အလွန် အင်မတန် လိုအပ်နေပါတယ်

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံရေးဗေဒ လေ့လာဆည်းပူးနေသူ လူငယ်များအတွက် လက်တွေ့ ကာယကံမြောက်စွာ ဖြစ်ဖြစ်မြောက်မြောက် ဖေးမကူညီနိုင်မယ့် ဒေါင်းဒေါင်းပြေး သိနားလည်ထားသော ဆရာ့ ဆရာကြီးများ အလွန် အင်မတန် လိုအပ်နေပါတယ်။  ကျနော့်ဆီကို မကြာခဏဆိုသလို အနယ်နယ်အရပ်ရပ် ဒေသအသီးသီး အလွှာအသီးသီးက လူငယ်အတော်များ များက နိုင်ငံရေးနဲ့ပတ်သက်ပြီး လေ့လာရမယ့် အကြောင်းအရာတွေ၊ ဖတ်ရမယ့် စာအုပ်တွေ၊ သူတို့ သိနားလည် ချင်တဲ့...

ဥပါဒါန်ကြောင့် ဥပဒ်ရောက်နေတဲ့ တိုင်းပြည်

မနူးမနပ်ဝါဒတွေအပေါ် ဥပါဒါန်အစွဲအလမ်း အားကြီးရင်း အုပ်စုဓလေ့ အပြိုင်ထွန်းကားလာကာ ဘေးဥပဒ်တွေ့ နေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မူရင်းဇာစ်မြစ်များ။  တော်လှန်ရေးတွင်းက ဟုတ်ယောင်ထင်မှုတွေ။တကယ်တော့ အားလုံးက ဟုတ်ယောင်ထင်မှုတွေကြား နှစ်ဝင်နေတာပဲ။ အားလုံးက အပြိုင် narrative တွေ ဖန်တီးနေတာပဲ။ ကိုယ့် narrative ကို ယုံသူများများ ရှိလာလေလေ၊ ကိုယ်နိုင်ဖို့ သေချာလေလေလို့ ထင်နေကြတယ် ဒါ့ကြောင့် စတိုရီတွေ အမြောက်အမြား ပေါ်လာတယ်၊ စတိုရီတွေက ဘောက်သောက်ပဲ။ ကိုယ်ဖန်တီးတဲ့...

မြန်မာစစ်တပ်တော့ လုံးဝ မနိုင်,နိုင်တော့ဘူး

၁။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကာလကို တဖြည်းဖြည်းချည်းကပ်လာလေလေ၊ မြန်မာစစ်တပ်ဟာ လုံးဝ မနိုင်နိုင်တော့ဘူး ဆိုတာ ပိုသေချာလာလေလေ ဖြစ်လာတယ်။ အထူးသဖြင့် အောက်ခြေ စစ်သားတွေ အတော်များများကို ကြည့်ရင်၊ ရှေ့တန်းမှာ စစ်ပန်းလာကြပြီဆိုတာကို ထင်ထင်ရှားရှား တွေ့ရတယ်။ ဒါဟာ ထင်မြင်ချက် မဟုတ်ဘူး။ တွေ့ရှိချက်ကို ပြောနေတာပါ။ စစ်ပန်းတယ်ဆိုတာမှာ — ခန္ဓာကိုယ်အရလည်း ပင်ပန်းလာတယ်။ စိတ်ဓာတ်အရလည်း...

ရေမကြည်ရင် ကြည်အောင် ၊ မြက်မနုရင် နုအောင် 

ဘဝမှာ ရှင်သန်ဖို့အတွက် စကားပုံသုံးခုနဲ့ အကြုံးဝင်အောင် ဖော်ပြလို့ ရတယ်။  (၁) ရေကြည်ရာ မြက်နုရာ ရှာ (၂) တစ်ရွာမပြောင်း သူကောင်း မဖြစ် (၃) သေချင်တဲ့ ကျား တောပြောင်း  ဒဿန (၁)  ရေမကြည်ရင် ကြည်အောင်  မြက်မနုရင် နုအောင်  လူတွေဟာ ကမ္ဘာဦးအစကတည်းက — တိရိစ္ဆာန်တွေလို ရေကြည်ရာ မြက်နုရာ လှည့်လည်ရှာဖွေစားသောက် ပြီး...

သာသနာ့အာဏာရှင်တွေနဲ့ မဆိုင်

လူထုရဲ့ ဒုက္ခအဖိအစီးမှာ နှုတ်ဆိတ်နေခဲ့တဲ့ ဘုန်းကြီးတွေနဲ့ မဆိုင် အာဏာရှင်စစ်မင်းကို သစ္စာခံတဲ့ သာသနာ့အာဏာရှင်တွေနဲ့ မသက်ဆိုင် ဗုဒ္ဓသာသနာကို “ငါ ဘုန်းကြီး သာသနာ” လုပ်ချင်သူတွေနဲ့ မဆိုင် သာသနာကို ဘယ်သူပိုင်သလဲနိုင်ငံတော်ကို ဘယ်သူပိုင်သလဲပြည်သူကို ဘယ်သူပိုင်သလဲ  သမိုင်းဆရာ ဒေါက်တာသန်းထွန်းဟာ — “သာသနာကို ဘယ်သူမှ မပိုင်ဘူးကွ” လို့ ပြတ်ပြတ်သားသား ပြောခဲ့ဖူး တယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကို ရုပ်ပိုင်းနည်းနဲ့...

ပြည်သူ နဲ့ လူအုပ်ကြီး တူ / မတူ 

မြန်မာနိုင်ငံရေးသမားတွေဟာ – အထူအပါး နားမလည်ဘူး။ အကင်းမပါးဘူး။ အတိုင်းအရှည်ကို မသိဘူး။ အကန့်အသတ်ကို နားမလည်ဘူး။ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေး” ဆိုတဲ့ အဘိဓမ္မာကို နားမလည်ရင် နေပါ၊ အခြေခံပြည်သူ့စည်းရုံးရေးအယူအဆကိုတော့ အခြေခံအားဖြင့် ကြေလည်သင့်ပါတယ်။ ပြည်သူကို စည်းရုံးပါ — ပြည်သူကို အမိန့် မပေးနဲ့၊ မစော်ကားနဲ့။  ပြည်သူဆိုတဲ့ စကားလုံးကလည်း နိုင်ငံရေးအုပ်စုတိုင်းက...

အန်ယူဂျီ ဩဇာမညောင်းသေးတဲ့ ကာကွယ်ရေးအဖွဲ့တွေ

တော်လှန်အဖွဲ့အစည်းတွေထဲမှာ အောက်ခြေအဖွဲ့တွေဟာ — timing ကိုက်လို့ မရလောက်အောင် စည်းမညီ ဝါးမညီဖြစ်နေတဲ့ မှတ်ချက်တွေကို ခပ်များများ ကြားနေရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း အမိန့်ပေးကွပ်ကဲမှုအဝန်းအဝိုင်း (chain of command) ထဲ ဝင်ရောက်လာကြဖို့၊ မပြတ်တိုက်တွန်းနေတာလည်း တွေ့ရတယ်။ အောက်ခြေတော်လှန်သောအဖွဲ့တွေအနေနဲ့ NUG ရဲ့ နိုင်ငံရေးဦး ဆောင်မှု အခန်းကဏ္ဍကို မူအားဖြင့် လက်ခံထားပေမယ့်၊...

ရှေ့နောက် ညီကြရအောင်

အကျပ်အတည်းကြားမှာ တတ်နိုင်သရွေ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားကြရမယ်လို့ ထင်ပါတယ်။ လူတွေ ကြည့်ရတာ စိတ်တွေ ကစဉ်ကလျားဖြစ်နေတာ သိပ် သိသာလွန်းနေတယ်။ လူတွေဟာ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ကိုယ်ပြောတဲ့အရာတွေ မညီမညွတ်ဖြစ်နေရုံတင်မကဘူး၊ သိပ်မကြာခင်က ပြုမူပြောဆိုလိုက်တဲ့ အရာနဲ့ အခုပြောနေ လုပ်နေတဲ့အရာဟာ ဖီလာဆန့်ကျင်ဘက်လို ဖြစ်နေတာတွေ့ရတယ်။ ရှေ့နောက် မညီဘူး။ လူဟာ အမြဲတမ်းလိုလိုတော့ ရှေ့နောက် ဘယ်ညီနိုင်မပါ့မလဲ။ သို့သော်လည်း...

ဇဝေဇဝါတိုင်းပြည် 

သောက်မှန်းကန်းမှန်းမသိဘူး…. အမှတ်သည်းခြေမရှိဘူး… ဆိုတာ တို့နိုင်ငံမှ အစစ်။ တကယ့် အစစ်။ လွမ်းစရာ ရှိရင် နာစရာနဲ့ ဖြေ…တဲ့။ ငါတို့ ငယ်ငယ်တုန်းက အမေတို့ အဖေတို့ ပြောဖူးတာ ခဏ ခဏ ကြားဖူးတယ်။ တို့ လူမျိုးက မာနကြီးတယ်ဆိုပေမယ့် အသိဉာဏ်လည်း သိပ်ပြီး တိမ်တယ်။ ဒီတော့ ဟိုလှည့်ဒီလှည့်နဲ့ ရောချလိုက် ရင် မျောသွားရော။...

တိုင်းရေးပြည်သစ် 

တိုင်းရေးပြည်သစ်ဖြစ်ဖို့အတွက် ဘယ်လို အရာတွေကို အခြေခံထား စဉ်းစားရမလဲ။  ဒီနေရာမှာ နှစ်မျိုးခွဲပြီး စဉ်းစားသင့်တယ် ထင်တယ်။ နံပါတ် တစ် — ခွဲထွက်ပြီး နိုင်ငံတော်သစ် တည်မှာလား။ သို့တည်းမဟုတ် နိုင်ငံဟောင်းကို သစ်မှာလား။ ဒါက အရေးကြီးလိမ့်မယ် ထင်တယ်။ ခွဲထွက်ပြီး အသစ်တည်မယ်ဆိုရင်တော့ အစကနေ စဉ်းစားရမယ်။ နိုင်ငံဟောင်းကို သစ်မယ်ဆိုရင်တော့ — engineering နည်းနဲ့...