အနည်ထိုင်ချိန်မှာ မင်းရောက်လာ

အနည်ထိုင်ချိန်မှာ မင်းရောက်လာ…တေးရေး - စိုင်းခမ်းလိတ်တေးဆို - စိုင်းထီးဆိုင် တကယ်တော့ သီချင်းတွေကို အနက် မဖွင့်ချင်ပါ။ ဖွင့်စရာလည်း လိုမယ် မထင်ပါ။ ကိုယ့်ခံစားချက်နဲ့ ကိုယ်။ ကိုယ့် နှလုံးသားနဲ့ ကိုယ်။ ကိုယ့်ဓာတ်ခံနဲ့ ကိုယ်။ ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့။ အခုလည်း စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ဆိုထားတဲ့ သီချင်း တစ်ပုဒ်။ သီချင်းကို နားထောင်ပြီး...

▣ နိုင်ငံရေးဟာ အသည်းကွဲရသလား

• ချစ်တတ်တဲ့သူတွေဟာ အသည်းပိုကွဲရပါတယ်။• အထူးသဖြင့် နှလုံးသားနဲ့ ရင်းရတဲ့ကိစ္စတွေက အသည်းကွဲနိုင်ချေ အလားအလာ အများဆုံးဖြစ်ပါတယ်။• နိုင်ငံရေးမှာလည်း အသည်းကွဲတတ်သတဲ့။ မြန်မာပြည်မှာ နိုင်ငံရေးအသည်းကွဲတဲ့သူတွေ ခပ်များများ ရှိမယ်လို့ ပြောရင် မှန်နိုင်မလား။ သို့တည်းမဟုတ် မြန်မာပြည်မှာ နိုင်ငံရေးအသည်းကွဲတဲ့သူ ခပ်နည်းနည်းပဲ ရှိတယ်လို့ ပြောရင် မှန်နိုင်မလား။ ချင့်ချိန်တွက်ချက်ရရင်တော့ - မြန်မာ့နိုင်ငံရေးခရီးကြမ်း ဖြတ်သန်းမှုမှာ ပါဝင်ခဲ့တဲ့ လူအတော်များများ...

သပ္ပာယ်ခြင်း ဓမ္မတရား

မိုက်မဲသော ကျက်သရေဟူသည် မရှိပါ။ ကြည်နူးဖွယ် ကျက်သရေဟုသာ ရှိပါသည်။ ကျက်သရေသည် မိုက်ခြင်းနှင့် မတွဲ။ ကြည်နူးဖွယ်၊ သာယာဖွယ်၊ နူးညံ့ဖွယ်၊ မင်္ဂလာရှိဖွယ်…. စသော အနက်သဘောနှင့်သာ ယှဉ် တွဲပါသည်။ ညနေခင်းသည် သာယာပါသည်။ လေပြေသည် တိုး၍ တိုက်ခတ်နေသည်။ လူများ ပျားပန်းခတ်အောင် သွား လာနေသော်လည်း မကျပ်တည်း။ မရှုပ်ထွေး။ မဆူညံ။ အားလုံးသည်...