ကိုယ်ချစ်တဲ့အလုပ်

ငါတို့ဟာ ကိုယ်ချစ်တဲ့အလုပ်ကို ကိုယ်လုပ်ရမယ်။ ဒါပေမယ့် ငါတို့မျိုးဆက်ဟာ ကိုယ့်အချစ်ကို ကိုယ် ရှာဖွေခွင့်နည်းတယ်။ ကိုယ်ချစ်တာကို ကိုယ်လုပ်ခွင့် များများစားစားမရဘူး။ မရဘူး ဆိုပြီး ဒီအတိုင်း ငုတ်တုပ်ထိုင်ပြီး ပျင်းရိစိတ်ပျက်နေလို့လည်း မရဘူး။ တချို့တွေဟာ ကိုယ်ချစ်တဲ့အရာက ဘာလဲ… ဆိုတာကိုလည်း အမြဲတမ်း ရှာနေရမှာဖြစ်သလို၊ ကိုယ်ချစ်တာကို လုပ်ခွင့်ရနေဖို့ကိုလည်း အမြဲတမ်း ကြိုးစားနေရမယ်။ တချို့က ကိုယ် လုပ်ချင်တဲ့အလုပ်က...

ကွန်ဖြူးရှပ်ကထာ

ကွန်ဖြူးရှပ်က ပြောဖူးတယ်။ “လက်မှုပညာသည် တစ်ယောက်က၊ အလုပ်ကောင်းကောင်း လုပ်တော့မယ်ဆိုရင် ပထမဆုံး သူ့ကိရိယာ တန်ဆာပလာတွေကို ထက်ရှအောင် သူ လုပ်ရမယ်…..” လို့ ပြောတယ်။ ဒီအဆိုအမိန့်ကို ကျနော် ကြားဖူးခဲ့တာ ကြာပြီ။ အခု အချိန်အထိ နားထဲမှာ စွဲနေတယ်။ အထူးသဖြင့်၊ အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင်၊ ငါ သုံးမယ့် ငါ့ လက်နက် ကိရိယာတွေ...

လက်နဲ့တွေးပါ

• တွေးရင် လက်နဲ့တွေးပါ။ • စိတ်ကူးယဉ်ရင် လက်နဲ့စိတ်ကူးယဉ်ပါ။ ဒီလို ပြောလိုက်လို့ ဖတ်ရသူမှာ ကြောင်တောင်တောင် ဖြစ်သွားနိုင်ပါတယ်။ မဖြစ်ပါနဲ့။ မဖြစ်ပါနဲ့။ လက်နဲ့ တွေး လို့ရသလား၊ လက်နဲ့ စိတ်ကူးယဉ်လို့ ရသလား လို့ မေးချင်နေပြီမလား။ တချို့ပါးရည်နပ်ရည်ရှိသူကတော့ ချက် ချင်းသိပါလိမ့်မယ်။ လက်နဲ့တွေးပါ။ လက်နဲ့စိတ်ကူးယဉ်ပါ။ ကိုယ့်အတွေးကို အတွေးအဖြစ်နဲ့သာ မထားလိုက်ပါနဲ့။ အတွေးကို...

ပရော်ဖက်ရှင်နယ်သမားအတွက် ပေတံလေးချောင်း

ပရော်ဖက်ရှင်နယ်ဆိုတာ ဟိုစပ်စပ်၊ ဒီစပ်စပ်သမား မဟုတ်ဘူး။ ေယာင်ဝါးလည်း မဟုတ်ဘူး။ အပေါ်ယံရှပ်ပြေး သိထားသူလည်း မဟုတ်ဘူး။ နက်နက်နဲနဲ လေ့လာထားတဲ့သူ။ ထုသားပေသားကျအောင် လေ့ကျင့်ထားတဲ့သူ။ သီအိုရီနဲ့ လက်တွေ့ကို ပေါင်းစပ်နိုင်သူ။ ပရော်ဖက်ရှင်နယ်ဆိုတဲ့စကားလုံးကို တော်တာ်များများ ကြားဖူးလိမ့်မယ်။ ပြောလည်းပြောဖူးလိမ့်မယ်။ သို့ပေမယ့် အနက်သဘောကိုမေးရင်၊ သေချာရှင်းရှင်းလင်းလင်း နားလည်ထားသူ နည်းလိမ့်မယ် ထင်တယ်။ ပရော်ဖက်ရှင်နယ်လို့ ပြောပေမယ့် အနက်သဘောကို တိတိကျကျနားမလည်ထားရင်...

က သုံးလုံးနှင့် ချိနဲ့ လူ့အဖွဲ့အစည်း

ဖွံ့ဖြိုးမှုဗေဒမှာ Action and Reflection လို့ ပြောတယ်။ ဖွံ့ဖြိုးချင်ရင်၊ တိုးတက်ချင်ရင် ရိုးရှင်းတဲ့နည်းလမ်း ရှိ ပါတယ်။ Action and Reflection ပဲဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ၊ လုပ်ပါ။ ပြန်သုံးသပ်ပါ။ ပြန်သုံးသပ်ပြီး ထပ်လုပ်ပါ။ ‘က’ သုံံးဆိုတာကို နိုင်ငံရေးစာပေတွေ ဖတ်ရင်း သိလာတယ်။ ကွန်မြူနစ်စာပေတွေထဲက ပါတာဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး...

ကိုယ်က,စ

Academic Weekly Journal တွင် ၊ ဖော်ပြပါရှိပြီး ဆောင်းပါး တစ်ပုဒ် ဖြစ်ပါသည်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက စာတွေနဲ့ စပြီး ရင်းနှီးခဲ့တယ်။ ဆရာတော် ရေးခဲ့ဖူးတဲ့ စာတွေက ကျနော့်ကို လွှမ်းမိုးတယ်။ တော်တော်တော်များများသော မိန့်ဆိုချက်တွေဟာ နှုတ်ထဲကနေ အလွတ်ရွတ်နိုင်လောက်တဲ့အထိ စွဲလန်းခဲ့တယ်။ ဆရာတော်က အခုလို ရေးတယ်။...

တို့လူငယ်

• ဝမ်းစာဖြည့်ဖို့ • ကိုယ်ခံအားကောင်းဖို့ • ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ ကျနော် လူငယ်တွေတော်တော်များများနဲ့ တွေ့ဖြစ်၊ ဆုံဖြစ်တယ်။ လူငယ်တွေက သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ တွေကို ပြောပြတယ်။ သူတို့ရဲ့ချင်ခြင်းတွေကို ဖွင့်ဟတယ်။ သူတို့ဝါသနာနဲ့ လွန်ဆွဲနေတဲ့အရာတွေကို ပြောပြ တယ်။ သူတို့ သွားချင်တဲ့ပန်းတိုင်၊ သူတို့လျှောက်ချင်တဲ့လမ်းကို ပြောကြတယ်။ လူငယ်တွေမှာ ကြီးပွားလိုစိတ်၊ အောင်မြင်လိုစိတ်၊...