စောင့်ကြည့်ခွေး

“အရူးတွေ လက်ထဲမှာ၊ အန္တရာယ်ပေးနိုင်တဲ့ လက်နက်တွေ မရှိစေရအောင် ဖယ်ရှားပစ်ဖို့ ကျွန်တော် အမြဲ လိုလားခဲ့တယ်။ ကိုင်း… လက်နှိပ်စက်တွေက စကြပါစို့ရဲ့….” ဖရန့်ရိုက်။ (သတင်းစာဆရာများကို တိုက်ခိုက်သရော်တဲ့စကား) စာ - ၃၄ / နိုင်ငံရေး စာကိုး စကားကိုး - မောင်ဝံသ တကယ်တော့ ဖရန့်ရိုက်ကိုယ်တိုင်က၊ စာရေးဆရာဖြစ်သည်။ ဗိသုကာတစ်ယောက်လည်းဖြစ်သည်။ ၁၈၆၇ ခုနှစ်...

စကားလုံးတစ္ဆေခြောက်ခြင်း

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာဂတော အာဟ၊ တေသဉ္စ ယော နိယောဓော ဧဝံဝါဒီ မဟာသနဏော။” ဆိုပြီး အကျဉ်းဟောတယ်။ ဉာဉ့်နက်နက်မှာ ကျွန်တော် အိပ်မရပါ။ ညနေက စကားလုံးတွေနဲ့ ကခုန်ဖြစ်ခဲ့တယ်။ စကားလုံးတွေက ကျွန်တော်ရဲ့ အဖော်။ စကားလုံးတွေနဲ့ နပန်းလုံးရတာ လေ့ကျင့်သားပြည့်တဲ့ ကစားကွင်းဖြစ်ခဲ့ပါတယ်။ စကား လုံးတွေရဲ့ ညှိ့ဓာတ်များကို...

ကျောင်းဆရာ ဘဝ

(နှလုံးသွင်းတရားများ) ကျွန်တော့် အလုပ် ၃ လုပ်ရှိသည်။ • စာဖတ်တာ • စာသင်တာ နဲ့ • စာရေးတာ… ကျွန်တော့် စာသင်သက် ၄ နှစ် ထဲရောက်လာပြီ။ တစ်သက်လုံး ကျောင်းစာတွေ သင်ခဲ့သည့် ဆရာများနှင့် နှိုင်းယှဉ်လျှင်၊ ကျွန်တော့် စာသင်သက်က တကယ်တော့ ဘာမှ မဟုတ်။ ဝါ နုလွန်းလှသည်။ အမှန်တကယ်မှာ၊...

စာအုပ်များနှင့် ၁၀ နှစ်တာ

(စာဖတ်ခြင်းအပေါ် ခပ်ရွှင်ရွှင်အမြင်များ) ဓမ္မချစ်သူ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်ဗျာ.. သီလဂုဏ်.. သမာဓိဂုဏ်.. ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော.. စသည်ဖြင့် ခင်ဗျားတို့ ကြားဖူး၊ ကြုံဖူးကြမည် ထင်သည်…. ရပ်ကွက် ဓမ္မာရုံကဖြစ်ဖြစ်၊ အလှူခံမဏ္ဍပ် ဖြစ်ဖြစ်၊ ပရိတ်ရွတ်အသင်းကနေဖြစ်ဖြစ်… ကြားရလေ့ရှိသော… နိဒါန်း အချီးဖြစ်သည်။ “ဓမ္မမိတ်ဆွေရှိရင်၊ ဓမ္မချစ်သူလည်း ရှိရမှာပေါ့….” အေး…. ဟုတ်သားပဲ။ ဟား… ဟား..ဟား…...

သီချင်းထဲက အဇ္ဈတများ

အသွင်ကွဲပြားပြီး၊ ဆန့်ကျင်ဘက်သဘောဆောင်တဲ့ သီချင်းဂီတအမျိုးမျိုးကို နှစ်နှစ်ခြိုက်ခြိုက်နား ထောင်ခဲ့တာ တောင် အတော်ကြာပြီ။ ကျွန်တော်က တေဘုမ္မာကနေ ဂျေမီ အထိ နားထောင်သည်။ ကြိုက်လည်း ကြိုက်သည်။ အင်း… တွေးကြည့် တော့ တစ်မျိုးကြီးပဲ လို့ တွေးမိနေသေးသည်။ တခါတရံ ကျွန်တော့်ကိုယ် ကျွန်တော် နားမလည်။ အောင်ခြင်းရှစ်ပါး သီချင်းလည်း၊ ကြိုက်သည်။ သီတဂူဆရာတော်ကြီး သာသနာပြုသီချင်းလည်း ကြိုက်သည်။...

အိန္ဒိယ မြန်မာ ဆက်ဆံရေး

အိမ်နီးချင်း နိုင်ငံတို့ဟာ အမြဲတမ်း မဟာဗျူဟာ မိတ်ဖက်နိုင်ငံများ ဖြစ်တယ်… တဲ့…။ အစိုးရသစ်သက်တမ်းမှာ ဆက်ဆံရေးသစ်တွေ ဖြစ်လာမယ်။ ပူးပေါင်းဆောင်ရွက်မှု အသစ်တွေ ဖြစ်လာမယ်။ နယ်ပယ်အသစ်၊ ကဏ္ဍအသစ်တွေလည်း တိုးချဲ့ ပူးဝင်လာလိမ့်မယ်။ နိုင်ငံရေးမှာ အသေးစိတ်မသိရခင်၊ အကြမ်းဖျင်း ယေဘုယျတွေကို နှိုက်ထုတ်နိုင်ရမယ်…။ ဒီစာတမ်းက… သမိုင်း အချက်အလက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါလိမ့်မယ်။ India - Myanmar...

မူဝါဒ ဖြစ်စဉ်

မူဝါဒ ဖြစ်စဉ်ကို အကျဉ်းသဘော ရေးသားထားတယ်။ မူဝါဒ ဖြစ်စဉ်မှာ - အစပြုတာ၊ ဖော်မြူလာထုတ်တာ၊ မူဝါဒ အကောင်အထည်ဖော်တာ၊ သုံးသပ်တာတွေ ပါဝင်တယ်။ ဒါကို ယေဘုယျသဘော နားလည်အောင် ရေးသား ထားတာတွေ့ရတယ်။ ပညာရပ်ဆိုင်ရာ အရေးအသား မဟုတ်ပဲ၊ အရပ်သားနားနဲ့ ကိုက်အောင် ရေးထားတယ်။ အကျဉ်းသဘောကို ခြုံငုံပြီး သိနိုင်လိမ့်မယ်။ နိုင်ငံတော် ယန္တရားကို မူဝါဒသမားတွေနဲ့...

စင်္ကာပူ အောင်မြင်ရခြင်း၏ အဓိက အကြောင်း (၄) ရပ်

Success of Singapore (PDF)Download ဒီဆောင်းပါးဟာ နိုင်ငံတည်ဆောက်ရေးနဲ့လည်း သက်ဆိုင်တယ်။ ဖွံ့ဖြိုးမှုဗေဒနဲ့လည်း သက်ဆိုင်တယ်။ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို တည်ဆောက်တယ်ဆိုတာကိုလည်း အကျဉ်းသဘောပြထားတယ်။ တိုတောင်းတယ်။ ကျစ်လစ်တယ်။ ထိထိမိမိရှိတယ်။ လိုရင်းကိုသာ ရေးသားတင်ပြထားတယ်။ ဖတ်ရတာ မအီဘူး။ ဒီလို ရှင်းလင်းတဲ့ အရေးအသားနဲ့ နိုင်ငံရေးစာပေတွေ ထွက်လာရင် သိပ်ကောင်းမှာပဲလို့ မှတ်ချက်ပြုမိပါတယ်။ အကြောင်းလေးပါး စင်္ကာပူနိုင်ငံနှင့်ပက်သက်သော...