ်နေရဆဲ… ရောင်းတန်းဝင်နေဆဲ…။ ဆရာဇော်ဂျီလို့ ပြောရင် တော်တော်များများက၊ ‘ဗေဒါလမ်း’ ကဗျာတွေကို သိကြတယ်။ ထို့အတူပဲ “သင်သေ သွားသော်” ကဗျာကို...