မြန်မာစစ်တပ်ထဲက ပညာသည်တပ်တွေရဲ့ အကျပ်အတည်း

မြန်မာ့တပ်မတော်ထဲက “ပညာသည်တပ်” များ၏ အကျပ်အတည်းလို့ ပြောရမယ် ထင်တယ်။ ၁။ ဒီနေရာမှာ “အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဆေးဗိုလ်ကြီး အောင်ဖြိုးသိန်း အိမ်ပြန်လာချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံရ” ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြောချင်တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံက အခုလို ဖြစ်ပါတယ်။ • မုံရွာမြို့ရှိ နေအိမ်သို့ပြန်လာသော မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အမှတ် (၂)တပ်မတော်ဆေးရုံမှ ဗိုလ်ကြီးအောင်ဖြိုးသိန်းအား စက်တင်ဘာလ (၄) ရက်နေ့၊ မနက်...

ဒီ/ချုပ် သရုပ်ခွဲ

လတ်တလော ဒီ/ချုပ်  သို့မဟုတ် ဒီ/ချုပ် သရုပ်ခွဲ ဆောင်းပါးအကျဉ်းချုပ်။။ ဤဆောင်းပါးသည် ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီး ၂ နှစ်ကျော် ၃ နှစ်အတွင်း ရောက်လာချိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တည်ဆဲ ဖြစ်တည်မှုကို ယေဘုယျရှုမြင်ထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဒီဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [ NLD ] ကို ဒီ/ချုပ် လို့ အတိုကောက် သုံးစွဲပါ့မယ်။...

လူ့အဖွဲ့အစည်း၏ အရှုံး 

ဒီဆောင်းပါးဟာ စစ်အာဏာသိမ်းမှု၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်တွေက ပေးတဲ့ ဘေးဒုက္ခတွေကို လူ့အဖွဲ့အစည်းက ဘယ်လို ခါးစည်းခံရသလဲဆိုတာကို ဝေဖန်စောကြောထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တယ်။ ၁။ ဓနကို လေ့လာတဲ့ စီးပွားရေးဘာသာရပ်မှာ၊ အရှုံး - အမြတ် ဆိုတာကို ပြောတာ ရှိတယ်။ အရင်းအနှီးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာကို ပြောတာရှိတယ်။ ဒီသီအိုရီကို နိုင်ငံရေးမှာ သယ်လာပြီးတော့ အခု ကျနော်တို့ ကြုံတွေ့နေရတဲ့...

ပြည်သူ နဲ့ လူအုပ်ကြီး တူ / မတူ 

မြန်မာနိုင်ငံရေးသမားတွေဟာ – အထူအပါး နားမလည်ဘူး။ အကင်းမပါးဘူး။ အတိုင်းအရှည်ကို မသိဘူး။ အကန့်အသတ်ကို နားမလည်ဘူး။ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေး” ဆိုတဲ့ အဘိဓမ္မာကို နားမလည်ရင် နေပါ၊ အခြေခံပြည်သူ့စည်းရုံးရေးအယူအဆကိုတော့ အခြေခံအားဖြင့် ကြေလည်သင့်ပါတယ်။ ပြည်သူကို စည်းရုံးပါ — ပြည်သူကို အမိန့် မပေးနဲ့၊ မစော်ကားနဲ့။  ပြည်သူဆိုတဲ့ စကားလုံးကလည်း နိုင်ငံရေးအုပ်စုတိုင်းက...

အန်ယူဂျီ ဩဇာမညောင်းသေးတဲ့ ကာကွယ်ရေးအဖွဲ့တွေ

တော်လှန်အဖွဲ့အစည်းတွေထဲမှာ အောက်ခြေအဖွဲ့တွေဟာ — timing ကိုက်လို့ မရလောက်အောင် စည်းမညီ ဝါးမညီဖြစ်နေတဲ့ မှတ်ချက်တွေကို ခပ်များများ ကြားနေရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း အမိန့်ပေးကွပ်ကဲမှုအဝန်းအဝိုင်း (chain of command) ထဲ ဝင်ရောက်လာကြဖို့၊ မပြတ်တိုက်တွန်းနေတာလည်း တွေ့ရတယ်။ အောက်ခြေတော်လှန်သောအဖွဲ့တွေအနေနဲ့ NUG ရဲ့ နိုင်ငံရေးဦး ဆောင်မှု အခန်းကဏ္ဍကို မူအားဖြင့် လက်ခံထားပေမယ့်၊...

ဝပြည်နယ်ကိစ္စ

ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်က ဘာလဲဆိုတာကို တစ်ချက် ပြန်လေ့လာသင့်တယ် ထင်တယ်။ မြန်မာပြည်မှာ – ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်အစိုးရရယ်လို့ ပေါ်လာပေမယ့် ပြည်နယ်အစိုးရတွေမှာ ဗဟိုအစိုးရ (တနည်း) ပြည်ထောင်စုအစိုးရရဲ့ လက်တံခြေတံတွေအောက်က မလွတ်ပါဘူး။ ၂၀၁၀ - ၂၀၂၀ အတွင်းမှာ တစ်စုံတစ်ရာ လွတ်လပ်သောလုပ်ပိုင်ခွင့် ရှိခဲ့တယ်လို့ ပြောနိုင်ပေမယ့် လက်တွေ့မှာ ဗဟိုဦးစီးစနစ်ရဲ့ ဘောင်ထဲမှာသာ ရှိခဲ့ပါတယ်။...

လူပိန်းတွေကို လွန်ဆန်နိုင်သူ ရှိသလား

လူပိန်းကြိုက်ဝါဒထဲက ရဲရဲဝံ့ဝံ့ ဖောက်ထွက်နိုင်မယ့် နိုင်ငံရေးသမားစစ်စစ်များ အလိုရှိသည် ပေါ်ပြူလစ်ဇင်လို့ ပြောလို့၊ ပေါ်ပြူလစ်ဇင်ဆိုတာ ဘာလဲ။ ပေါ်ပြူလစ်ဇင်ဆိုတာ လူပိန်းကြိုက်ဝါဒပဲ။ တချို့ကတော့ နည်းနည်း ခပ်လျော့လျော့ ပြောတယ်။ ပေါ်ပြူလစ်ဇင်ဆိုတာ အများကြိုက်ဝါဒ။ ပေါ်ပြူလာဖြစ်တယ်ဆိုတာ အများကြိုက်တာကို ခေါ်တယ် မို့လား။ လူအုပ်စုတစ်စု၊ သို့မဟုတ် လူအုပ်ကြီး တစ်အုပ်၊ လူအတော်များများအကြားမှာ အလွန်အမင်း ရေပန်းစားလွန်းရင် ပေါ်ပြူလာဖြစ်တယ်လို့ သုံးနှုန်းတယ်။...

သူရဲကောင်းတွေကို ကြောက်တယ်

“ဟ… ဘယ်လိုကြီးလဲကွ၊ သူရဲကောင်းတွေကို ကြောက်သတဲ့လား၊ သူရဲကောင်းတွေဆိုတာ ကြောက်စရာ မဟုတ်ဘူးကွ၊ ဦးညွှတ်စရာ ဦးညွှတ်စရာ…” တကယ်တော့ သူရဲကောင်းတွေကို ဦးညွှတ်ချင်ပါတယ်။ ဒါပေမယ့် သူရဲကောင်းတွေ ကိုယ်၌က “ငါ မရှိရင် မဖြစ်ဘူး” လို့ ပြောလာရင်တော့ ကြောက်ပါတယ်။ သိပ်ကြောက်ပါတယ်။ ဘာလို့လဲဆိုတော့ ငါနဲ့ ငါသာ နှိုင်းစရာ ၊ တခြားသော ပုဂ္ဂိုလ်မရှိလို့ ထင်မြင်လာလို့ဖြစ်ပါတယ်။...

တရားသေသမား နှင့် မုချဝါဒီ

လူ့အဖွဲ့အစည်းထဲမှာ တည်ရှိတဲ့ အကြောင်းခြင်းရာတွေကို ပုံဖော်ရှင်းလင်းတင်ပြတဲ့အခါမှာ၊ တစ်မျိုးတည်း၊ တစ်ထောင့်တည်း၊ နည်းနာတစ်ခုတည်း၊ ချည်းကပ်မှုပုံစံ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ သဘောဟာ၊ ရှုပ်ထွေးတယ်၊ ကျယ်ပြန့်တယ်။ နက်နဲတယ်။ စုံစုံလင်လင် များများပြားပြား ရှိတယ်။ ထိုနည်း လည်းကောင်း ထွေထွေထူးထူးလည်း ရှိတယ်။ အထူးသဖြင့် လူမှုဓလေ့နဲ့ လူမှုယဉ်ကျေးမှု ထုံးတမ်းတွေရဲ့ သိမ် မွေ့တဲ့အပိုင်းတွေ ပါလာတာဖြစ်ခြင်းကြောင့်၊ မြင်ရ...

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခ

စစ်တပ်က အခု လူထုကို ဘယ်လို အကြောက်တရားသွင်းနေတယ်လို့ မြင်ပါသလဲ။  မြန်မာ့အတိတ်သမိုင်းမှာ၊ စစ်အစိုးရအဆက်ဆက် လူထုကို အကြောက်တရားသွင်းတဲ့ ပုံစံက အတူတူပဲ။ မပြောင်းဘူး။ ဒါပေမယ့် ဒီဘက်ခေတ်မှာ ထူးခြားလာတာ ရှိတယ်။ အဲဒါကတော့ အွန်လိုင်းအင်တာနက်ပဲ။ စစ်တပ်ဟာ လွန်ခဲ့သော ဆယ်နှစ်လောက်ကတည်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူ့ရဲ့ ဝါဒဖြန့်ချိရေးဆဲလ် တွေကို ဖြန့်ထားတယ်လို့ ယူဆတယ်။ အထူးသဖြင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ...