ခင်ဗျားမှာ အကြည်ဓာတ် ရှိရဲ့လား

လူတစ်ယောက်အဖို့ အထူးတလည် စဉ်းစားစရာ တချို့ ရှိနေတယ်။ ငါဟာ ငါ့ဘဝကို ဘယ်လို ဓာတ်တွေနဲ့ ထုံမွှမ်းထားသလဲ…. ဆိုတာ ခဏ ခဏ မေးနေဖို့ လိုတာပဲ။ ခဏ ခဏ စဉ်းစားခန်း ဖွင့်နေဖို့ လိုတာပဲ။ ကိုယ့်ပတ် ဝန်းကျင်မှာ ရှိတဲ့ ဓာတ်တွေက ဘာတွေလဲ။ ကိုယ့်အနီးနားလေးမှာ ရှိနေတဲ့  ဓာတ်တွေက ဘာတွေလဲ၊ ကိုယ့်...

စာရေးဆရာဘဝကို ဆန်းစစ်ခြင်း

ကိုယ့်အကြောင်းကို ကိုယ်ကြည့်တဲ့အခါ၊ တွေ့မိတာတွေ ရှိပါတယ်။ “ငါဟာ စာရေးခြင်းနဲ့ပဲ အသက်မွေးချင်တဲ့ သူ” ဆိုတာ တဖြည်းဖြည်း ပိုသေချာလာပါတယ်။ ရေးသားခြင်းအလုပ်ကို ခုံမင်တယ်၊ နှစ်ခြိုက်တယ်၊ ပျော်မွှေ့ တယ်။ လေ့လာအားထုတ်ရခြင်းကို သဘောကျတယ်၊ ကျေနပ်တယ်။ သိနားလည်အောင် လုပ်ရတာကိုက ကံကောင်းခြင်း ဆုလာဘ်တစ်ခုပဲလို့ မှတ်ထင်ပါတယ်။ လိုရင်းအလုပ်ကို တွေ့ရှိလာလေလေ၊ အပိုဆာဒါးတွေ အပေါ်မှာ ခုံမင်တပ်မက်မှု လျော့နည်းလာလေလေ...

တပ်အသိုင်းအဝိုင်းက ငြိုငြင်လာတဲ့ စစ်ခေါင်းဆောင်

ဂျပန်နိုင်ငံသား နိုင်ငံရေးသိပ္ပံပါမောက္ခ လုပ်နေတဲ့ ယိုရှီဟီရို နာဂါနီရှီ (မြန်မာအမည် - ကိုရဲရင့်) ရေးတဲ့ Strong Soldiers, Failed Revolution စာအုပ်ကို ပြန်ဖတ်မိတယ်။ ဒီစာအုပ်ဟာ၊ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ၁၉၆၂ ခုနှစ်ကနေန ၁၉၈၈ ခုနှစ်အထိ မြန်မာစစ်အစိုးရအုပ်ချုပ်မှုနဲ့ မြန်မာစစ်တပ်အကြောင်းကို လေ့လာဆန်းစစ် ထားတဲ့ စာအုပ်ပါ။ ဗိုလ်ချုပ်ကြီးနေဝင်း နိဂုံးချုပ်အပြီး၊  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ...

ယွက်စစ်နဲ့ ဖက်ဆစ်အကြား ဆွေးနွေးချက်အနက်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ စစ်ကောင်စီတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့ ရက်စွဲနဲ့ RCSS က ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ RCSS နဲ့ စစ်ကောင်စီအကြား တွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ (၂၀ - ၂၂) ရက်နေ့တွေမှာလည်း တွေ့ဆုံ ဆွေးနွေးမှုရှိခဲ့ပါသေးတယ်။...

ဥပေက္ခာစိတ်နှင့်ယှဉ်သော ဝီရိယာဓိပတိ

ဆယ်ကျော်သက်အရွယ်၊ လူငယ်အရွယ်၊ အခု လူလတ်ပိုင်း ရောက်လာတော့မယ်။ ဒီအရွယ်တစ်လျှောက်လုံးမှာ၊ စိတ်ခွန်အားအတွက် ဗီတာမင်ဖြည့်သလို အမြဲ ဖြည့်ဖြစ်နေတဲ့အရာတွေက — စာအုပ်နဲ့ သီချင်းတွေထဲက လာတယ်။ စာအုပ်ဆိုရင်တော့ — ဆရာတော် ဦးဇောတိက စာအုပ်တွေက အများဆုံး။ သီချင်းဆိုရင်တော့ — တစ်ခုတည်း ပြောလို့ မရ။ ခပ်များများ လို့ ပြောရမယ်။  အကြိမ်တစ်ရာမက နားထောင်ဖြစ်ခဲ့တဲ့...

စစ်တပ်အသက်ရှင်ရေးမဟာဗျူဟာ ထောင်ချောက် 

ယခုဆောင်းပါးကို၊ မြန်မာ့အရေးလေ့လာသူ အီဂေါဗလာဇီဗစ်ရဲ့ သဘောထားအမြင်ကို အခြေခံပြီး ရေးသား တင်ပြတာဖြစ်ကြောင်း ဦးစွာပထမ ဝန်ခံပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့က အီဂေါဗလာဇီဗစ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ – စစ်ကောင်စီရဲ့ အသက်ရှင်ရေးမဟာဗျူဟာ ထောင်ချောက်ကနေ ဘယ်လို ရှောင်ရှားမလဲဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးသားထားတာ ဖတ်ရပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီး မြန်မာ့ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး...

အမျိုးသားနိုင်ငံတော်များ ပေါ်ထွန်းလာအံ့ 

မြန်မာစစ်တပ်အနေနဲ့ “မရဲဘဲ ကျွဲပြဲစီး” ပြီးခဲ့ပါပြီ။ “မျက်ကန်း တစ္ဆေမကြောက်” “ဆန်ကန်း တောတိုး” ဇွတ်တိုး မိုက်တွင်းနက်ခဲ့ပြီးပါပြီ။ ဆက်လက်ပြီး မိုက်တွင်းနက်ဖို့လည်း ဝန်လေး တွန့်ဆုတ်သူ မဟုတ်ဘူးဆိုတာ သိသာ ထင်ရှားနေပါတယ်။ ဒီတော့ လူမိုက်နဲ့ အပြိုင် မိုက်ကြရာမှာ – စည်းမရှိ ကမ်းမရှိ ၊ မူမရှိ ဘောင် မရှိ ၊ အကွပ်မရှိ...

ငြူစူစောင်းမြောင်းခြင်းအလေ့ရှိကုန်သော

လူတစ်ယောက်ချင်းစီမှာ အလင်း ကိုယ်စီ ရှိတယ်။ တချို့က ကြည်တယ်၊ တချို့က ရှင်းတယ်၊ တချို့က ခပ်မှိန် မှိန်ပဲ၊ တချို့က အရောင်ကို မရှိဘူး၊ ညစ်နွမ်းနွမ်းနဲ့။ လူတစ်ယောက်မှာ ကိုယ်ရောင်ကိုယ်ဝါဆိုတာ ရှိသတဲ့။ လုတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါဆိုတာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် မူတည်ပြီး အလင်း အမှောင်ရှိတာ ပဲ။ ဒါဆိုရင် ကိုယ်ရည်ကိုယ်သွေးကိုရော ဘယ်လို အရာက...

စာအုပ်တွေ ထုတ်ဝေနေရခြင်း အကြောင်း 

ကျနော်ဟာ ဘယ်ကိစ္စ ဘယ်အရာကို လုပ်လုပ်၊ ပြောပြော အကြောင်းအကျိုးကို အမြဲတမ်းလိုလို စဉ်းစားလေ့ရှိ တယ်။ အမြဲတမ်း စဉ်းစားတယ်လို့ ရေးရင် ယုတ္တိမတန်မှာ စိုးလို့၊ “...လေ့ရှိတယ်” ဆိုတဲ့ အသုံးကိုပဲ သုံးပါတယ်။ မိတ်ဆွေ တချို့က ပြောတယ်၊ ခင်ဗျား ဘာ့ကြောင့် စာအုပ်တွေ စွတ်ထုတ်ဖို့ ကြိုးစားနေရသလဲ။ စာအုပ်တွေ ထုတ်တာ ကြီးပွားချမ်းသာနိုင်လို့လား။  စာအုပ်တွေ...

ရီယယ်လစ်ဇင် / သရုပ်မှန်ဝါဒ ဆိုတာ ဘာလဲ 

နိုင်ငံတကာဆက်ဆံရေးဘာသာရပ်မှာ – အခြေခံသီအိုရီ (၃) ခု ရှိပါတယ်။  (၁) ရီယယ်လစ်ဇင် (၂) လစ်ဘရယ်လစ်ဇင်နဲ့ (၃) အိုင်ဒီယယ်လစ်ဇင် တို့ ဖြစ်ပါတယ်။  အခြေခံအားဖြင့် ဒီသီအိုရီ (၃) ခုကို တည်ပြီး ကြည့်လေ့ရှိတယ်။ အဲသည့်ထဲမှာ — လက်တွေ့ သဘာဝကျတဲ့ ပယ်ရှားဖို့ ခဲယဉ်းလှတဲ့ ရီယယ်လစ်ဇင်အကြောင်း အနည်းငယ် ပြောချင်တယ်။ မျက်မှောက်ခေတ်ရဲ့ အထင်ရှား ဆုံး...