နိုင်ငံရေးမစ္ဆရိယစိတ်

★ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေဟာ လိုသည်ထက် ပိုနေပါတယ်။ ဘာလို့ လိုသည် ထက် ပိုနေရသလဲ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးပြဿနာတွေ ရှိပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာထက် ပိုတဲ့ အပိုဆာဒါးတွေလည်း တွေ့နေရပါတယ်။ ဒါတွေဟာ ဘာ့ကြောင့် ဖြစ်ရပါသလဲ။ မြန်မာ့နိုင်ငံရေးဓလေ့နဲ့ ဆိုင်မယ် ထင်ပါတယ်။ ဓလေ့ဆိုတာ တစ်ဦးချင်းစိတ်သဘာဝတွေကို ပေါင်းစုထားတဲ့ အပေါင်းအစုဖြစ်ပါတယ်။ နိုင်ငံရေး ဓလေ့ဆိုတာ နိုင်ငံရေးနယ်ပယ်က...

အကြဉ်ခံနိုင်ငံရေးသမား

★ နိုင်ငံရေးသမားတွေ သရုပ်ခွဲကြည့်လိုက်တဲ့အခါ၊ ကျနော် မြင်လိုက်ရတဲ့ အမျိုးအစားတချို့ကို ထုတ်နှုတ် တင်ပြချင်ပါတယ်။ မြန်မာ့သမိုင်းဖြတ်သန်းမှုနဲ့အတူ ဖြစ်တည်လာတဲ့ နိုင်ငံရေးသမားတွေဟာ ဘယ်လို ဘယ်ပုံမျိုး တွေ့မြင်ရသလဲဆိုတာ၊ ပုဂ္ဂလပညတ်သဘောနဲ့ ပိုင်းခြားနားလည်ကြည့်မိတယ်။ (၁) ကိုလိုနီခေတ်၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကာလမှာ တွေ့ခဲ့ရတဲ့ နိုင်ငံရေးသမား အားလုံး လိုလို ဟာ၊ မျိုးချစ်စိတ်အခံအပေါ်မှာ အခြေတည်ပြီး ဖြစ်တည်လာတဲ့ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ မျိုးချစ်...

ပြည်သူနဲ့ တန်တဲ့ အစိုးရ

ကာတွန်း ဖေသိန်းရဲ့ ကာတွန်းလေးတစ်ကွက်ကို၊ လူမှုကွန်ယက်မီဒီယာပေါ်မှာ ပြန်တွေ့ရတယ်။ အစိုးရလုပ်တဲ့ ကောင်က ပြည်သူကို ပြောတယ်။ “နင်နဲ့တန်တဲ့အစိုးရ နင်ရမှာမို့” “နင် ငါနဲ့ တန်အောင်နေစမ်းပါကွာ” တဲ့။ ပြည်သူဆိုတာ သူနဲ့ တန်တဲ့အစိုးရကို ရတယ်…ဆိုတဲ့ စကားကို အရပ်သားအုပ်ချုပ်မှု (၅)နှစ်တာကာလ တုန်းက နိုင်ငံရေးသင်တန်းတွေမှာ ကျနော် မကြာခဏ ပြောလေ့ရှိခဲ့တယ်။ ပြည်သူကို မြှင့်ပေးဖို့ ရည်ရွယ်ပြီးတော့...

နိုင်ငံရေးနှင့် အကျိုးစီးပွားမြေပုံ

နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ၊ အကျိုးစီးပွားတွေကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ တစ်ဦးချင်း အကျိုးစီးပွားတွေရှိတယ်။ အဖွဲ့အကျိုးစီးပွား ရှိတယ်။ လူမျိုးအကျိုးစီးပွားရှိတယ်။ အုပ်စုအကျိုးစီးပွားတွေ ရှိတယ်။ အကျိုးစီးပွားမြေပုံတွေရဲ့ တည်နေရာကို ကောင်းကောင်း မြင်နိုင်မှ၊ အကျိုးစီးပွားတွေကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာ သိလိမ့်မယ်။ အကျိုးစီးပွားတွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို သိမှ၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း တဲ့အခါမှာ ထိရောက်လိမ့်မယ်။ နိုင်ငံရေးရဲ့...

၈၈ – ၂၁  / ယခင် – ယခု

သမိုင်းဖြစ်ရပ်တိုင်းမှာ သူ့တန်ဖိုးနဲ့ သူ ရှိနေပါတယ်။ ဝေဖန်ဆန်းစစ်တာနဲ့ ပြစ်တင်မောင်းမဲတာဟာ မတူပါ။ ဒါကို နားလည်ဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးသမိုင်းထဲမှာ လူထုလှုပ်ရှားမှုသမိုင်းတွေ ရှိပါတယ်။ လူထုလှုပ်ရှားမှုတိုင်းဟာ အဲသည့်ခေတ်က လူ့အဖွဲ့အစည်းရဲ့ အရွေ့ကို တစ်စုံတစ်ရာ တွန်းအားပေးနိုင်ခဲ့တာချည်း ဖြစ်ပါတယ်။ အလွန် အမင်း အရွေ့တစ်ခုကို ရောက်သွားခြင်း၊ သို့တည်းမဟုတ် အတော်အတန်လောက်သာ ရွေ့ခဲ့ခြင်းနဲ့ အချက်ပေး သတိချပ်နိုင်စေဖို့လောက်က ဖြစ်ခဲ့စေခြင်း...

အမျိုးသားညီညွတ်ရေးမျိုးစေ့ ပျိုးခဲ့ပါ

        လက်မှုပညာသည်တစ်ယောက်က အလုပ်ကောင်းကောင်းလုပ်တော့မယ်ဆိုရင် ပထမဆုံး သူ့ကိရိယာ တန်ဆာပလာတွေကို ထက်ရှအောင် လုပ်ရမယ်… လို့ ကွန်ဖြူးရှပ်က ပြောခဲ့ဖူးတယ်။ နွေဦးတော်လှန်ရေးဟာ သီးသီးသန့်သန့်ကာလတစ်ခုယူပြီး လက်နက်ကိရိယာတွေကို ထက်ရှအောင် သွေးယူချိန်၊ မရခဲ့ပါဘူး။ အကြမ်းမဖက်နည်းနဲ့ အာဏာဖီဆန်ရင်း၊ အခြေအနေက လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့ခံရလို့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြရတာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်တဲ့အခါမှာ လည်း၊ ရေကန်အသင့် ကြာအတင့် ပြင်ဆင်ထားတာမျိုး မရှိ။...

ဘာ့ကြောင့် ဖက်ဒရယ်

       ဘာ့ကြောင့် ဖက်ဒရယ်စနစ်လုပ်ရမလဲ - ဆိုတဲ့ မေးခွန်းမှာ၊ ကြောင်းကျိုးပြ နားလည်ထားရမယ့်ကိစ္စတွေ ရှိပါတယ်။ အများကဖက်ဒရယ်ဆိုလို့ ကိုယ်က လိုက်ပြီး ဖက်ဒရယ်ဆိုတာမျိုးထက်၊ ဂဃနဏ နားလည်သင့်တယ်။ လူထု နားနဲ့ သဘောပေါက်နိုင်အောင် ရိုးရိုးရှင်းရှင်း တင်ပြပါ့မယ်။ တစ်ဦးချင်းလွတ်လပ်ခွင့် (Individual Liberty) လစ်ဘရယ်ဒီမိုကရေစီ အပျံ့ကျယ်လာလေလေ၊ လူသားတွေဟာ တစ်ဦးချင်းလွတ်လပ်ခွင့်အရသာကို ပိုပြီး ခံစားနိုင်လာကြလေလေဖြစ်ပါတယ်။ လွတ်လပ်ခွင့်ကို...

မြန်မာ့လူမှုကော်စေး

လူမှုအရင်းလို့ပဲ ခေါ်ခေါ်၊ လူမှုကော်စေးလို့ပဲ ခေါ်ခေါ် မြန်မာတွေရဲ့ ဓလေ့ယဉ်ကျေးမှုထဲမှာ အချင်းချင်း ရိုင်းပင်း ကူညီတတ်မှုဟာ အကျပ်အတည်းကာလအတွင်းမှာ၊ သိသိသာသာ ထိထိရောက်ရောက် အကျိုးသက်ရောက်မှု ပြုနေပါတယ်။ လူမှုအရင်းကို (Social Capital) လို့ အနက်ပြန်တယ်။ လူ့အသိုင်းအဝိုင်းထဲမှာ အချင်းချင်းအကြား အပြန်အလှန် ရိုင်းပင်းကြမှုဖြစ်ပါတယ်။ ဒါဟာ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ လူအချင်းချင်းအကြား ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက...

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၏ နောက်ကွယ်က စာပေတွန်းအားများ

သတင်းမီဒီယာ၏ အခန်းကဏ္ဍ ပထမဆုံးပြောချင်တာကတော့၊ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ စစ်အစိုးရအဆက်ဆက် စာပေ ကင်ပေတိုင်ရဲ့ ဆင်ဆာပေါ်လစီကြောင့် အထွေထွေသင်းသတ်ခံရတဲ့ စာနယ်ဇင်းနယ်ပယ်ဖြစ်ခဲ့ပါတယ်။ သို့သော် လည်း သတင်းစာဆရာတွေနဲ့ အယ်ဒီတာတွေဟာ ဆင်ဆာဖြတ်တောက်မှု ပြင်းထန်ခဲ့တဲ့အခြေအနေတွေကြားထဲ ကပဲ မြန်မာလူထုကို အသိအမြင်နဲ့ အတွေးအခေါ် ပျံ့ပွားအောင် ကျေးဇူးပြုခဲ့ကြပါတယ်။ စာနယ်ဇင်းနယ်က အရေးအသားတွေကြောင့် ထောင်ကျတန်းကျနဲ့ စစ်အစိုးရရဲ့ ဖိနှိပ်ထောင်ချမှုကိုလည်း၊ ခံခဲ့ကြရပါတယ်။ ကမ္ဘာကြီး...

ဗဟိုဦးစီးစနစ်မှသည် ဖက်ဒရယ်စနစ်ဆီသို့

ဗဟိုဦးစီးစနစ်မှသည် ဗဟိုဦးစီးစနစ်တွင် ဗဟိုအစိုးရ၏ အခန်းကဏ္ဍကြီးမားသကဲ့သို့ တင်းကျပ်၍ ရှည်လျားသောချုပ်ကိုင်ရေး လက်တံများလည်း ရှိသည်။ဗဟိုဦးစီးစနစ်ကို၊ အာဏာရှင်နိုင်ငံများနှင့် စပ်ကြားအစိုးရစနစ်များတွင် တွေ့ရလေ့ရှိသည်။အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဟူသော အာဏာခွဲဝေထားခြင်း မရှိတတ်ချေ။ဗဟို၌အာဏာခွဲဝေကျင့်သုံးမှုရှင်နေလျှင်လည်း၊ များသောအားဖြင့် လူတစ်စု၊ အဖွဲ့တစ်ဖွဲ့၊ လူမျိုးတစ်မျိုး၊ ပါတီတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်ထားလေ့ရှိတတ်သည်။ပြည်နယ်အစိုးရအဖွဲ့ရယ်လို့ မရှိ။ အကယ်၍ ပြည်နယ်အစိုးရအဖြစ် နာမည်တပ်ဖွဲ့စည်းထားလျှင်လည်း၊ လွတ်လပ်သောလုပ်ပိုင်ခွင့် မရှိ။ အခန်းကဏ္ဍတိုင်းကို ဗဟိုအစိုးရတစ်ရပ်တည်းကသာလျှင်၊ ဦးစီးချုပ်ကိုင်ထားသည်။ပြည်နယ်အစိုးရများသည်၊...